တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြီးစီးခဲ့ပြီး စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို တစ်နိုင်ငံလုံး၌(၂)ဦးသာဖြေဆို

 1169

ယွန်း (NP News) - မတ် ၁၈

တက္ကသိုလ်ဝင်စာမေးပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ‌ဖြေဆိုသူ(၂)ဦးသာရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့(မတ်လ ၁၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ မတ်လ(၁၈)ရက်အထိ သတ် မှတ်အချိန်ဇယားအတိုင်းကျင်းပခဲ့ရာ အောင်မြင်စွာဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ (မတ်လ ၁၈ ရက်)တွင် နောက်ဆုံးဘာသာရပ်ဖြစ်သည့် စိတ်ကြိုက်မြန်မာစာကို ‌တစ်နိုင်ငံလုံးတွင် မန္တလေး နှင့် ရန်ကုန်မှ စုစုပေါင်းဖြေဆိုသူ(၂)ဦးသာ လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ယခု ကျင်းပပြီးစီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲသည် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲ၌ ကျရှုံးခဲ့သူများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက် ဆုံးအကြိမ်ကျင်းပသည့် စာမေးပွဲလည်း ဖြစ်သည်။

အဆိုပါ စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၉၇၄၂)ဦး ရှိခဲ့ကြောင်း သိရသည်။

zawgyi version
တကၠသိုလ္ဝင္စာေမးပြဲက်င္းပၿပီးစီးခဲ့ၿပီး စိတ္ႀကိဳက္ျမန္မာစာဘာသာရပ္ကို တစ္ႏိုင္ငံလုံး၌(၂)ဦးသာ ေျဖဆို

ယြန္း (NP News) - မတ္ ၁၈

တကၠသိုလ္ဝင္စာေမးပြဲကို က်င္းပၿပီးစီးခဲ့ၿပီျဖစ္ၿပီး တစ္ႏိုင္ငံလုံးတြင္ စိတ္ႀကိဳက္ျမန္မာစာဘာသာရပ္ကို ‌ေျဖဆိုသူ(၂)ဦးသာရွိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ယေန႔(မတ္လ ၁၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

၂ဝ၂၃ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွ မတ္လ(၁၈)ရက္အထိ သတ္မွတ္အခ်ိန္ဇယားအတိုင္းက်င္းပခဲ့ရာ ေအာင္ျမင္စြာေျဖဆိုၿပီးစီးခဲ့ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ယေန႔ (မတ္လ ၁၈ ရက္)တြင္ ေနာက္ဆုံးဘာသာရပ္ျဖစ္သည့္ စိတ္ႀကိဳက္ျမန္မာစာကို ‌တစ္ႏိုင္ငံလုံးတြင္ မႏၲေလး ႏွင့္ ရန္ကုန္မွ စုစုေပါင္းေျဖဆိုသူ(၂)ဦးသာ လာေရာက္ေျဖဆိုခဲ့ေၾကာင္း သိရသည္။

ယခု က်င္းပၿပီးစီးခဲ့သည့္ တကၠသိုလ္ဝင္စာေမးပြဲသည္ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ က်ရႈံးခဲ့သူ မ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝင္ေရာက္ေျဖဆိုခြင့္မရခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စနစ္ေဟာင္း၊ သင္႐ိုးေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္က်င္းပသည့္ စာေမးပြဲလည္း ျဖစ္သည္။

အဆိုပါ စာေမးပြဲကို ဝင္ေရာက္ေျဖဆိုရန္ ေလွ်ာက္လႊာတင္သြင္းခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၁၇၉၇၄၂)ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.