ကရင်လူမျိုးအဆိုတော် မာသထူးဝါးကို တောင်ကိုရီးယားနိုင်ငံက သံတမန်အဖြစ် ခန့်အပ်

2043

ဂျန်ဇက် (NP News) - မတ် ၁၃
တောင်ကိုရီးယားနိုင်ငံ Gyeonggi မီးသတ်ဌာနဟာ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်နေတဲ့ ကရင်လူမျိုး အဆိုတော် မာသထူးဝါး (ခေါ်) Wan Yi-hwa ကို ပြည်သူဆက်ဆံရေး ဂုဏ်ထူးဆောင်သံတမန်အဖြစ် ခန့်အပ်ခံလိုက်ရကြောင်း တောင်ကိုရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့ ၆ နှစ်ကျော်က တောင်ကိုရီးယားနိုင်ငံကိုရောက်ရှိလာခဲ့ပြီး၊ လက်ရှိအချိန်မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရပြီး အသက် ၁၅ နှစ်အရွယ်သာရှိသေးကြောင်း သိရပါတယ်။ အဆိုတော် မာသထူးဝါး(ခ) Wan Yi-hwa ဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံခြားသားများထဲမှာ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ပထမဆုံးအကြိမ် ခန့်အပ်ခံရသူဖြစ်ခဲ့ပြီး Yongin Joongang Yedalm အထက်တန်းကျောင်းတွင် ကျောင်းတက်နေသူ ဖြစ်ပါတယ်။
၎င်းက "ကျွန်မဟာ လက်ရှိအချိန်မှာ Gyeonggi-do ဒေသမှာ နေထိုင်နေရတဲ့ နိုင်ငံသားတစ်ဦးအဖြစ်နဲ့ ကျောင်း တက်ရောက်နေပါတယ်။ လက်ရှိအချိန်မှာ မီးသတ်ဌာနအတွက် အများပြည်သူဆက်ဆံရေးအတွက် ဂုဏ်ထူးဆောင်သံတမန်ခန့်အပ်ခံရလို့ အလွန်အမင်း ဂုဏ်ယူပါတယ်။ မီးသတ်ဌာနနဲ့ပတ်သက်တဲ့ အများပြည်သူဆက်ဆံရေးလှုပ်ရှားမှုတွေကို တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်" လို့ပြောပါတယ်။
၎င်းဟာ ၂ဝ၂ဝ ခုနှစ်က ကျင်းပခဲ့တဲ့သီချင်းဆို ပြိုင်ပွဲမှာ ပါဝင်သီဆိုခဲ့ပြီး ၎င်းရဲ့ဝမ်းနည်းဖွယ်ကောင်းတဲ့ အသံက လူအများကို ဆွဲဆောင်နိုင်ခဲ့ပြီး အဆိုတော်တစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သလို ပြီးခဲ့တဲ့နှစ်အကုန်ကလည်း မှတ်တမ်း ရုပ်ရှင်အစီအစဉ်ကို ပါဝင်ရိုက်ကူးခဲ့ပြီး ပိုမိုလူသိများလာခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
ကရင္လူမ်ိဳးအဆိုေတာ္ မာသထူးဝါးကို ေတာင္ကိုရီးယားႏိုင္ငံက သံတမန္အျဖစ္ ခန႔္အပ္
ဂ်န္ဇက္ (NP News) - မတ္ ၁၃
ေတာင္ကိုရီးယားႏိုင္ငံ Gyeonggi မီးသတ္ဌာနဟာ ေတာင္ကိုရီးယားႏိုင္ငံမွာ ေနထိုင္ေနတဲ့ ကရင္လူမ်ိဳး အဆိုေတာ္ မာသထူးဝါး (ေခၚ) Wan Yi-hwa ကို ျပည္သူဆက္ဆံေရး ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ ခန႔္အပ္ခံလိုက္ရေၾကာင္း ေတာင္ကိုရီးယားသတင္းဌာနေတြက ေဖာ္ျပထားပါတယ္။
၎ဟာ ၿပီးခဲ့တဲ့ ၆ ႏွစ္ေက်ာ္က ေတာင္ကိုရီးယားႏိုင္ငံကိုေရာက္ရွိလာခဲ့ၿပီး၊ လက္ရွိအခ်ိန္မွာ ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳခံထားရၿပီး အသက္ ၁၅ ႏွစ္အ႐ြယ္သာရွိေသးေၾကာင္း သိရပါတယ္။ အဆိုေတာ္ မာသထူးဝါး(ခ) Wan Yi-hwa ဟာ ေတာင္ကိုရီးယားႏိုင္ငံကို ေရာက္ရွိေနတဲ့ ႏိုင္ငံျခားသားမ်ားထဲမွာ ဂုဏ္ထူးေဆာင္သံတမန္အျဖစ္ ပထမဆုံးအႀကိမ္ ခန႔္အပ္ခံရသူျဖစ္ခဲ့ၿပီး Yongin Joongang Yedalm အထက္တန္းေက်ာင္းတြင္ ေက်ာင္းတက္ေနသူ ျဖစ္ပါတယ္။
၎က "ကြၽန္မဟာ လက္ရွိအခ်ိန္မွာ Gyeonggi-do ေဒသမွာ ေနထိုင္ေနရတဲ့ ႏိုင္ငံသားတစ္ဦးအျဖစ္နဲ႔ ေက်ာင္း တက္ေရာက္ေနပါတယ္။ လက္ရွိအခ်ိန္မွာ မီးသတ္ဌာနအတြက္ အမ်ားျပည္သူဆက္ဆံေရးအတြက္ ဂုဏ္ထူးေဆာင္သံတမန္ခန႔္အပ္ခံရလို႔ အလြန္အမင္း ဂုဏ္ယူပါတယ္။ မီးသတ္ဌာနနဲ႔ပတ္သက္တဲ့ အမ်ားျပည္သူဆက္ဆံေရးလႈပ္ရွားမႈေတြကို တက္ႂကြစြာ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္" လို႔ေျပာပါတယ္။
၎ဟာ ၂ဝ၂ဝ ခုႏွစ္က က်င္းပခဲ့တဲ့သီခ်င္းဆို ၿပိဳင္ပြဲမွာ ပါဝင္သီဆိုခဲ့ၿပီး ၎ရဲ႕ဝမ္းနည္းဖြယ္ေကာင္းတဲ့ အသံက လူအမ်ားကို ဆြဲေဆာင္ႏိုင္ခဲ့ၿပီး အဆိုေတာ္တစ္ဦးအျဖစ္ လုပ္ေဆာင္ခဲ့သလို ၿပီးခဲ့တဲ့ႏွစ္အကုန္ကလည္း မွတ္တမ္း ႐ုပ္ရွင္အစီအစဥ္ကို ပါဝင္႐ိုက္ကူးခဲ့ၿပီး ပိုမိုလူသိမ်ားလာခဲ့ေၾကာင္း သိရပါတယ္။