နိုင်ငံကျော် မြန်မာသံအဆိုတော် တွံတေးစိုးအောင် ကွယ်လွန်

1128
NP News - မတ် ၉
နိုင်ငံကျော် မြန်မာသံအဆိုတော် တွံတေးစိုးအောင်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုတော်တွံတေးစိုးသည် ယနေ့(မတ်လ ၉ ရက်) နံနက် ၂ နာရီ ၃ မိနစ်အချိန်ခန့်တွင် ဦးနှောက်သွေးကြောပြတ်ကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း အနုပညာရှင်အသိုင်းအဝိုင်းက အသိပေးပြောဆိုထားသည်။
မြန်မာသံအဆိုတော်ကြီး တွံတေးစိုးအောင် ကွယ်လွန်သွားမှုအပေါ် အနုပညာရှင်အသိုင်းအဝိုင်းနှင့် ၎င်း၏ ချစ်ခင်သည့် ပရိတ်သတ်အများအပြားကလည်း ဝမ်းနည်းကြွေကွဲရကြောင်း ပြောဆိုနေကြသည်ကို တွေ့ရသည်။
တွံတေးစိုးအောင် မြန်မာသံတေးသီချင်းအများအပြားကို မယ်ဒလင်တူရိယာဖြင့် သီဆိုခဲ့သူဖြစ်ပြီး မြို့ပေါ်နေပရိတ်သတ်အပြင် နယ်ပရိတ်သိတ်အများအပြား၏ အားပေးမှုကို ရရှိခဲ့သူ လည်း ဖြစ်သည်။
၎င်း၏ "အရင်ရည်းစားထက်ပို ချစ်တယ်" တေးစီးရီးအပါအဝင် သီချင်းအများအပြားသည် ပရိတ်သတ်များအကြားတွင် ထင်ထင်ရှားရှားရှိခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းများတွင် ပါဝင်သရုပ်
ဆောင်မှုရှိခဲ့သည်ကို တွေ့ရသည်။
နိုင်ငံတော်အဆိုတော်တွံတေးစိုးအောင်သည် ရန်ကုန်တိုင်း၊ တွံတေးမြို့၊ ကျုံးကြီးရပ်ကွက်တွင် မွေးဖွားခဲ့သူ ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ငံေက်ာ္ ျမန္မာသံအဆိုေတာ္ တြံေတးစိုးေအာင္ ကြယ္လြန္
NP News - မတ္ ၉
ႏိုင္ငံေက်ာ္ ျမန္မာသံအဆိုေတာ္ တြံေတးစိုးေအာင္သည္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သတင္းရရွိသည္။
အဆိုေတာ္တြံေတးစိုးသည္ ယေန႔(မတ္လ ၉ ရက္) နံနက္ ၂ နာရီ ၃ မိနစ္အခ်ိန္ခန႔္တြင္ ဦးေႏွာက္ေသြးေၾကာျပတ္ကာ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း အႏုပညာရွင္အသိုင္းအဝိုင္းက အသိေပးေျပာဆိုထားသည္။
ျမန္မာသံအဆိုေတာ္ႀကီး တြံေတးစိုးေအာင္ ကြယ္လြန္သြားမႈအေပၚ အႏုပညာရွင္အသိုင္းအဝိုင္းႏွင့္ ၎၏ ခ်စ္ခင္သည့္ ပရိတ္သတ္အမ်ားအျပားကလည္း ဝမ္းနည္းေႂကြကြဲရေၾကာင္း ေျပာဆိုေနၾကသည္ကို ေတြ႕ရသည္။
တြံေတးစိုးေအာင္ ျမန္မာသံေတးသီခ်င္းအမ်ားအျပားကို မယ္ဒလင္တူရိယာျဖင့္ သီဆိုခဲ့သူျဖစ္ၿပီး ၿမိဳ႕ေပၚေနပရိတ္သတ္အျပင္ နယ္ပရိတ္သိတ္အမ်ားအျပား၏ အားေပးမႈကို ရရွိခဲ့သူ လည္း ျဖစ္သည္။
၎၏ "အရင္ရည္းစားထက္ပို ခ်စ္တယ္" ေတးစီးရီးအပါအဝင္ သီခ်င္းအမ်ားအျပားသည္ ပရိတ္သတ္မ်ားအၾကားတြင္ ထင္ထင္ရွားရွားရွိခဲ့ၿပီး ႐ုပ္ရွင္ဇာတ္လမ္းမ်ားတြင္ ပါဝင္သ႐ုပ္
ေဆာင္မႈရွိခဲ့သည္ကို ေတြ႕ရသည္။
ႏိုင္ငံေတာ္အဆိုေတာ္တြံေတးစိုးေအာင္သည္ ရန္ကုန္တိုင္း၊ တြံေတးၿမိဳ႕၊ က်ဳံးႀကီးရပ္ကြက္တြင္ ေမြးဖြားခဲ့သူ ျဖစ္ေၾကာင္း သိရသည္။