ထိုင်းထီ ဘတ်(၆)သန်းဆု ပေါက်ခဲ့သော်လည်း ဆပ်ရမည့်အကြွေးက ပိုများနေခဲ့တဲ့ အမျိုးသမီး

1719

Pika (NP News) - မတ် ၁၈
ထိုင်းနိုင်ငံ အလယ်ပိုင်း Prachin Buri ပြည်နယ်ရှိ ဈေးတစ်ခုတွင် ကြက်ဥရောင်းသော အမျိုးသမီးတစ်ဦးသည် ဘတ်(၆)သန်း ထီဆုကို ဆွတ်ခူးရရှိခဲ့သော်လည်း ၎င်း၏ ဆပ်ရန်ကျန်ရှိသောအကြွေးမှာ ဘတ်(၁ဝ) သန်း ရှိနေခဲ့ ကြောင်းလည်း သိရသည်။
Amy ဟုခေါ်သော အမျိုးသမီးသည် ထီပေါက်သည်ကို သိရှိချိန်တွင် ပျော်လွန်းသည့်အတွက် ကြက်သားနှင့် ကြက်ဥ ဗူး (၅ဝဝ) ကို ဝေမျှခဲ့ကြောင်းသိရသည်။ အိမ်မက်ထဲတွင် ဗုဒ္ဓဘာသာသီလရှင်တစ်ပါးက ၎င်း၏အမေကို နံပါတ်(၃)ဟု ဖွင့်ပြောသည်ကို မက်ခဲ့ပြီးနောက် နံပါတ်(၃)ဖြင့် ဆုံးသော (ဝ၂၅၈၇၃) ဆိုသည့်လက်မှတ်ကို ဝယ်ယူ လိုက်ခြင်းဖြစ်ကြောင်း Amy က ပြောကြားခဲ့သည်။
ထို့အပြင် ဘတ်(၄)သန်း ဆပ်ရမည့် အကြွေးကျန်ရှိနေသေးသော်လည်း ဝန်ထုပ်ဝန်ပိုးကို သိသိသာသာလျော့ကျစေ ကြောင်း ကုသိုလ်လုပ်ခြင်းကြောင့် ထီပေါက်သည်ဟု ယုံကြည်ကြောင်း Amy က ပြောကြားခဲ့သည်။ ဆပ်ရမည့် အကြွေးများကျန်ရှိနေသော်လည်း နောက်ထပ် ကြက်ဥကဒ်များကို ဝေမျှပေးသွားဦးမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အိမ်ခြံမြေနှင့်ပတ်သက်သည့် အကြွေးများသည် တောက်လျှောက်မြင့်မားလျက်ရှိနေပြီး ထီပေါက်သူ များသည် ရရှိသောပိုက်ဆံများကို ဘာလုပ်မလဲဟု မေးခံရချိန်တွင် အကြွေးဆပ်သွားမည်ဟု ဖြေဆိုခဲ့သူများ အတော်များများရှိနေခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်က Buriram မြို့ရှိ Champa ဟုခေါ် သော အသားရောင်းသူတစ်ဦးသည် ဘတ်(၆)သန်း ထီဆုကို ပေါက်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ ဘတ်(၆)သန်းကို အကြွေးဆပ်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသော ပိုက်ဆံများကို ၎င်း၏ ကလေးများပညာရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း Champa က ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်လက Phuangphet အမည်ရှိ အသက်(၇၂)နှစ်အရွယ် ကိတ်မုန့်သည် အမျိုးသမီးတစ်ဦးသည် ထီလက်မှတ် နှစ်စောင်ကို ဝယ်ယူပြီးနောက် ဘတ်ငွေ(၁၂)သန်းပေါက်ခဲ့ကြောင်းလည်း သိရသည်။
Phuangphet က "ပထမဆုံးလုပ်မယ့်အရာက ကျွန်မရဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ပါပဲ" ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်လက သစ်သီးသည်တစ်ဦးသည် ထီလက်မှတ်(၅)စောင်ဖြင့် ဘတ်သန်း(၃ဝ) ကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းက "ကျွန်တော် အကြွေးတွေဆပ်ပြီးရင်တော့ မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက Khon Kaen မြို့ကို ပြန်ပြောင်းနေသွားမှာပါ၊၊ လက်ကျန်ငွေကို ရင်းနှီးမြှုပ်နှံသွားပြီး ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် အသုံးချသွားမှာပါ" ဟု ပြောဆိုခဲ့သည်။ မတ်လ(၁၇)ရက်က အမည်မသိ ကံကောင်းသူ တစ်ဦးသည် ထီလက်မှတ်(၁၈) စောင်ကို ဝယ်ယူပြီးနောက် digital ထီတွင် ဘတ်ငွေ(၁ဝ၈) သန်းအထိ ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းထီ ဘတ္(၆)သန္းဆု ေပါက္ခဲ့ေသာ္လည္း ဆပ္ရမည့္အေႂကြးက ပိုမ်ားေနခဲ့တဲ့ အမ်ိဳးသမီး
