ဗြိတိန်မင်းသား ဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားသမီးတွေအတွက် တရားဝင် တော်ဝင်ဘွဲ့များပေးအပ်

 1247

ရောင်နီ (NP News) - မတ် ၁ဝ

ဗြိတိန်မင်းသား ဟယ်ရီ နဲ့ မီဂန် တို့ရဲ့သားသမီးတွေဟာ တော်ဝင်ဘွဲ့တွေကို တရားဝင် ရယူခဲ့ကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

သားငယ်၊ သမီးငယ်များ ဖြစ်ကြတဲ့ လီလီဘက်နဲ့ သူမရဲ့အစ်ကို အာချီတို့ကို ကြာသပတေးနေ့ (မတ်လ ၉ ရက်) အစောပိုင်းက တော်ဝင်မိသားစုရဲ့ဝဘ်ဆိုဒ်မှာ မင်းသားနဲ့ မင်းသမီးအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ ဟယ်ရီ နဲ့ မီဂန်တို့စုံတွဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အဆိုပါ အပြောင်းအလဲနဲ့ပတ်သတ်ပြီး ၎င်းတို့ရဲ့ သမီးကို "တော်ဝင်မင်းသမီး "လို့ဆိုကာ လူသိရှင်ကြားပထမဆုံးအကြိမ်အဖြစ် အရိပ်အမြွက်ပြခဲ့ပါတယ်။

သားငယ်သမီးငယ်တို့ရဲ့ တော်ဝင်အမည်တွေကို ဗုဒ္ဓဟူးနေ့က လော့စ်အိန်ဂျလိစ်မြို့ရှိ Episcopal Diocese of Los Angeles မှာ အမည်မှည့်ခေါ်ခြင်းခံခဲ့ကြောင်း ၎င်းတို့စုံတွဲရဲ့ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ အ တည်ပြုခဲ့ပါတယ်။ လီလီဘက်ဟာ ဇွန်လမှာ အသက် (၂)နှစ် ပြည့်မှာဖြစ်ပြီး အာချီကတော့ မေလမှာ (၄) နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

ဟယ်ရီနဲ့ မီဂန်တို့ စုံတွဲဟာ တော်ဝင်မိသားစု၊ အကြီးတန်း အဖွဲ့ဝင်များအဖြစ်မှ နုတ်ထွက်ပြီးနောက် ဇနီး မောင်နှံနှစ်ဦးဟာ ၎င်းတို့ရဲ့ သားသမီးများအတွက်လည်း တော်ဝင်ဘွဲ့များမှ နှုတ်ထွက်မလားဆိုတဲ့ ထင် ကြေးပေးမှုများ ရှိခဲ့ပါတယ်။ သို့ပေမယ့် ဘုရင် George V မှ တည်ထောင်ထားခဲ့တဲ့ 1917 Letters Patent အရ တရားဝင်ဘွဲ့အမည်ပြောင်းလဲခြင်း အဆိုအမိန့်မှာ အချုပ်အခြာ အာဏာပိုင်သော သားတော်များမှ မွေးဖွားလာသော သားသမီးတိုင်းကို မင်းသားနဲ့ မင်းသမီးအဖြစ် ရည်ညွှန်းရမယ်လို့ ဖော်ပြထားခဲ့ခြင်းကြောင့် လီလီဘက်နဲ့ အာချီဟာ မင်းသားငယ်၊ မင်းသမီးငယ် အဖြစ် စာရင်းဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

zawgyi version
ၿဗိတိန္မင္းသား ဟယ္ရီနဲ႔ မီဂန္တို႔ရဲ႕ သားသမီးေတြအတြက္ တရားဝင္ ေတာ္ဝင္ဘြဲ႕မ်ားေပးအပ္
ေရာင္နီ (NP News) - မတ္ ၁ဝ

ၿဗိတိန္မင္းသား ဟယ္ရီ နဲ႔ မီဂန္ တို႔ရဲ႕သားသမီးေတြဟာ ေတာ္ဝင္ဘြဲ႕ေတြကို တရားဝင္ ရယူခဲ့ၾကၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

သားငယ္၊ သမီးငယ္မ်ား ျဖစ္ၾကတဲ့ လီလီဘက္နဲ႔ သူမရဲ႕အစ္ကို အာခ်ီတို႔ကို ၾကာသပေတးေန႔ (မတ္လ ၉ ရက္) အေစာပိုင္းက ေတာ္ဝင္မိသားစုရဲ႕ဝဘ္ဆိုဒ္မွာ မင္းသားနဲ႔ မင္းသမီးအျဖစ္ စာရင္းသြင္းခဲ့ပါတယ္။ ဟယ္ရီ နဲ႔ မီဂန္တို႔စုံတြဲဟာ ၿပီးခဲ့တဲ့ သီတင္းပတ္က အဆိုပါ အေျပာင္းအလဲနဲ႔ပတ္သတ္ၿပီး ၎တို႔ရဲ႕ သမီးကို "ေတာ္ဝင္မင္းသမီး "လို႔ဆိုကာ လူသိရွင္ၾကားပထမဆုံးအႀကိမ္အျဖစ္ အရိပ္အႁမြက္ျပခဲ့ပါတယ္။

သားငယ္သမီးငယ္တို႔ရဲ႕ ေတာ္ဝင္အမည္ေတြကို ဗုဒၶဟူးေန႔က ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ Episcopal Diocese of Los Angeles မွာ အမည္မွည့္ေခၚျခင္းခံခဲ့ေၾကာင္း ၎တို႔စုံတြဲရဲ႕ေျပာေရးဆိုခြင့္ရွိသူက ဗုဒၶဟူးေန႔မွာ အ တည္ျပဳခဲ့ပါတယ္။ လီလီဘက္ဟာ ဇြန္လမွာ အသက္ (၂)ႏွစ္ ျပည့္မွာျဖစ္ၿပီး အာခ်ီကေတာ့ ေမလမွာ (၄) ႏွစ္ျပည့္ေတာ့မွာပဲ ျဖစ္ပါတယ္။

ဟယ္ရီနဲ႔ မီဂန္တို႔ စုံတြဲဟာ ေတာ္ဝင္မိသားစု၊ အႀကီးတန္း အဖြဲ႕ဝင္မ်ားအျဖစ္မွ ႏုတ္ထြက္ၿပီးေနာက္ ဇနီး ေမာင္ႏွံႏွစ္ဦးဟာ ၎တို႔ရဲ႕ သားသမီးမ်ားအတြက္လည္း ေတာ္ဝင္ဘြဲ႕မ်ားမွ ႏႈတ္ထြက္မလားဆိုတဲ့ ထင္ ေၾကးေပးမႈမ်ား ရွိခဲ့ပါတယ္။ သို႔ေပမယ့္ ဘုရင္ George V မွ တည္ေထာင္ထားခဲ့တဲ့ 1917 Letters Patent အရ တရားဝင္ဘြဲ႕အမည္ေျပာင္းလဲျခင္း အဆိုအမိန႔္မွာ အခ်ဳပ္အျခာ အာဏာပိုင္ေသာ သားေတာ္မ်ားမွ ေမြးဖြားလာေသာ သားသမီးတိုင္းကို မင္းသားနဲ႔ မင္းသမီးအျဖစ္ ရည္ၫႊန္းရမယ္လို႔ ေဖာ္ျပထားခဲ့ျခင္းေၾကာင့္ လီလီဘက္နဲ႔ အာခ်ီဟာ မင္းသားငယ္၊ မင္းသမီးငယ္ အျဖစ္ စာရင္းဝင္ခဲ့ျခင္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.