ကြာအင်းဆိပ်ကြီးမြို့နယ်၌ သေဆုံးနေသောမိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ရည်းစားဖြစ်သူက ရဲစခန်း၌ သွားရောက်အဖမ်းခံခဲ့

 1397

Pearl (NP News) - မတ် ၁၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ သေဆုံးနေသော မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ရည်းစားဖြစ်သူက ရဲစခန်းတွင် သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ (၁၃)ရက်၊ ညနေ (၄)နာရီ အချိန်ခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ ရော်ဘာခြံထဲတွင် သေဆုံးနေသောမိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် ကြံတောလမ်းကျေးရွာတွင်နေထိုင်သော မခိုင်သဇင်ထွေး (ခ) မွန်ချမ်း (၁၈) နှစ်ဖြစ်ပြီး မတ်လ (၁၂)ရက်၊ နံနက်ပိုင်းတွင် နေအိမ်မှ ဆိုင်ကယ်ဖြင့် အပြင်သို့ထွက်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးနေခဲ့၍ မတ်လ (၁၃)ရက်၊ ညနေပိုင်းတွင် အလောင်းအား ရှာတွေ့ခဲ့ပြီး ဆိုင်ကယ်ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

ထို့နောက် တစ်ရွာတည်းနေထိုင်သော ၎င်း၏ရည်းစားဖြစ်သူသည် ဆိုင်ကယ်နှင့်အတူ ကြာအင်းဆိပ်ကြီး ရဲစခန်းတွင် သွားရောက်၍ အဖမ်းခံခဲ့ကြောင်း သိရသည်။

" ရည်းစားနဲ့ချိန်းတွေ့တယ်။ ဒေါသအလျောက်ဖြစ်သွားတဲ့ပုံရှိပါတယ်။ ‌ကောင်မလေးကို သတ်ပြီးတော့မှ နောက်နေ့လို ဒီအချိန်လောက်တော့ သတင်းထွက်လာတယ်။ ‌ကောင်လေးက ကြာအင်းဆိပ်ကြီး ရဲစခန်းမှာ ဆိုင်ကယ်နဲ့အတူ အဖမ်းသွားခံတယ်"ဟု ဒေသခံတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါလူသတ်မှုကို ကျူးလွန်သော ရည်းစားဖြစ်သူ အမျိုးသားအား ကြာအင်းဆိပ်ကြီး ရဲစခန်းတွင် ဖမ်းဆီးထား၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

zawgyi version
ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၌ ေသဆုံးေနေသာမိန္းကေလးတစ္ဦး၏ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ၿပီးေနာက္ ၎၏ ရည္းစားျဖစ္သူက ရဲစခန္း၌ သြားေရာက္အဖမ္းခံခဲ့

Pearl (NP News) - မတ္ ၁၅

ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၌ ေသဆုံးေနေသာ မိန္းကေလးတစ္ဦး၏ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ၿပီးေနာက္ ၎၏ရည္းစားျဖစ္သူက ရဲစခန္းတြင္ သြားေရာက္အဖမ္းခံခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္လ (၁၃)ရက္၊ ညေန (၄)နာရီ အခ်ိန္ခန႔္တြင္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူ ေရာ္ဘာၿခံထဲတြင္ ေသဆုံးေနေသာမိန္းကေလးတစ္ဦး၏ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူသည္ ႀကံေတာလမ္းေက်း႐ြာတြင္ေနထိုင္ေသာ မခိုင္သဇင္ေထြး (ခ) မြန္ခ်မ္း (၁၈) ႏွစ္ျဖစ္ၿပီး မတ္လ (၁၂)ရက္၊ နံနက္ပိုင္းတြင္ ေနအိမ္မွ ဆိုင္ကယ္ျဖင့္ အျပင္သို႔ထြက္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ထြက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆုံးေနခဲ့၍ မတ္လ (၁၃)ရက္၊ ညေနပိုင္းတြင္ အေလာင္းအား ရွာေတြ႕ခဲ့ၿပီး ဆိုင္ကယ္ေပ်ာက္ဆုံးေနခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ တစ္႐ြာတည္းေနထိုင္ေသာ ၎၏ရည္းစားျဖစ္သူသည္ ဆိုင္ကယ္ႏွင့္အတူ ၾကာအင္းဆိပ္ႀကီး ရဲစခန္းတြင္ သြားေရာက္၍ အဖမ္းခံခဲ့ေၾကာင္း သိရသည္။

" ရည္းစားနဲ႔ခ်ိန္းေတြ႕တယ္။ ေဒါသအေလ်ာက္ျဖစ္သြားတဲ့ပုံရွိပါတယ္။ ‌ေကာင္မေလးကို သတ္ၿပီးေတာ့မွ ေနာက္ေန႔လို ဒီအခ်ိန္ေလာက္ေတာ့ သတင္းထြက္လာတယ္။ ‌ေကာင္ေလးက ၾကာအင္းဆိပ္ႀကီး ရဲစခန္းမွာ ဆိုင္ကယ္နဲ႔အတူ အဖမ္းသြားခံတယ္"ဟု ေဒသခံတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါလူသတ္မႈကို က်ဴးလြန္ေသာ ရည္းစားျဖစ္သူ အမ်ိဳးသားအား ၾကာအင္းဆိပ္ႀကီး ရဲစခန္းတြင္ ဖမ္းဆီးထား၍ စစ္ေဆးမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။

Picture

Toe Toe

15/03/2023 22:21

ရည်းစားဟောင်းလို့သိရတယ်

Related news

© 2021. All rights reserved.