မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို (၃) နှစ်စာပူးတွဲကျင်းပမည်ဖြစ်ပြီး အကယ်ဒမီရွှေကြိုမောင်မယ်များ စတင်ခေါ်ယူ

2247

ရဲပြည့် (NP News) - မတ် ၁၁
(၃)နှစ်စာအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး ဆုပေးပွဲအတွက် အကယ်ဒမီရွှေကြိုမောင်မယ်များ ခေါ်ယူနေကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးထံမှ သိရသည်။
အဆိုပါ အကယ်ဒမီထူးချွန်ဆုပေးပွဲကို ၂ဝ၁၉၊ ၂ဝ၂ဝ၊ ၂ဝ၂၂ ခုနှစ် စသည့် (၃)နှစ် စာအတွက် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။
" မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားကို အောင်မြင်အောင်လုပ်ဆောင်တာထက် ရုပ်ရှင်လောကကြီး ပြန်လည်အသက်ဝင်လာစေဖို့ အရေးကြီးပါတယ်။ ပြန်လည်အသက်ဝင်ဖို့လဲ အချိန်အခါသင့်ပါပြီ၊အကယ်ဒမီဆုပေးပွဲဟာ ရုပ်ရှင်လောက တစ်ခုတည်းအတွက်မဟုတ်ဘဲ ရုပ်ရှင်၊ သဘင်၊ ဂီတလောက သားသားတွေ ပြန်လည်အသက်ဝင်လာမယ့်ပွဲဖြစ်တာကြောင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။
အကယ်ဒမီရွှေကြို လျှောက်ထားလိုသူများအနေဖြင့် မတ်လ ၁၃ ရက်မှစတင်ကာမြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၌ လျှောက်လွှာများ စတင်လျှောက်ထားနိုင်မည်ဖြစ်ပြီး မတ်လ ၂၄ ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် အကယ်ဒမီရွှေကြိုများအား ရွေးချယ်ခဲ့သော်လည်း ကိုဗစ်ရောဂါကြောင့် အကယ်ဒမီဆုပေးပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် ယခုနှစ်တွင် (၃)နှစ်စာအတွက် အကယ်ဒမီရွှေကြိုများကို ထပ်မံခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
အကယ်ဒမီပေးပွဲကိုလည်း နေပြည်တော်၌ ကျင်းပရန်လျာထားကြောင်း သိရသည်။

zawgyi version
ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲကို (၃) ႏွစ္စာပူးတြဲက်င္းပမည္ျဖစ္ၿပီး အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္မ်ား စတင္ေခၚယူ
ရဲျပည့္ (NP News) - မတ္ ၁၁
(၃)ႏွစ္စာအတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားကို က်င္းပမည္ျဖစ္ၿပီး ဆုေပးပြဲအတြက္ အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္မ်ား ေခၚယူေနေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးထံမွ သိရသည္။
အဆိုပါ အကယ္ဒမီထူးခြၽန္ဆုေပးပြဲကို ၂ဝ၁၉၊ ၂ဝ၂ဝ၊ ၂ဝ၂၂ ခုႏွစ္ စသည့္ (၃)ႏွစ္ စာအတြက္ က်င္းပမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွ သိရသည္။
" ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားကို ေအာင္ျမင္ေအာင္လုပ္ေဆာင္တာထက္ ႐ုပ္ရွင္ေလာကႀကီး ျပန္လည္အသက္ဝင္လာေစဖို႔ အေရးႀကီးပါတယ္။ ျပန္လည္အသက္ဝင္ဖို႔လဲ အခ်ိန္အခါသင့္ပါၿပီ၊အကယ္ဒမီဆုေပးပြဲဟာ ႐ုပ္ရွင္ေလာက တစ္ခုတည္းအတြက္မဟုတ္ဘဲ ႐ုပ္ရွင္၊ သဘင္၊ ဂီတေလာက သားသားေတြ ျပန္လည္အသက္ဝင္လာမယ့္ပြဲျဖစ္တာေၾကာင့္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေပးေစလိုပါတယ္"ဟု ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာသည္။
အကယ္ဒမီေ႐ႊႀကိဳ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ မတ္လ ၁၃ ရက္မွစတင္ကာျမန္မာႏိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံး၌ ေလွ်ာက္လႊာမ်ား စတင္ေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး မတ္လ ၂၄ ရက္ေနာက္ဆုံးထားေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ အကယ္ဒမီေ႐ႊႀကိဳမ်ားအား ေ႐ြးခ်ယ္ခဲ့ေသာ္လည္း ကိုဗစ္ေရာဂါေၾကာင့္ အကယ္ဒမီဆုေပးပြဲကို က်င္းပႏိုင္ျခင္းမရွိခဲ့ေပ။
ထို႔ေၾကာင့္ ယခုႏွစ္တြင္ (၃)ႏွစ္စာအတြက္ အကယ္ဒမီေ႐ႊႀကိဳမ်ားကို ထပ္မံေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။
အကယ္ဒမီေပးပြဲကိုလည္း ေနျပည္ေတာ္၌ က်င္းပရန္လ်ာထားေၾကာင္း သိရသည္။