၂ဝ၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲအတွက် ရွေးချယ်ထားသည့် ‌ရွှေကြို(၂၁)ဦးအား မတ်လ(၂ဝ) ရက်နောက်ဆုံးထားကာ ဆက်သွယ်ကြရန် ကြေညာ

 724

ယွန်း (NP News) - မတ် ၁၇

၂ဝ၁၉ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲအတွက် ရွေးချယ်ထားခဲ့သည့် ရွှေကြိုမောင်မယ်(၂၁)ဦးအား မတ်လ(၂ဝ)ရက်တွင် နောက်ဆုံးဆက်သွယ်ရန် ရွှေကြိုရွေးချယ်ရေးကော်မတီထံမှ ကြေညာထားသည်။

အဆိုပါ ၂ဝ၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များအား အမျိုးသား(၁၁)ဦး နှင့် အမျိုးသား (၁ဝ)ဦး စုစုပေါင်း(၂၁)ဦးတို့ကို ရွေးချယ်ထားပြီးဖြစ်သည်။

ထို့ကြောင့် ၎င်းတို့‌အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ မတ်လ(၂ဝ)ရက် နောက်ဆုံးထားပြီး ဆက်သွယ်ရန် ရွှေကြိုရွေးချယ်ရေးကော်မတီမှ အသိပေးကြေညာထားခြင်းဖြစ်သည်။
ထို့သို့ဆောင်ရွက်ရသည်မှာ ရွှေကြိုများကို အမည်နှင့်တကွ ကြေညာကာ ဆက်လက်ပါဝင်လိုခြင်း ရှိ၊ မရှိ သဘောထားဆန္ဒတောင်းခံပြီး ဆက်လက်ပါဝင်လိုပါက ယခင်‌ရွေးချယ်ခဲ့သည့် စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိကို ပြန်လည်စိစစ်ဆောင်ရွက်သွားရန် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် (၂ဝ၂ဝ - ၂ဝ၂၂) ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်အဖြစ် ပါဝင်လိုသူများအနေဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ကဘာလမ်းတွင် လျှောက်လွှာထုတ်ယူနိုင်ပြီး မတ်လ(၂၄)ရက်တွင် နောက်ဆုံးထားကာ ပြန်လည်တင်သွင်းရန် ရွှေကြိုရွေးချယ်ရေးကော်မတီမှ ထပ်မံ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိခေါ်ယူနေသော ရွှေကြိုမောင်မယ်များသည် ၂ဝ၁၉ ခုနှစ်၊ ၂ဝ၂ဝ ပြည့်နှစ်၊ ၂ဝ၂၂ ခုနှစ် (၃)နှစ်စာအတွက် ခေါ်ယူနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်တွင် အကယ်ဒမီရွှေကြိုများကို ရွေးချယ်ခဲ့သော်လည်း ကိုဗစ်ရောဂါ ကြောင့် အကယ်ဒမီဆုပေးပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

Zawgyi Version;
၂ဝ၁၉ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီေပးပြဲအတြက္ ေ႐ြးခ်ယ္ထားသည့္ ‌ေ႐ႊႀကိဳ(၂၁)ဦးအား မတ္လ(၂ဝ) ရက္ေနာက္ဆုံးထားကာ ဆက္သြယ္ၾကရန္ ေၾကညာ
ယြန္း (NP News) - မတ္ ၁၇

၂ဝ၁၉ ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု အကယ္ဒမီေပးပြဲအတြက္ ေ႐ြးခ်ယ္ထားခဲ့သည့္ ေ႐ႊႀကိဳေမာင္မယ္(၂၁)ဦးအား မတ္လ(၂ဝ)ရက္တြင္ ေနာက္ဆုံးဆက္သြယ္ရန္ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးေကာ္မတီထံမွ ေၾကညာထားသည္။

အဆိုပါ ၂ဝ၁၉ ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအတြက္ ေ႐ႊႀကိဳေမာင္မယ္မ်ားအား အမ်ိဳးသား(၁၁)ဦး ႏွင့္ အမ်ိဳးသား (၁ဝ)ဦး စုစုေပါင္း(၂၁)ဦးတို႔ကို ေ႐ြးခ်ယ္ထားၿပီးျဖစ္သည္။

ထို႔ေၾကာင့္ ၎တို႔‌အား ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးသို႔ မတ္လ(၂ဝ)ရက္ ေနာက္ဆုံးထားၿပီး ဆက္သြယ္ရန္ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးေကာ္မတီမွ အသိေပးေၾကညာထားျခင္းျဖစ္သည္။
ထို႔သို႔ေဆာင္႐ြက္ရသည္မွာ ေ႐ႊႀကိဳမ်ားကို အမည္ႏွင့္တကြ ေၾကညာကာ ဆက္လက္ပါဝင္လိုျခင္း ရွိ၊ မရွိ သေဘာထားဆႏၵေတာင္းခံၿပီး ဆက္လက္ပါဝင္လိုပါက ယခင္‌ေ႐ြးခ်ယ္ခဲ့သည့္ စံၫႊန္းမ်ားႏွင့္ ကိုက္ညီမႈ ရွိ/မရွိကို ျပန္လည္စိစစ္ေဆာင္႐ြက္သြားရန္ ေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ (၂ဝ၂ဝ - ၂ဝ၂၂) ခုႏွစ္အတြက္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲတြင္ ေ႐ႊႀကိဳေမာင္မယ္အျဖစ္ ပါဝင္လိုသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး၊ အမွတ္(၁၆)၊ ဝကၤဘာလမ္းတြင္ ေလွ်ာက္လႊာထုတ္ယူႏိုင္ၿပီး မတ္လ(၂၄)ရက္တြင္ ေနာက္ဆုံးထားကာ ျပန္လည္တင္သြင္းရန္ ေ႐ႊႀကိဳေ႐ြးခ်ယ္ေရးေကာ္မတီမွ ထပ္မံ အသိေပးထုတ္ျပန္ထားသည္။

လက္ရွိေခၚယူေနေသာ ေ႐ႊႀကိဳေမာင္မယ္မ်ားသည္ ၂ဝ၁၉ ခုႏွစ္၊ ၂ဝ၂ဝ ျပည့္ႏွစ္၊ ၂ဝ၂၂ ခုႏွစ္ (၃)ႏွစ္စာအတြက္ ေခၚယူေနျခင္းျဖစ္ၿပီး ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္တြင္ အကယ္ဒမီေ႐ႊႀကိဳမ်ားကို ေ႐ြးခ်ယ္ခဲ့ေသာ္လည္း ကိုဗစ္ေရာဂါ ေၾကာင့္ အကယ္ဒမီဆုေပးပြဲကို က်င္းပႏိုင္ျခင္းမရွိခဲ့ေပ။

Related news

© 2021. All rights reserved.