အဖမ်းခံရမယ်ဆိုရင် နိုင်ငံတဝှမ်းဆန္ဒပြဖို့ အားပေးထောက်ခံသူများကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် တိုက်တွန်းတောင်းဆို

 948

ဂျန်ဇက် (NP News) - မတ် ၁၉

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအဖမ်းခံရမယ်ဆိုရင် နိုင်ငံတဝှမ်းဆန္ဒပြဖို့ သူကိုထောက်ခံသူများ ကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟောင်းဟာ အပျော်မယ်တစ်ဦးဖြစ်သူ Stormy Daniels ကို အမေရိကန်ဒေါ်လာ ၁၃ဝဝဝဝ ပေးခဲ့တယ်လို့ စွပ်စွဲမှုများကို နယူးယောက်မြို့ Manhattan တရားရုံးက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ဖို့ စီစဉ်နေပြီးနောက် ဒေါ်နယ်ထရမ့်က အခုလိုမျိုးပြောခဲ့တာဖြစ်ပါ တယ်။

ဒေါ်နယ်ထရမ့်ရဲ့ရှေ့နေဖြစ်သူကတော့ တရားရုံးတာဝန်ရှိသူများဟာ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးဖို့ ဆက်သွယ်ခြင်း မျိုးတော့မရှိသေးကြောင်း ပြောပါတယ်။ ဒေါ်နယ်ထရမ့်ကတော့ လာမယ့် မတ်လ ၂၁ ရက်မှာ ဖမ်းဆီးခံရဖွယ်ရှိ တယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ လာမယ့် ၂ဝ၂၄ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ဖို့ စီစဉ်နေပြီး အဆိုပါအမှုအတွက် စွဲချက်တင်ခံရမယ်ဆိုရင်လည်း မဲဆွယ်စည်းရုံးတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်နယ်ထရမ့်က "Manhattan တရားရုံးဟာ အကျင့်ပျက်လာဘ်စားမှုတွေ၊ နိုင်ငံရေးဆိုင်ရာကိစ္စတွေကို တရားမဝင် ဖွင့်ချခဲ့တယ်လို့ စွပ်စွဲထားပေမယ့် အဲဒီစွပ်စွဲချက်တွေက ရာဇဝတ်မှုမြောက်တယ်ဆိုတာမျိုးကို သက်သေမပြနိုင်သေးဘူး။ ဒါပေမယ့်လည်း တရားရုံးဟာ လာမယ့် အင်္ဂါနေ့မှာ ဖမ်းဆီးဖို့ ကြိုးပမ်း လာဖွယ် ရှိနေတယ်" လို့ ပြောပါတယ်။

ဒေါ်နယ်ထရမ့်က တရားရုံးဟာ ဘယ်လိုအမှုမျိုးနဲ့စွဲချက်တင်မလဲဆိုတာနဲ့ သက်သေတွေ ပြသနိုင်ခြင်းမရှိသေး ကြောင်း၊ ၎င်းအနေနဲ့ အဆိုပါကိစ္စနဲ့ ဆွေးနွေးပြောဆိုမှာ မဟုတ်ကြောင်း ပြောပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ပြောရေး ဆိုခွင့်ရှိသူကတော့ "လက်ရှိအချိန်အထိတော့ အကြောင်းကြားစာမရသေးဘူး" လို့ ပြောပါတယ်။

အပြာမယ်တစ်ဦးဖြစ်တဲ့ Stormy Daniels က ၎င်းဟာ ပြီးခဲ့တဲ့ ၁ဝ စုနှစ်ကျော်အတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်ထွေးများ ရှိခဲ့တယ်လို့ပြောဆိုထားပေမယ့် ဒေါ်နယ်ထရမ့်ကတော့ ငြင်းဆန် ထားပါတယ်။ Manhattan တရားရုံးဟာ ဒီလအစောပိုင်းက အဆိုပါစွပ်စွဲမှုနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို တရားရုံးကို လာရောက်ဖြေရှင်းဖို့တောင်းဆိုခဲ့ပေမယ့် ဒေါ်နယ်ထရမ့်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူများ က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲဝင်ဖို့ စီစဉ်ခဲ့ပြီးနောက် စွပ်စွဲချက်တွေ၊ စုံစမ်းမှုတွေ ဆက်တိုက် ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့နှစ်ကလည်း ၎င်းရဲ့အိမ်ကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့က စီးနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ပါတယ်။ လက်ရှိသမ္မတဂျိုးဘိုင်ဒန် နဲ့ ဒီမိုကရက်တစ်ပါတီဟာ ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲဝင်လို့ မရအောင် ဟန့်တားနေခြင်းဖြစ်တယ်လို့ စွပ်စွဲမှုများ ထွက်ပေါ်နေပါတယ်။

Zawgyi Version;
အဖမ္းခံရမယ္ဆိုရင္ ႏိုင္ငံတဝွမ္းဆႏၵျပဖို႔ အားေပးေထာက္ခံသူမ်ားကို အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၉

