ရေမြောင်းအတွင်း ဆိုက်ကားသမားတစ်ဦး ဦးခေါင်းပိုင်းနစ်ပြီးသေဆုံးမှု မင်္ဂလာတောင်ညွန့်မြို့တွင် ဖြစ်ပွား

 504

Pearl (NP News) - မတ် ၁၇

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အမျိုးသားတစ်ဦး ရေမြောင်းထဲသို့ ဦးခေါင်းစိုက်နေပြီး သေဆုံးနေ ကြောင်း မဂ်လာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းထံ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၁၆)ရက်၊ ည (၁ဝ)နာရီအချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်၊ ရေတွင်းကုန်းရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတွင်းကုန်းရပ်ကွက်ရပ်ကွက်၊ ၁၂၂လမ်း၊ အာသားလမ်းထောင့်ရှိ ရေမြောင်းအုတ်ခုံကြားတွင် အမျိုးသားတစ်ဦး ရေမြောင်းထဲသို့ ခြေထောက်နှစ်ချောင်းအပေါ်ထောင်လျက်အနေအထားဖြင့် ဦးခေါင်းပိုင်းခန္ဒာကိုယ် တဝက်သည် ရေထဲတွင်နစ်မြုတ်နေကာ သေဆုံးနေခဲ့ကြောင်း သိရသည်။

"ရပ်ကွက်ကလူတွေ ဆက်သွယ်လို့ အစ်မတို့ အဲဒီနေရာကို သွားခဲ့တယ်။ Dead Body မှာ ဘာထိခိုက်ဒဏ်ရာမှ မရှိပါဘူး၊ မြောင်းက ကျဉ်းတော့ ပြုတ်ကျပြီးတော့ ပြန်ထလို့ မရတာမျိုးဖြစ်နိုင်တယ်။ ဘယ်လိုကြောင့်ပြုတ်ကျလဲဆိုတာတော့ အတိအကျမသိပါဘူး" ဟု မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးမှ NP News ကိုပြောသည်။

သေဆုံးသူ ဦးမျိုးအောင်(၄၅နှစ်)သည် သန်လျင်တွင်နေထိုင်၍ ဆိုက်ကားနင်းသူဖြစ်ပြီး လက်ရှိတွင် အိမ်ခြေရာမဲ့ဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်အလောင်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မင်္ဂလာတောင်ညွန့်လူငယ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Zawgyi Version;
ေရေျမာင္းအတြင္း ဆိုက္ကားသမားတစ္ဦး ဦးေခါင္းပိုင္းနစ္ၿပီးေသဆုံးမႈ မဂၤလာေတာင္ၫြန႔္ၿမိဳ႕တြင္ ျဖစ္ပြား
Pearl (NP News) - မတ္ ၁၇

ရန္ကုန္တိုင္း၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး ေရေျမာင္းထဲသို႔ ဦးေခါင္းစိုက္ေနၿပီး ေသဆုံးေန ေၾကာင္း မဂ္လာေတာင္ၫြန္႔လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္းထံ မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (မတ္ ၁၆)ရက္၊ ည (၁ဝ)နာရီအခ်ိန္ခန႔္တြင္ မဂၤလာေတာင္ၫြန႔္၊ ေရတြင္းကုန္းရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေရတြင္းကုန္းရပ္ကြက္ရပ္ကြက္၊ ၁၂၂လမ္း၊ အာသားလမ္းေထာင့္ရွိ ေရေျမာင္းအုတ္ခုံၾကားတြင္ အမ်ိဳးသားတစ္ဦး ေရေျမာင္းထဲသို႔ ေျခေထာက္ႏွစ္ေခ်ာင္းအေပၚေထာင္လ်က္အေနအထားျဖင့္ ဦးေခါင္းပိုင္းခႏၵာကိုယ္ တဝက္သည္ ေရထဲတြင္နစ္ျမဳတ္ေနကာ ေသဆုံးေနခဲ့ေၾကာင္း သိရသည္။

"ရပ္ကြက္ကလူေတြ ဆက္သြယ္လို႔ အစ္မတို႔ အဲဒီေနရာကို သြားခဲ့တယ္။ Dead Body မွာ ဘာထိခိုက္ဒဏ္ရာမွ မရွိပါဘူး၊ ေျမာင္းက က်ဥ္းေတာ့ ျပဳတ္က်ၿပီးေတာ့ ျပန္ထလို႔ မရတာမ်ိဳးျဖစ္ႏိုင္တယ္။ ဘယ္လိုေၾကာင့္ျပဳတ္က်လဲဆိုတာေတာ့ အတိအက်မသိပါဘူး" ဟု မဂၤလာေတာင္ၫြန္႔လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္း၏ တာဝန္ရွိသူ တစ္ဦးမွ NP News ကိုေျပာသည္။

ေသဆုံးသူ ဦးမ်ိဳးေအာင္(၄၅ႏွစ္)သည္ သန္လ်င္တြင္ေနထိုင္၍ ဆိုက္ကားနင္းသူျဖစ္ၿပီး လက္ရွိတြင္ အိမ္ေျခရာမဲ့ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ႐ုပ္အေလာင္းအား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ မဂၤလာေတာင္ၫြန္႔လူငယ္လူမႈကူညီကယ္ဆယ္ေရးအသင္းမွ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.