လှိုင်မြစ်အတွင်း ကုန်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွား

 967

Pearl (NP News) - မတ် ၁၈

ရန်ကုန်တိုင်း၊ လှိုင်မြစ်အတွင်း ကုန်တင်သင်္ဘောတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ကနောင် နာရေး/ရှင်ရေး ကူညီမှုအသင်း(အင်းစိန်)ထံမှ သတင်းရရှိသည်။

ယနေ့ (မတ်လ ၁၈ ရက်)၊ ညနေ (၄)နာရီအချိန်ခန့်တွင် ရန်ကုန်မြို့၊ လှိုင်မြစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဘုရင့်နောင်မှာ ကုန်တင်ပြီး ပြန်ထွက်တဲ့အချိန် တိမ်းမှောက်ပြီး ရေအတက်နဲ့ဆိုတော့ မျောလာတာပါ၊ ရွှေပြည်သာ ကျောက်ခွဲစက်လမ်းနားက ရေအလယ်လောက်မှာ အခုရှိနေတယ်၊ ခုထိတော့ ထိခိုက်ဒဏ် ရာရတဲ့လူတော့ မရှိပါဘူး၊ မျောလာတဲ့ဘက်က လူတွေ ခုထိ မလာသေးတော့ သင်္ဘောပေါ်မှာ လူ ပါ/မပါကို မသိရဘူး" ဟု ကနောင် နာရေး/ရှင်ရေးကူညီမှုအသင်း (အင်းစိန်)၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ သင်္ဘောတိမ်းမှောက်မှုနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများ မတွေ့ရှိရသေးကြောင်း သိရသည်။

လက်ရှိတွင် ကုန်ပစ္စည်းအချို့ ရေထဲမျောပါလျက်ရှိပြီး အဆိုပါကုန်ပစ္စည်းများအား လိုက်လံကူညီဆယ်ပေးလျက်ရှိကြောင်းသိရသည်။

zawgyi version
လႈိင္ျမစ္အတြင္း ကုန္တင္သေဘၤာတစ္စီး တိမ္းေမွာက္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၁၈

ရန္ကုန္တိုင္း၊ လႈိင္ျမစ္အတြင္း ကုန္တင္သေဘၤာတစ္စီး တိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ကေနာင္ နာေရး/ရွင္ေရး ကူညီမႈအသင္း(အင္းစိန္)ထံမွ သတင္းရရွိသည္။

ယေန႔ (မတ္လ ၁၈ ရက္)၊ ညေန (၄)နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္ၿမိဳ႕၊ လႈိင္ျမစ္အတြင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဘုရင့္ေနာင္မွာ ကုန္တင္ၿပီး ျပန္ထြက္တဲ့အခ်ိန္ တိမ္းေမွာက္ၿပီး ေရအတက္နဲ႔ဆိုေတာ့ ေမ်ာလာတာပါ၊ ေ႐ႊျပည္သာ ေက်ာက္ခြဲစက္လမ္းနားက ေရအလယ္ေလာက္မွာ အခုရွိေနတယ္၊ ခုထိေတာ့ ထိခိုက္ဒဏ္ ရာရတဲ့လူေတာ့ မရွိပါဘူး၊ ေမ်ာလာတဲ့ဘက္က လူေတြ ခုထိ မလာေသးေတာ့ သေဘၤာေပၚမွာ လူ ပါ/မပါကို မသိရဘူး" ဟု ကေနာင္ နာေရး/ရွင္ေရးကူညီမႈအသင္း (အင္းစိန္)၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ သေဘၤာတိမ္းေမွာက္မႈႏွင့္ပတ္သက္၍ ထိခိုက္ဒဏ္ရာရရွိသူမ်ား မေတြ႕ရွိရေသးေၾကာင္း သိရသည္။

လက္ရွိတြင္ ကုန္ပစၥည္းအခ်ိဳ႕ ေရထဲေမ်ာပါလ်က္ရွိၿပီး အဆိုပါကုန္ပစၥည္းမ်ားအား လိုက္လံကူညီဆယ္ေပးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.