ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၂ ပတ်နဲ့မွေးဖွားခဲ့တဲ့ ကလေးငယ် အသက်ရှင်သန်ခဲ့

 684

ဂျန်ဇက် (NP News) - မတ် ၁၃

ကိုယ်ဝန်ဆောင်ကြာချိန် သီတင်းပတ် ၂၂ ပတ် နဲ့ မွေးဖွားတဲ့ ကလေးငယ်တစ်ဦး အသက်ရှင်သန်ဖို့ ၁ဝ ရာခိုင်နှုန်း သာရှိပေမယ့်လည်း ဗြိတိန်နိုင်ငံ ဆွမ်ဆီးမြို့က ကလေးငယ်တစ်ဦးကတော့ ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်နဲ့ မွေးဖွား ပြီး အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်မွေးဖွားပြီးချိန်မှာ အလေးချိန်က ၁ ပေါင်ကျော်ပဲရှိခဲ့ကြောင်း ဆွမ်ဆီးမြို့ Singleton ဆေးရုံမှာ စက်တင်ဘာ ၆ ရက်က မွေးဖွားခဲ့တာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေ က ဖော်ပြပါတယ်။

ကလေးငယ် မွေးဖွားပြီးနောက် ဆေးရုံမှာ ရက်ပေါင်း ၁၃၂ ကျော် ထပ်မံနေထိုင်ခဲ့ရပြီး ကလေးငယ် အသက် ၆ လ အရွယ်မှ အိမ်ကိုပြန်ခဲ့ရကြောင်း ကလေးငယ်ရဲ့မိခင်ဖြစ်သူ Rachel Stonehouse က ပြောပါတယ်။ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက "ကျွန်မ ဘဝတစ်လျှောက်လုံး တွေ့ကြုံခဲ့ဖူးတဲ့အခက်အခဲများကို ဖြတ်သန်းပြီး၊ ကလေးကို အသက် ရှင်သန်နိုင်အောင် မွေးဖွားခဲ့ရတယ်" လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံမှာလည်း အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ်ပေါင်း ၂၁ ပတ်နဲ့ကလေးငယ် အသက်ရှင်သန်ခဲ့ဖူးကြောင်း သိရပါတယ်။ ကလေးငယ်ရဲ့မိခင်ဖြစ်သူက "ကျွန်မအတွက်တော့ နာကျင်မှုက အလွန် ကြောက်ရွှံ့စရာကောင်းလွန်းတယ်။ ဒါပေမယ့် ကျွန်တော်ဟာ နာကျင်မှုတွေ ရှိနေခဲ့ပေမယ့် ဗိုက်ထဲက ကလေးငယ် အသက်ရှင်သန်ဖို့ နဲ့ အသက်ရှုစေဖို့ ကြိုးပမ်းခဲ့ရတယ်" လို့ ပြောပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - မတ် ၁၃





Related news

© 2021. All rights reserved.