ရန်ကုန်-ပြည် ကားလမ်းတွင် ဇာတ်သဘင်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁ဝ)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့

 2696

Pearl (NP News) - မတ် ၁၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး လူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၉ ရက်) ၊ နံနက် (၇)နာရီခန့်တွင် မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ်(၁ဝ၁/၃)နှင့် (၁ဝ၁/၄)ကြား၊ ဂင်ဒိတ်ကုန်းကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှ ပဲခူးတိုင်း၊ ပေါင်းတည်မြို့သို့ ဇာတ်ကရန်လာချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကားက လေးကျိုးပြီးဖြစ်သွားတာ၊ ဇာတ်သွားကမယ့် ကားပါ၊ ဒဏ်ရာရတဲ့လူတွေကတော့ ပွန်းပဲ့တာမျိုးလောက်ပါပဲ၊ စိုးရိမ်ရတဲ့လူတွေက ကျွန်တော်တို့ရောက်တဲ့အချိန် Ambulance နဲ့ပါသွားပြီမို့ ဘယ်လိုဒဏ် ရာတွေ ရလဲတော့ မသိလိုက်ပါဘူး" ဟု မင်းလှမြို့နယ် မီးသတ်စခန်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါကားပေါ်တွင် အမျိုးသား(၂၁)ဦး၊ အမျိုးသမီး(၁၁)ဦး စုစုပေါင်း(၃၂)ဦးလိုက်ပါလာပြီး မော်တော် ယာဉ်၏ လေးကျိုးကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုထားသည်။

ယာဉ်တိမ်းမှောက်မှု‌ကြောင့် ယာဥ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား(၉)ဦး၊ အမျိုးသမီး(၂)ဦး စုစု ပေါင်း(၁၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ စိုးရိမ်ဖွယ်အခြေအ နေရှိကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများအား မင်းလှလူမှုကူညီရေးအသင်းယာဉ်ဖြင့် မင်းလှပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
ရန္ကုန္-ျပည္ ကားလမ္းတြင္ ဇာတ္သဘင္ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ (၁ဝ)ဦးထက္မနည္း ထိခိုက္ဒဏ္ရာရရွိခဲ့

Pearl (NP News) - မတ္ ၁၉

ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္တြင္ ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားၿပီး လူအခ်ိဳ႕ ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၉ ရက္) ၊ နံနက္ (၇)နာရီခန႔္တြင္ မင္းလွၿမိဳ႕နယ္၊ ရန္ကုန္-ျပည္ကားလမ္း၊ မိုင္တိုင္အမွတ္(၁ဝ၁/၃)ႏွင့္ (၁ဝ၁/၄)ၾကား၊ ဂင္ဒိတ္ကုန္းေက်း႐ြာအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္မွ ပဲခူးတိုင္း၊ ေပါင္းတည္ၿမိဳ႕သို႔ ဇာတ္ကရန္လာခ်ိန္တြင္ တိမ္းေမွာက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကားက ေလးက်ိဳးၿပီးျဖစ္သြားတာ၊ ဇာတ္သြားကမယ့္ ကားပါ၊ ဒဏ္ရာရတဲ့လူေတြကေတာ့ ပြန္းပဲ့တာမ်ိဳးေလာက္ပါပဲ၊ စိုးရိမ္ရတဲ့လူေတြက ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္ Ambulance နဲ႔ပါသြားၿပီမို႔ ဘယ္လိုဒဏ္ ရာေတြ ရလဲေတာ့ မသိလိုက္ပါဘူး" ဟု မင္းလွၿမိဳ႕နယ္ မီးသတ္စခန္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါကားေပၚတြင္ အမ်ိဳးသား(၂၁)ဦး၊ အမ်ိဳးသမီး(၁၁)ဦး စုစုေပါင္း(၃၂)ဦးလိုက္ပါလာၿပီး ေမာ္ေတာ္ ယာဥ္၏ ေလးက်ိဳးကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္သည္ဟု ၎ကဆက္လက္ေျပာဆိုထားသည္။

ယာဥ္တိမ္းေမွာက္မႈ‌ေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား(၉)ဦး၊ အမ်ိဳးသမီး(၂)ဦး စုစု ေပါင္း(၁၁)ဦးမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔မွာ စိုးရိမ္ဖြယ္အေျခအ ေနရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ဒဏ္ရာရရွိသူမ်ားအား မင္းလွလူမႈကူညီေရးအသင္းယာဥ္ျဖင့္ မင္းလွျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.