ထိုင်းနိုင်ငံ၌ မြန်မာအမျိုးသမီးတစ်ဦး ဓားဖြင့် ထိုးသတ်ခံခဲ့ရ

 1424

ဂျန်ဇက် (NP News) - မတ် ၁ဝ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ပလက်တီနမ်ဈေးဝယ်စင်တာ အပြင်ဘက်တွင် မတ်လ ၉ ရက်က မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို အခြားသော မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးက ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း၊ ဓါးဖြင့်ထိုးသတ်ခဲ့သူ မြန်မာနိုင်ငံသားကို ဈေးဝယ်စင်တာလုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်ဖမ်းဆီးပြီး ရဲလက်အပ်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဓါးဖြင့်ထိုးသတ်ခံရသူ မဖြူမာအောင် နှင့်ဓါးဖြင့် ထိုးသတ်ခဲ့သူ ကိုသက်လင်းဦးတို့သည် အလုပ်ရှင်တစ်ဦးတည်းလက်အောက်တွင်အလုပ်အတူလုပ်သူများဖြစ်ပြီး အငြင်းပွားမှုများရှိခဲ့ရာမှ ဓါးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ကိုသက်လင်းဦးက ထွက်ဆိုထားသည်။

ကိုသက်လင်းဦးက မဖြူမာအောင်သည် ၎င်းကို အလုပ်အချောင်ခိုသည်ဟု အလုပ်ရှင်ကိုတိုင်ကြားခဲ့မှုအပေါ် စိတ်ဆိုးဒေါသထွက်ပြီး လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။ အသက် ၃၄ နှစ်အရွယ် မဖြူမာအောင်သည် ဓါးဖြင့်ထိုးသတ်ခံရမှုကြောင့် ပလက်တီနမ်အဆောက်အဦးအပြင်ဘက် လှေကားထစ်တွေပေါ်မှာ လဲကျနေပြီး ၎င်း၏အဝတ်အစားများသည်လည်း သွေးများ ပေကျံနေခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မဖြူမာအောင်သည် ရင်ဘတ်၊ လက်မောင်းနှင့် နောက်ကျောဘက်များတွင် ဓားထိုးဒဏ်ရာ (၅)ချက်ရရှိခဲ့ကြောင်း၊ မဖြူမာအောင်ကို အရေးပေါ် နီးစပ်ရာဆေးရုံကို ပို့ဆောင်စဉ် လမ်း၌ပင် သေဆုံးခဲ့ကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ကိုသက်လင်းဦးသည် လူသတ်မှုကျူးလွန်ခဲ့ပြီးနောက်ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း ပလက်တီနမ်စင်တာ လုံခြုံရေးများက ဖမ်းဆီးပြီး ထိုင်းရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

zawgyi version
ထိုင္းႏိုင္ငံ၌ ျမန္မာအမ်ိဳးသမီးတစ္ဦး ဓားျဖင့္ ထိုးသတ္ခံခဲ့ရ
ဂ်န္ဇက္ (NP News) - မတ္ ၁ဝ

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ ပလက္တီနမ္ေဈးဝယ္စင္တာ အျပင္ဘက္တြင္ မတ္လ ၉ ရက္က ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးကို အျခားေသာ ျမန္မာႏိုင္ငံသား အမ်ိဳးသားတစ္ဦးက ဓားျဖင့္ ထိုးသတ္ခဲ့ေၾကာင္း၊ ဓါးျဖင့္ထိုးသတ္ခဲ့သူ ျမန္မာႏိုင္ငံသားကို ေဈးဝယ္စင္တာလုံၿခဳံေရးဝန္ထမ္းမ်ားက ဝိုင္းဝန္ဖမ္းဆီးၿပီး ရဲလက္အပ္ခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။

ဓါးျဖင့္ထိုးသတ္ခံရသူ မျဖဴမာေအာင္ ႏွင့္ဓါးျဖင့္ ထိုးသတ္ခဲ့သူ ကိုသက္လင္းဦးတို႔သည္ အလုပ္ရွင္တစ္ဦးတည္းလက္ေအာက္တြင္အလုပ္အတူလုပ္သူမ်ားျဖစ္ၿပီး အျငင္းပြားမႈမ်ားရွိခဲ့ရာမွ ဓါးျဖင့္ ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ကိုသက္လင္းဦးက ထြက္ဆိုထားသည္။

ကိုသက္လင္းဦးက မျဖဴမာေအာင္သည္ ၎ကို အလုပ္အေခ်ာင္ခိုသည္ဟု အလုပ္ရွင္ကိုတိုင္ၾကားခဲ့မႈအေပၚ စိတ္ဆိုးေဒါသထြက္ၿပီး လူသတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုထားသည္။ အသက္ ၃၄ ႏွစ္အ႐ြယ္ မျဖဴမာေအာင္သည္ ဓါးျဖင့္ထိုးသတ္ခံရမႈေၾကာင့္ ပလက္တီနမ္အေဆာက္အဦးအျပင္ဘက္ ေလွကားထစ္ေတြေပၚမွာ လဲက်ေနၿပီး ၎၏အဝတ္အစားမ်ားသည္လည္း ေသြးမ်ား ေပက်ံေနခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

မျဖဴမာေအာင္သည္ ရင္ဘတ္၊ လက္ေမာင္းႏွင့္ ေနာက္ေက်ာဘက္မ်ားတြင္ ဓားထိုးဒဏ္ရာ (၅)ခ်က္ရရွိခဲ့ေၾကာင္း၊ မျဖဴမာေအာင္ကို အေရးေပၚ နီးစပ္ရာေဆး႐ုံကို ပို႔ေဆာင္စဥ္ လမ္း၌ပင္ ေသဆုံးခဲ့ေၾကာင္းထိုင္းရဲတပ္ဖြဲ႕ကေျပာသည္။ ကိုသက္လင္းဦးသည္ လူသတ္မႈက်ဴးလြန္ခဲ့ၿပီးေနာက္ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ပလက္တီနမ္စင္တာ လုံၿခဳံေရးမ်ားက ဖမ္းဆီးၿပီး ထိုင္းရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.