ပြည်သူ့ရင်ပြင်ရှိ ရေကူးကန်အတွင်း (၉)နှစ်အရွယ်ကလေးတစ်ဦး ရေနစ်

 1627

NP News - မတ် ၁၂

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ ရေကူးကန်အတွင်း ကလေးငယ်တစ်ဦး ရေနစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယမန်နေ့(မတ်လ ၁၁ ရက်) ညနေပိုင်းတွင် ပြည်သူ့ရင်ပြင်ရှိ ရေကူးကန်အတွင်း ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ဂုဏ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ဖြစ်တာက မနေ့က ညနေ(၅)နာရီလောက်မှာပေါ့။ အဲဒီမှာ ကျွန်တော် အပါအဝင် ကျွန်တော်တို့အသင်းသားတွေ ရေသွားကူးကြတာပါ။ ကျွန်တော်အရင် တက်ပြီးတော့ အဝတ်လဲပြီးထိုင်စောင့်နေတဲ့အချိန်မှာ ကျွန်တော့်နောက် နားကနေ လူတွေအုံပြီးတော့ “ကယ်ကြပါဦး၊ ကလေးရေနစ်နေလို့ဆိုပြီး” အော်သံကြားတာပါ” ဟု မြန်မာ့ဂုဏ် လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးဖြိုးနေလင်းမှ NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါ ကလေးငယ်အား လူမှုကူညီရေးအသင်းမှ ရေကန်အတွင်းဆင်းကယ်ခဲ့ရာ ကလေးငယ်သည် ရေမွန်ပြီး သတိလစ်နေခဲ့ပြီး ရှေးဦးသူနာပြုစုနည်းများဖြင့် ကယ်တင်ခဲ့ရကြောင်း ၎င်းမှဆက်လက်ပြောသည်။

ကလေးငယ်သည် အသက်(၉)နှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး ကလေးငယ်၏ပြောပြချက်အရ ၎င်း၏ အမေ ရေငုပ်နေစဥ် ကလေးငယ်ပါ ရေလိုက်ငုပ်ရာမှ ရေနစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ျပည္သူ႔ရင္ျပင္ရွိ ေရကူးကန္အတြင္း (၉)ႏွစ္အ႐ြယ္ကေလးတစ္ဦး ေရနစ္
NP News - မတ္ ၁၂

ရန္ကုန္ၿမိဳ႕၊ ျပည္သူ႔ရင္ျပင္ရွိ ေရကူးကန္အတြင္း ကေလးငယ္တစ္ဦး ေရနစ္ခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၁၁ ရက္) ညေနပိုင္းတြင္ ျပည္သူ႔ရင္ျပင္ရွိ ေရကူးကန္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ့ဂုဏ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

“ျဖစ္တာက မေန႔က ညေန(၅)နာရီေလာက္မွာေပါ့။ အဲဒီမွာ ကြၽန္ေတာ္ အပါအဝင္ ကြၽန္ေတာ္တို႔အသင္းသားေတြ ေရသြားကူးၾကတာပါ။ ကြၽန္ေတာ္အရင္ တက္ၿပီးေတာ့ အဝတ္လဲၿပီးထိုင္ေစာင့္ေနတဲ့အခ်ိန္မွာ ကြၽန္ေတာ့္ေနာက္ နားကေန လူေတြအုံၿပီးေတာ့ “ကယ္ၾကပါဦး၊ ကေလးေရနစ္ေနလို႔ဆိုၿပီး” ေအာ္သံၾကားတာပါ” ဟု ျမန္မာ့ဂုဏ္ လူမႈကူညီေရးအသင္း၏ ဥကၠ႒ ဦးၿဖိဳးေနလင္းမွ NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါ ကေလးငယ္အား လူမႈကူညီေရးအသင္းမွ ေရကန္အတြင္းဆင္းကယ္ခဲ့ရာ ကေလးငယ္သည္ ေရမြန္ၿပီး သတိလစ္ေနခဲ့ၿပီး ေရွးဦးသူနာျပဳစုနည္းမ်ားျဖင့္ ကယ္တင္ခဲ့ရေၾကာင္း ၎မွဆက္လက္ေျပာသည္။

ကေလးငယ္သည္ အသက္(၉)ႏွစ္ခန႔္အ႐ြယ္ရွိ မိန္းကေလးတစ္ဦးျဖစ္ၿပီး ကေလးငယ္၏ေျပာျပခ်က္အရ ၎၏ အေမ ေရငုပ္ေနစဥ္ ကေလးငယ္ပါ ေရလိုက္ငုပ္ရာမွ ေရနစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.