ဩစတြေးလျနိုင်ငံရှိ မြစ်တစ်ခုတွင် သန်းနှင့်ချီသော ငါးများ သေဆုံး

 710

Pika (NP News) - မတ် ၁၈

ဩစတြေးလျနိုင်ငံတွင် ပြင်းထန်သော အပူလှိုင်းများတိုက်ခတ်မှုနှင့်အတူ ဝေးလံခေါင်သီသောမြို့တစ်မြို့အနီးတွင် သန်းနှင့်ချီသော ငါးများ သေဆုံးပြီး ကမ်းစပ်တွင် ငါးသေများ သောင်တင်နေလျက်ရှိနေကြောင်း သိရသည်။

အဆိုပါ မြစ်အတွင်းတွင် ပုပ်ပွနေသော ငါးသေများဖြင့် ပြည့်နှက်နေသည်ကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ခဲ့ရသည်။ ငါးသန်းပေါင်းများစွာသည် Menindee မြို့အနီးရှိ Darling မြစ်အတွင်းတွင် သေဆုံးနေခြင်းဖြစ်ကြောင်း New South Wales ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ Graeme McCrabb က "ဒါဟာ တကယ်ကို ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ကျွန်တော်တို့ မြင်နိုင်တာထက်ပိုပြီး များတဲ့ ငါးသေတွေ အများကြီးပါပဲ။ ငါးတွေ သေဆုံးမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် အများကြီးပိုဆိုးလာပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဟာ နားမလည်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။

မကြာသေးမီကာလအတွင်း ရေကြီးခဲ့ပြီးနောက် အဆိုပါမြစ်တွင် ငါးသားပေါက် နှင့် ငါးကြင်းကဲ့သို့သော ငါးမျိုးများ ပေါက်ဖွားလာခဲ့သော်လည်း လက်ရှိအချိန်တွင် ရေပြန်ကျလာသဖြင့် အရေအတွက်များစွာ သေဆုံးလျက်ရှိနေ ကြောင်း သိရသည်။

အစိုးရထုတ်ပြန်ချက်တွင် "ရေပြန်ကျလာမှုနဲ့အတူ ရေထဲမှာ အောက်စီဂျင်နည်းလာမှုတွေက ငါးတွေ သေဆုံးမှုနဲ့ ဆက်စပ်နေပါတယ်။ ပူနွေးနေတဲ့ရေထက် အေးတဲ့ရေမှာ အောက်စီဂျင်ပါဝင်မှုက ပိုများပါတယ်၊၊ လက်ရှိအချိန်မှာ အပူလှိုင်းတွေလည်း တိုက်ခတ်နေတဲ့အတွက် ပူနွေးနေတဲ့ရေမှာ အောက်စီဂျင်ပါဝင်မှုနည်းတာကြောင့် ငါးတွေ သေဆုံးနေတာပဲဖြစ်ပါတယ်" ဟု ထုတ်ပြန်ထားသည်။ ပြည်နယ်အစိုးရ ငါးလုပ်ငန်းပြောရေးဆိုခွင့်ရှိသူ Cameron Lay က ၎င်းသည် ငါးသေများဖြင့် ပိတ်ဆို့နေသောမြစ်ကို ကြည့်ရှုရန်အတွက် သွားရောက်ခဲ့ကြောင်း ပြောကြားခဲ့ သည်။

၎င်းက "ကျွန်တော်တို့ မျက်စိနဲ့မြင်နိုင်တဲ့အထိ ကီလိုမီတာဆယ်ဂဏန်းလောက်ထိ ငါးသေတွေနဲ့ ပြည့်နေတာကို တွေ့ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။ Menindee မြို့တွင် လူဦးရေ(၅ဝဝ) ခန့်ရှိပြီး မကြာသေးမီနှစ်များအတွင်း မိုးခေါင်မှုနှင့် ရေလွှမ်းမိုးမှုတို့ကြောင့် ပျက်စီးမှုများ နှင့် ကြုံတွေ့နေရကြောင်း သိရသည်။

Zawgyi Version;
ဩစေၾတးလ်ႏိုင္ငံရွိ ျမစ္တစ္ခုတြင္ သန္းႏွင့္ခ်ီေသာ ငါးမ်ား ေသဆုံး
Pika (NP News) - မတ္ ၁၈

