ချန်ပီယံလိဂ်ကွာတားဖိုင်နယ် နှင့် ဆီမီးဖိုင်နယ်တို့တွင် ခက်ခဲသော ပြိုင်ဖက်များနှင့်ယှဥ်ပြိုင်ရမည့် ချဲလ်ဆီးနှင့် မန်စီးတီး

 539

Pika (NP News) - မတ် ၁၈

ချဲလ်ဆီးအသင်း နှင့် မန်စီးတီးအသင်းတို့သည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်တို့တွင် ခက်ခဲသောပြိုင်ဖက်များနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်လှမ်းနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားအားထုတ်သွားရမည်ဖြစ်သည်၊၊

ချဲလ်ဆီးအသင်းသည် လီဗာပူးလ်အသင်းကို ပထမအကျော့နှင့် ဒုတိယအကျော့တို့တွင် (၅)ဂိုး-(၂)ဂိုး၊ (၁)ဂိုး- ဂိုးမရှိ တို့ဖြင့် အနိုင်ရရှိခဲ့‌သော ရီးရဲလ်မက်ဒရစ်အသင်း နှင့် ကွာတားဖိုင်နယ်တွင် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်၊၊ ထို့အပြင် မန်စီးတီးအသင်းသည် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ရန်အတွက် ဘိုင်ယန်မြူးနစ်အသင်းနှင့် အကောင်းဆုံးယှဥ်ပြိုင်ကစားရမည်ဖြစ်ကြောင်းလည်း သိရသည်။

နာပိုလီအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် အေစီမီလန်အသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်တာမီလန်အသင်းသည် ဘင်ဖီကာအသင်းနှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်နှင့် ဆီမီး ဖိုင်နယ်ပွဲစဥ်အားလုံးသည် အကောင်းဆုံးခြေစွမ်းများဖြင့် အပြင်းအထန်ယှဥ်ပြိုင်ကစားကြမည့် ကစားပွဲများဖြစ် လာမည်ဟု ပရိသတ်များက ခန့်မှန်းထားကြကြောင်းသိရသည်။

ချဲလ်ဆီးအသင်းနှင့် မန်စီးတီးအသင်းတို့သည် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့လျှင်တောင် ဖိုင်နယ်သို့ ရောက်ရှိရန် ခက်ခဲမည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်နေသည်။ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပထမအကျော့ကို ဧပြီ(၁၂) ရက်နှင့် (၁၃)ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဧပြီ(၁၉)ရက် နှင့် (၂ဝ)ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို မေလ(၉)ရက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယအကျော့ကို မေ(၁၆)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ႏွင့္ ဆီမီးဖိုင္နယ္တို႔တြင္ ခက္ခဲေသာ ၿပိဳင္ဖက္မ်ားႏွင့္ယွဥ္ၿပိဳင္ရမည့္ ခ်ဲလ္ဆီးႏွင့္ မန္စီးတီး
Pika (NP News) - မတ္ ၁၈

ခ်ဲလ္ဆီးအသင္း ႏွင့္ မန္စီးတီးအသင္းတို႔သည္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ႏွင့္ ဆီမီးဖိုင္နယ္တို႔တြင္ ခက္ခဲေသာၿပိဳင္ဖက္မ်ားႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို တက္လွမ္းႏိုင္ရန္အတြက္ အေကာင္းဆုံး ႀကိဳးစားအားထုတ္သြားရမည္ျဖစ္သည္၊၊

ခ်ဲလ္ဆီးအသင္းသည္ လီဗာပူးလ္အသင္းကို ပထမအေက်ာ့ႏွင့္ ဒုတိယအေက်ာ့တို႔တြင္ (၅)ဂိုး-(၂)ဂိုး၊ (၁)ဂိုး- ဂိုးမရွိ တို႔ျဖင့္ အႏိုင္ရရွိခဲ့‌ေသာ ရီးရဲလ္မက္ဒရစ္အသင္း ႏွင့္ ကြာတားဖိုင္နယ္တြင္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္း သိရသည္၊၊ ထို႔အျပင္ မန္စီးတီးအသင္းသည္ ဆီမီးဖိုင္နယ္သို႔ တက္လွမ္းႏိုင္ရန္အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ အေကာင္းဆုံးယွဥ္ၿပိဳင္ကစားရမည္ျဖစ္ေၾကာင္းလည္း သိရသည္။

နာပိုလီအသင္းသည္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္တြင္ ေအစီမီလန္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး အင္တာမီလန္အသင္းသည္ ဘင္ဖီကာအသင္းႏွင့္ ယွဥ္ၿပိဳင္ကစားရမည္ျဖစ္သည္။ ကြာတားဖိုင္နယ္ႏွင့္ ဆီမီး ဖိုင္နယ္ပြဲစဥ္အားလုံးသည္ အေကာင္းဆုံးေျခစြမ္းမ်ားျဖင့္ အျပင္းအထန္ယွဥ္ၿပိဳင္ကစားၾကမည့္ ကစားပြဲမ်ားျဖစ္ လာမည္ဟု ပရိသတ္မ်ားက ခန႔္မွန္းထားၾကေၾကာင္းသိရသည္။

ခ်ဲလ္ဆီးအသင္းႏွင့္ မန္စီးတီးအသင္းတို႔သည္ ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့လွ်င္ေတာင္ ဖိုင္နယ္သို႔ ေရာက္ရွိရန္ ခက္ခဲမည္ဟု ခန႔္မွန္းခ်က္မ်ားလည္း ထြက္ေပၚေနသည္။ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပထမအေက်ာ့ကို ဧၿပီ(၁၂) ရက္ႏွင့္ (၁၃)ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး ဒုတိယအေက်ာ့ကို ဧၿပီ(၁၉)ရက္ ႏွင့္ (၂ဝ)ရက္တို႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ ပထမအေက်ာ့ကို ေမလ(၉)ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ဒုတိယအေက်ာ့ကို ေမ(၁၆)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.