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎အဖမ္းခံရမယ္ဆိုရင္ ႏိုင္ငံတဝွမ္းဆႏၵျပဖို႔ သူကိုေထာက္ခံသူမ်ား ကို တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတေဟာင္းဟာ အေပ်ာ္မယ္တစ္ဦးျဖစ္သူ Stormy Daniels ကို အေမရိကန္ေဒၚလာ ၁၃ဝဝဝဝ ေပးခဲ့တယ္လို႔ စြပ္စြဲမႈမ်ားကို နယူးေယာက္ၿမိဳ႕ Manhattan တရား႐ုံးက စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ဖို႔ စီစဥ္ေနၿပီးေနာက္ ေဒၚနယ္ထရမ့္က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါ တယ္။

ေဒၚနယ္ထရမ့္ရဲ႕ေရွ႕ေနျဖစ္သူကေတာ့ တရား႐ုံးတာဝန္ရွိသူမ်ားဟာ ေဒၚနယ္ထရမ့္ကို ဖမ္းဆီးဖို႔ ဆက္သြယ္ျခင္း မ်ိဳးေတာ့မရွိေသးေၾကာင္း ေျပာပါတယ္။ ေဒၚနယ္ထရမ့္ကေတာ့ လာမယ့္ မတ္လ ၂၁ ရက္မွာ ဖမ္းဆီးခံရဖြယ္ရွိ တယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ဆိုပါတယ္။ ေဒၚနယ္ထရမ့္ဟာ လာမယ့္ ၂ဝ၂၄ ခုႏွစ္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ ပါဝင္ဖို႔ စီစဥ္ေနၿပီး အဆိုပါအမႈအတြက္ စြဲခ်က္တင္ခံရမယ္ဆိုရင္လည္း မဲဆြယ္စည္း႐ုံးေတြကို ဆက္လက္လုပ္ေဆာင္မွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေဒၚနယ္ထရမ့္က "Manhattan တရား႐ုံးဟာ အက်င့္ပ်က္လာဘ္စားမႈေတြ၊ ႏိုင္ငံေရးဆိုင္ရာကိစၥေတြကို တရားမဝင္ ဖြင့္ခ်ခဲ့တယ္လို႔ စြပ္စြဲထားေပမယ့္ အဲဒီစြပ္စြဲခ်က္ေတြက ရာဇဝတ္မႈေျမာက္တယ္ဆိုတာမ်ိဳးကို သက္ေသမျပႏိုင္ေသးဘူး။ ဒါေပမယ့္လည္း တရား႐ုံးဟာ လာမယ့္ အဂၤါေန႔မွာ ဖမ္းဆီးဖို႔ ႀကိဳးပမ္း လာဖြယ္ ရွိေနတယ္" လို႔ ေျပာပါတယ္။

ေဒၚနယ္ထရမ့္က တရား႐ုံးဟာ ဘယ္လိုအမႈမ်ိဳးနဲ႔စြဲခ်က္တင္မလဲဆိုတာနဲ႔ သက္ေသေတြ ျပသႏိုင္ျခင္းမရွိေသး ေၾကာင္း၊ ၎အေနနဲ႔ အဆိုပါကိစၥနဲ႔ ေဆြးေႏြးေျပာဆိုမွာ မဟုတ္ေၾကာင္း ေျပာပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ေျပာေရး ဆိုခြင့္ရွိသူကေတာ့ "လက္ရွိအခ်ိန္အထိေတာ့ အေၾကာင္းၾကားစာမရေသးဘူး" လို႔ ေျပာပါတယ္။

အျပာမယ္တစ္ဦးျဖစ္တဲ့ Stormy Daniels က ၎ဟာ ၿပီးခဲ့တဲ့ ၁ဝ စုႏွစ္ေက်ာ္အတြင္း အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္နဲ႔ လိင္ပိုင္းဆိုင္ရာအရႈပ္ေထြးမ်ား ရွိခဲ့တယ္လို႔ေျပာဆိုထားေပမယ့္ ေဒၚနယ္ထရမ့္ကေတာ့ ျငင္းဆန္ ထားပါတယ္။ Manhattan တရား႐ုံးဟာ ဒီလအေစာပိုင္းက အဆိုပါစြပ္စြဲမႈနဲ႔ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ကို တရား႐ုံးကို လာေရာက္ေျဖရွင္းဖို႔ေတာင္းဆိုခဲ့ေပမယ့္ ေဒၚနယ္ထရမ့္က ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ အဆိုပါကိစၥနဲ႔ နီးစပ္သူမ်ား က ေျပာပါတယ္။

ေဒၚနယ္ထရမ့္ဟာ လာမယ့္သမၼတေ႐ြးေကာက္ပြဲဝင္ဖို႔ စီစဥ္ခဲ့ၿပီးေနာက္ စြပ္စြဲခ်က္ေတြ၊ စုံစမ္းမႈေတြ ဆက္တိုက္ ရင္ဆိုင္ေနရၿပီး ၿပီးခဲ့တဲ့ႏွစ္ကလည္း ၎ရဲ႕အိမ္ကို အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕က စီးနင္းရွာေဖြမႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္ နဲ႔ ဒီမိုကရက္တစ္ပါတီဟာ ေဒၚနယ္ထရမ့္ကို ေ႐ြးေကာက္ပြဲဝင္လို႔ မရေအာင္ ဟန႔္တားေနျခင္းျဖစ္တယ္လို႔ စြပ္စြဲမႈမ်ား ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.