အမှတ်(၇) အထည်စက်ရုံ(မြစ်သား) မှ စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် (၁)နှစ်လျှင် ၂/၈ဝ ချည် ပေါင်(၂) သိန်း‌ကျော် ထုတ်လုပ်သွားမည်

 436

ယွန်း (NP News) - မတ် ၁၇

အမှတ်(၇) အထည်စက်ရုံ(မြစ်သား) မှ စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် (၁)နှစ်လျှင် ၂/၈ဝ ချည် ပေါင်(၂) သိန်းကျော် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မတ်လ(၁၆)ရက်က မန္တလေးတိုင်း၊ မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား) ကို သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။

ပြည်ပမှ အထည်အလိပ်တင်သွင်းမှု လျှော့ချနိုင်ရန်အတွက် နစကဥက္ကဌ၏ လမ်းညွှန်မှုအရ စက်မှုဝန်ကြီးဌာန အနေဖြင့် ၂/၈ဝ ချည်များကို ထုတ်လုပ်၍ ပြည်တွင်းအထည်အလိပ်လုပ်ငန်းများသို့ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် အမှတ်(၇) အထည်စက်ရုံ (မြစ်သား) တွင် ထုတ်လုပ်နိုင်ရေး စီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။

အဆိုပါစီမံချက်များအရ စက်စွမ်းအားပြည့် လည်ပတ်နိုင်ချိန်တွင် ၂/၈ဝ ချည်ကို တစ်လလျှင် ပေါင်(၂ဝဝဝဝ) ထုတ်လုပ်ကာ တစ်နှစ်လျှင် ပေါင်(၂၄ဝဝဝဝ) အခြေခံထုတ်လုပ်နိုင်ပြီး ပြည်တွင်းအထည်အလိပ်လုပ်ငန်းရှင်များထံ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

အမှတ်(၇) အထည်စက်ရုံ(မြစ်သား) အနေဖြင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသော ၂/၈ဝ ချည်များကို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ဝါဂွမ်းအမျှင်အရှည် (၃၄)မီလီမီတာရှိသော ကုန်ကြမ်းပစ္စည်းများကို သုံးပြီး ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အမွတ္(၇) အထည္စက္႐ုံ(ျမစ္သား) မွ စက္စြမ္းအားျပည့္ လည္ပတ္ႏိုင္ခ်ိန္တြင္ (၁)ႏွစ္လွ်င္ ၂/၈ဝ ခ်ည္ ေပါင္(၂) သိန္း‌ေက်ာ္ ထုတ္လုပ္သြားမည္
ယြန္း (NP News) - မတ္ ၁၇

အမွတ္(၇) အထည္စက္႐ုံ(ျမစ္သား) မွ စက္စြမ္းအားျပည့္ လည္ပတ္ႏိုင္ခ်ိန္တြင္ (၁)ႏွစ္လွ်င္ ၂/၈ဝ ခ်ည္ ေပါင္(၂) သိန္းေက်ာ္ ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္းက မတ္လ(၁၆)ရက္က မႏၲေလးတိုင္း၊ ျမစ္သားၿမိဳ႕ရွိ အမွတ္(၇)အထည္စက္႐ုံ (ျမစ္သား) ကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။

ျပည္ပမွ အထည္အလိပ္တင္သြင္းမႈ ေလွ်ာ့ခ်ႏိုင္ရန္အတြက္ နစကဥကၠဌ၏ လမ္းၫႊန္မႈအရ စက္မႈဝန္ႀကီးဌာန အေနျဖင့္ ၂/၈ဝ ခ်ည္မ်ားကို ထုတ္လုပ္၍ ျပည္တြင္းအထည္အလိပ္လုပ္ငန္းမ်ားသို႔ ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္ခဲ့ ေၾကာင္း သိရသည္။

ထိုသို႔ ျပည္ပမွ တင္သြင္းမႈေလွ်ာ့ခ်ႏိုင္ရန္အတြက္ အမွတ္(၇) အထည္စက္႐ုံ (ျမစ္သား) တြင္ ထုတ္လုပ္ႏိုင္ေရး စီမံခ်က္မ်ားကို ေရးဆြဲေဆာင္႐ြက္ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။

အဆိုပါစီမံခ်က္မ်ားအရ စက္စြမ္းအားျပည့္ လည္ပတ္ႏိုင္ခ်ိန္တြင္ ၂/၈ဝ ခ်ည္ကို တစ္လလွ်င္ ေပါင္(၂ဝဝဝဝ) ထုတ္လုပ္ကာ တစ္ႏွစ္လွ်င္ ေပါင္(၂၄ဝဝဝဝ) အေျခခံထုတ္လုပ္ႏိုင္ၿပီး ျပည္တြင္းအထည္အလိပ္လုပ္ငန္းရွင္မ်ားထံ ျဖန႔္ျဖဴးေပးႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း ၎မွ ဆက္လက္ေျပာဆိုထားသည္။

အမွတ္(၇) အထည္စက္႐ုံ(ျမစ္သား) အေနျဖင့္ အရည္အေသြးေကာင္းမြန္ၿပီး အဆင့္မီေသာ ၂/၈ဝ ခ်ည္မ်ားကို စီးပြားျဖစ္ထုတ္လုပ္ႏိုင္ေရးအတြက္ ဝါဂြမ္းအမွ်င္အရွည္ (၃၄)မီလီမီတာရွိေသာ ကုန္ၾကမ္းပစၥည္းမ်ားကို သုံးၿပီး ထုတ္လုပ္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.