အမြန်လမ်းတွင် ဒို့ညီနောင်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးသေဆုံးခဲ့ပြီး (၂၅)ဦးထိခိုက်ဒဏ်ရာရ

 1412

NP News - မတ် ၄

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ဒို့ညီနောင်ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၃)ဦးသေဆုံးခဲ့ပြီး (၂၅)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(မတ်လ ၄ ရက်)၊ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် အမြန်လမ်းပေါ်ရှိ ၁၆၇ မိုင်၌ ဒို့ညီနောင်ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းရှိ Guard Rail တန်းများကို တိုက်မိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ပြောသည်။

ထိုသို့ ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၂ဝ)ဦးနှင့် အမျိုးသမီး(၁၁)ဦး စုစုပေါင်း (၃၁)ဦးအနက် အမျိုးသား(၃)ဦးမှာ သေဆုံးခဲ့သွားကြောင်း မီးသတ်တပ်ဖွဲ့က အသိပေးပြောဆိုထားသည်။

ထို့ပြင် ၎င်းဖြစ်စဉ်အတွင်း အမျိုးသား(၁၅)ဦးနှင့် အမျိုးသမီး(၁ဝ)ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ လူမှုကူညီရေးကားများဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ယခု ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်တိုက်မှုဖြစ်စဉ် (၁၃)ကြိမ်ဖြစ်ပွားထားပြီး လူ(၈) ဦးသေဆုံးခဲ့ကာ (၁၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

zawgyi verison
အျမန္လမ္းတြင္ ဒို႔ညီေနာင္ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ လူ(၃)ဦးေသဆုံးခဲ့ၿပီး (၂၅)ဦးထိခိုက္ဒဏ္ရာရ

NP News - မတ္ ၄

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ ဒို႔ညီေနာင္ခရီးသည္တင္ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားခဲ့ရာ (၃)ဦးေသဆုံးခဲ့ၿပီး (၂၅)ဦး ထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(မတ္လ ၄ ရက္)၊ နံနက္ ၅ နာရီခြဲအခ်ိန္ခန႔္တြင္ အျမန္လမ္းေပၚရွိ ၁၆၇ မိုင္၌ ဒို႔ညီေနာင္ခရီးသည္တင္ယာဥ္သည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းလယ္ကြၽန္းရွိ Guard Rail တန္းမ်ားကို တိုက္မိကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕က ေျပာသည္။

ထိုသို႔ ခရီးသည္တင္ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား(၂ဝ)ဦးႏွင့္ အမ်ိဳးသမီး(၁၁)ဦး စုစုေပါင္း (၃၁)ဦးအနက္ အမ်ိဳးသား(၃)ဦးမွာ ေသဆုံးခဲ့သြားေၾကာင္း မီးသတ္တပ္ဖြဲ႕က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ၎ျဖစ္စဥ္အတြင္း အမ်ိဳးသား(၁၅)ဦးႏွင့္ အမ်ိဳးသမီး(၁ဝ)ဦးတို႔မွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ရာ လူမႈကူညီေရးကားမ်ားျဖင့္ ဆြာတိုက္နယ္ေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယခု ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလအတြင္း ရန္ကုန္-မႏၲေလးအျမန္လမ္း၌ ယာဥ္တိုက္မႈျဖစ္စဥ္ (၁၃)ႀကိမ္ျဖစ္ပြားထားၿပီး လူ(၈) ဦးေသဆုံးခဲ့ကာ (၁၃)ဦးမွာလည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.