အမေရိကန်နိုင်ငံ Wyoming ပြည်နယ်တွင် ကိုယ်ဝန်တားဆေး အသုံးပြုမှုကို တားဆီးပိတ်ပင်

 653

Pika (NP News) - မတ် ၁၉

အမေရိကန်နိုင်ငံရှိ Wyoming ပြည်နယ်သည် ကိုယ်ဝန်တားဆေးအသုံးပြုမှုကို တားမြစ်ပိတ်ပင်သည့် ပထမဦးဆုံး ပြည်နယ်ဖြစ်လာခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်တားဆေးအသုံးပြုမှုနှင့် ပတ်သက်ပြီး အငြင်းပွားလျက်ရှိနေရာ ကိုယ်ဝန်ဖျက်ချခွင့် ကို ပြန်ရုတ်သိမ်းရန် တောင်းဆိုမှုများလည်း ရှိနေကြောင်းသိရသည်။

ကိုယ်ဝန်တားဆေးအသုံးပြုမှုတားမြစ်ချက်ကို လက်မှတ်ရေးထိုးပြီးနောက် Wyoming ပြည်နယ်အုပ်ချုပ်ရေးမှူး မာ့ခ်ဂေါ်ဒွန်သည် ကိုယ်ဝန်ဖျက်ချခြင်းအား လုံးဝတားမြစ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းအဆိုပြုခြင်း ဖြင့် ဥပဒေပြုလွှတ်တော်အမတ်များထံ အယူခံဝင်ခဲ့ကြောင်း သိရသည်။

မာ့ခ်ဂေါ်ဒွန် က "Wyoming ပြည်နယ်မှာ ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စကို ဖြေရှင်းနိုင်ဖို့ ဒီအဆိုပြုချက်ကို အမြန်ဆုံး ဆုံးဖြတ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့အတူ အဲဒါက အကောင်းဆုံးဖြစ်လာ မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ရန်အတွက် ကြိုးပမ်းနေသည့် ကိုယ်ဝန်ဖျက်ချမှု တိုက်ဖျက်ရေးအဖွဲ့၏ ကြိုးပမ်းမှုများ ပိုမိုအရှိန်မြင့်လာချိန်တွင် Wyoming ပြည်နယ်က ယခုကဲ့သို့ လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ တက္ကဆက်ပြည်နယ်ရှိ တရားခွင်တစ်ခုတွင်လည်း ကိုယ်ဝန်ဖျက်ချခြင်းနှင့်ပတ်သက်ပြီး စီရင်ချက် တစ်ခုထွက်ပေါ်လာခဲ့သလို တရားသူကြီးတစ်ဦးသည် ကိုယ်ဝန်တားဆေးအသုံးပြုမှုကို တားမြစ်ရန် မကြာမီကာလ အတွင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Wyoming ပြည်နယ်အုပ်ချုပ်ရေးမှူး မာ့ခ်ဂေါ်ဒွန်က ကိုယ်ဝန်ဖျက်ချခြင်းကို တိုက်ဖျက်ရာတွင် လက်လျှော့သွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မာ့ခ်ဂေါ်ဒွန်က "ဘဝတွေအားလုံးဟာ မြင့်မြတ်ပြီး မွေးကင်းစကလေးတွေ အပါအဝင် လူတစ်ဦးစီတိုင်းကို ဂရုဏာတရားနဲ့ဆက်ဆံသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်(၁၅)ခုတွင် mifepristone အမည်ရှိ ကိုယ်ဝန်တားဆေး သုံးစွဲခွင့်ကို တားမြစ် ကန့်သတ်ထားကြောင်း ကျန်းမာရေးသုတေသနအဖွဲ့ Guttmacher Institute ၏ အဆိုအရ သိရသည်။

Zawgyi Version;
Pika (NP News) - မတ် ၁၉








Related news

© 2021. All rights reserved.