ဩစေၾတးလ်ႏိုင္ငံတြင္ ျပင္းထန္ေသာ အပူလႈိင္းမ်ားတိုက္ခတ္မႈႏွင့္အတူ ေဝးလံေခါင္သီေသာၿမိဳ႕တစ္ၿမိဳ႕အနီးတြင္ သန္းႏွင့္ခ်ီေသာ ငါးမ်ား ေသဆုံးၿပီး ကမ္းစပ္တြင္ ငါးေသမ်ား ေသာင္တင္ေနလ်က္ရွိေနေၾကာင္း သိရသည္။

အဆိုပါ ျမစ္အတြင္းတြင္ ပုပ္ပြေနေသာ ငါးေသမ်ားျဖင့္ ျပည့္ႏွက္ေနသည္ကို ဆိုရွယ္မီဒီယာေပၚတြင္ တင္ထားေသာ ဗီဒီယိုဖိုင္တစ္ခုတြင္ ေတြ႕ခဲ့ရသည္။ ငါးသန္းေပါင္းမ်ားစြာသည္ Menindee ၿမိဳ႕အနီးရွိ Darling ျမစ္အတြင္းတြင္ ေသဆုံးေနျခင္းျဖစ္ေၾကာင္း New South Wales ျပည္နယ္အစိုးရက ေျပာၾကားခဲ့သည္။

ေဒသခံတစ္ဦးျဖစ္သူ Graeme McCrabb က "ဒါဟာ တကယ္ကို ေၾကာက္စရာေကာင္းတဲ့ ျဖစ္ရပ္တစ္ခုပါပဲ။ ကြၽန္ေတာ္တို႔ ျမင္ႏိုင္တာထက္ပိုၿပီး မ်ားတဲ့ ငါးေသေတြ အမ်ားႀကီးပါပဲ။ ငါးေတြ ေသဆုံးမႈဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ အမ်ားႀကီးပိုဆိုးလာပါတယ္။ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈဟာ နားမလည္ႏိုင္တဲ့ ကိစၥတစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။

မၾကာေသးမီကာလအတြင္း ေရႀကီးခဲ့ၿပီးေနာက္ အဆိုပါျမစ္တြင္ ငါးသားေပါက္ ႏွင့္ ငါးၾကင္းကဲ့သို႔ေသာ ငါးမ်ိဳးမ်ား ေပါက္ဖြားလာခဲ့ေသာ္လည္း လက္ရွိအခ်ိန္တြင္ ေရျပန္က်လာသျဖင့္ အေရအတြက္မ်ားစြာ ေသဆုံးလ်က္ရွိေန ေၾကာင္း သိရသည္။

အစိုးရထုတ္ျပန္ခ်က္တြင္ "ေရျပန္က်လာမႈနဲ႔အတူ ေရထဲမွာ ေအာက္စီဂ်င္နည္းလာမႈေတြက ငါးေတြ ေသဆုံးမႈနဲ႔ ဆက္စပ္ေနပါတယ္။ ပူေႏြးေနတဲ့ေရထက္ ေအးတဲ့ေရမွာ ေအာက္စီဂ်င္ပါဝင္မႈက ပိုမ်ားပါတယ္၊၊ လက္ရွိအခ်ိန္မွာ အပူလႈိင္းေတြလည္း တိုက္ခတ္ေနတဲ့အတြက္ ပူေႏြးေနတဲ့ေရမွာ ေအာက္စီဂ်င္ပါဝင္မႈနည္းတာေၾကာင့္ ငါးေတြ ေသဆုံးေနတာပဲျဖစ္ပါတယ္" ဟု ထုတ္ျပန္ထားသည္။ ျပည္နယ္အစိုးရ ငါးလုပ္ငန္းေျပာေရးဆိုခြင့္ရွိသူ Cameron Lay က ၎သည္ ငါးေသမ်ားျဖင့္ ပိတ္ဆို႔ေနေသာျမစ္ကို ၾကည့္ရႈရန္အတြက္ သြားေရာက္ခဲ့ေၾကာင္း ေျပာၾကားခဲ့ သည္။

၎က "ကြၽန္ေတာ္တို႔ မ်က္စိနဲ႔ျမင္ႏိုင္တဲ့အထိ ကီလိုမီတာဆယ္ဂဏန္းေလာက္ထိ ငါးေသေတြနဲ႔ ျပည့္ေနတာကို ေတြ႕ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။ Menindee ၿမိဳ႕တြင္ လူဦးေရ(၅ဝဝ) ခန႔္ရွိၿပီး မၾကာေသးမီႏွစ္မ်ားအတြင္း မိုးေခါင္မႈႏွင့္ ေရလႊမ္းမိုးမႈတို႔ေၾကာင့္ ပ်က္စီးမႈမ်ား ႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.