Pika (NP News) - မတ္ ၁၈
ထိုင္းႏိုင္ငံ အလယ္ပိုင္း Prachin Buri ျပည္နယ္ရွိ ေဈးတစ္ခုတြင္ ၾကက္ဥေရာင္းေသာ အမ်ိဳးသမီးတစ္ဦးသည္ ဘတ္(၆)သန္း ထီဆုကို ဆြတ္ခူးရရွိခဲ့ေသာ္လည္း ၎၏ ဆပ္ရန္က်န္ရွိေသာအေႂကြးမွာ ဘတ္(၁ဝ) သန္း ရွိေနခဲ့ ေၾကာင္းလည္း သိရသည္။
Amy ဟုေခၚေသာ အမ်ိဳးသမီးသည္ ထီေပါက္သည္ကို သိရွိခ်ိန္တြင္ ေပ်ာ္လြန္းသည့္အတြက္ ၾကက္သားႏွင့္ ၾကက္ဥ ဗူး (၅ဝဝ) ကို ေဝမွ်ခဲ့ေၾကာင္းသိရသည္။ အိမ္မက္ထဲတြင္ ဗုဒၶဘာသာသီလရွင္တစ္ပါးက ၎၏အေမကို နံပါတ္(၃)ဟု ဖြင့္ေျပာသည္ကို မက္ခဲ့ၿပီးေနာက္ နံပါတ္(၃)ျဖင့္ ဆုံးေသာ (ဝ၂၅၈၇၃) ဆိုသည့္လက္မွတ္ကို ဝယ္ယူ လိုက္ျခင္းျဖစ္ေၾကာင္း Amy က ေျပာၾကားခဲ့သည္။
ထို႔အျပင္ ဘတ္(၄)သန္း ဆပ္ရမည့္ အေႂကြးက်န္ရွိေနေသးေသာ္လည္း ဝန္ထုပ္ဝန္ပိုးကို သိသိသာသာေလ်ာ့က်ေစ ေၾကာင္း ကုသိုလ္လုပ္ျခင္းေၾကာင့္ ထီေပါက္သည္ဟု ယုံၾကည္ေၾကာင္း Amy က ေျပာၾကားခဲ့သည္။ ဆပ္ရမည့္ အေႂကြးမ်ားက်န္ရွိေနေသာ္လည္း ေနာက္ထပ္ ၾကက္ဥကဒ္မ်ားကို ေဝမွ်ေပးသြားဦးမည္ျဖစ္ေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံတြင္ အိမ္ၿခံေျမႏွင့္ပတ္သက္သည့္ အေႂကြးမ်ားသည္ ေတာက္ေလွ်ာက္ျမင့္မားလ်က္ရွိေနၿပီး ထီေပါက္သူ မ်ားသည္ ရရွိေသာပိုက္ဆံမ်ားကို ဘာလုပ္မလဲဟု ေမးခံရခ်ိန္တြင္ အေႂကြးဆပ္သြားမည္ဟု ေျဖဆိုခဲ့သူမ်ား အေတာ္မ်ားမ်ားရွိေနခဲ့ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ သီတင္းပတ္ႏွစ္ပတ္က Buriram ၿမိဳ႕ရွိ Champa ဟုေခၚ ေသာ အသားေရာင္းသူတစ္ဦးသည္ ဘတ္(၆)သန္း ထီဆုကို ေပါက္ခဲ့ေၾကာင္းလည္း သိရသည္။
အဆိုပါ ဘတ္(၆)သန္းကို အေႂကြးဆပ္ရန္အတြက္ အသုံးျပဳသြားမည္ျဖစ္ၿပီး က်န္ရွိေသာ ပိုက္ဆံမ်ားကို ၎၏ ကေလးမ်ားပညာေရးအတြက္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း Champa က ေျပာဆိုခဲ့သည္။ ၿပီးခဲ့သည့္လက Phuangphet အမည္ရွိ အသက္(၇၂)ႏွစ္အ႐ြယ္ ကိတ္မုန႔္သည္ အမ်ိဳးသမီးတစ္ဦးသည္ ထီလက္မွတ္ ႏွစ္ေစာင္ကို ဝယ္ယူၿပီးေနာက္ ဘတ္ေငြ(၁၂)သန္းေပါက္ခဲ့ေၾကာင္းလည္း သိရသည္။
Phuangphet က "ပထမဆုံးလုပ္မယ့္အရာက ကြၽန္မရဲ႕အေႂကြးေတြကို ျပန္ဆပ္ဖို႔ပါပဲ" ဟု ေျပာဆိုခဲ့သည္။
ၿပီးခဲ့သည့္လက သစ္သီးသည္တစ္ဦးသည္ ထီလက္မွတ္(၅)ေစာင္ျဖင့္ ဘတ္သန္း(၃ဝ) ကို ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။ ၎က "ကြၽန္ေတာ္ အေႂကြးေတြဆပ္ၿပီးရင္ေတာ့ ေမြးရပ္ေျမျဖစ္တဲ့ ထိုင္းႏိုင္ငံ အေရွ႕ေျမာက္ပိုင္းက Khon Kaen ၿမိဳ႕ကို ျပန္ေျပာင္းေနသြားမွာပါ၊၊ လက္က်န္ေငြကို ရင္းႏွီးျမႇဳပ္ႏွံသြားၿပီး ကေလးႏွစ္ေယာက္ရဲ႕ ပညာေရးအတြက္ အသုံးခ်သြားမွာပါ" ဟု ေျပာဆိုခဲ့သည္။ မတ္လ(၁၇)ရက္က အမည္မသိ ကံေကာင္းသူ တစ္ဦးသည္ ထီလက္မွတ္(၁၈) ေစာင္ကို ဝယ္ယူၿပီးေနာက္ digital ထီတြင္ ဘတ္ေငြ(၁ဝ၈) သန္းအထိ ရရွိခဲ့ေၾကာင္း သိရသည္။