ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် ခရိုင်အလိုက် မဏ္ဍပ်များ တည်ဆောက်မည်

 813

မျိုးကြီး (NP News) - မတ် ၅

ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ မဟာသင်္ကြန်ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်နှင့် ခရိုင်အလိုက် မဏ္ဍပ်များကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မတ်လ ၄ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ၌ မြို့တော်ဝန်ဦးဗိုလ်ဌေးဦးဆောင်ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ယခုနှစ် ဧပြီလ၌ကျင်းပမည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများအနေဖြင့် လုံခြုံစွာရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော်စည်ပင်အနေဖြင့် စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီး မဟာသင်္ကြန်ရေသဘင်ပွဲတော်ဗဟိုမဏ္ဍပ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ပြောသည်။

အလားတူ မြို့တော်ခန်းမတွင်လည်း ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ကို တည်ဆောက်သွားမည့်အ ပြင် ခရိုင်အလိုက်ရေကစားမဏ္ဍပ်များ၊ ယိမ်းအကဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှုအကအလှဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော်စည်ပင်က ကြေညာထားသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ဗဟိုမ႑ပ္ႏွင့္ ခ႐ိုင္အလိုက္ မ႑ပ္မ်ား တည္ေဆာက္မည္

မ်ိဳးႀကီး (NP News) - မတ္ ၅

ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ဗဟိုမ႑ပ္ႏွင့္ ခ႐ိုင္အလိုက္ မ႑ပ္မ်ားကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ဆိုသည္။

ျမန္မာ့႐ိုးရာယဥ္ေက်းမႈမဟာသၾကၤန္ပြဲေတာ္ကို ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ မတ္လ ၄ ရက္တြင္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ၌ ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးဦးေဆာင္ကာ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး က်င္းပခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ ဧၿပီလ၌က်င္းပမည့္ မဟာသၾကၤန္ေရသဘင္ပြဲေတာ္ကို ျပည္သူမ်ားအေနျဖင့္ လုံၿခဳံစြာေရကစားႏိုင္ေရးႏွင့္ စည္ကားသိုက္ၿမိဳက္စြာက်င္းပႏိုင္ေရးတို႔အတြက္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္အေနျဖင့္ စတင္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ရန္ကုန္ၿမိဳ႕ ျပည္သူ႔ရင္ျပင္၌ ရန္ကုန္တိုင္းေဒသႀကီး မဟာသၾကၤန္ေရသဘင္ပြဲေတာ္ဗဟိုမ႑ပ္ကို တည္ေဆာက္သြားမည္ျဖစ္ၿပီး တိုင္းအဆင့္ဌာနဆိုင္ရာမ်ား၏ ေရကစားမ႑ပ္မ်ား၊ ေဖ်ာ္ေျဖေရးမ႑ပ္မ်ားကိုလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးဗိုလ္ေဌးက ေျပာသည္။

အလားတူ ၿမိဳ႕ေတာ္ခန္းမတြင္လည္း ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္ကို တည္ေဆာက္သြားမည့္အ ျပင္ ခ႐ိုင္အလိုက္ေရကစားမ႑ပ္မ်ား၊ ယိမ္းအကေဖ်ာ္ေျဖမႈမ်ားကိုလည္း ထည့္သြင္းက်င္းပသြားမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

ၿမိဳ႕ေတာ္ခန္းမရွိ ရန္ကုန္ၿမိဳ႕ေတာ္မဟာသၾကၤန္မ႑ပ္၌ ႐ုပ္ရွင္ႏွင့္ဂီတအႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖမႈမ်ား၊ သဘင္ပညာရွင္မ်ား၏ ျမန္မာ့ယဥ္ေက်းမႈအကအလွေဖ်ာ္ေျဖမႈမ်ားျဖင့္ တင္ဆက္သြားမည္ျဖစ္ေၾကာင္းလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ေၾကညာထားသည္။

Related news

© 2021. All rights reserved.