ဓနုဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထွက်ကုန်များကို ရိုးရာမပျက်တိုးမြှင့်ထုတ်လုပ်ရန်လိုဟုဆို

 406

ယွန်း (NP News) - မတ် ၁၉

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထွက်ကုန်များကို ရိုးရာမပျက်တိုးမြှင့်ထုတ်လုပ်ရန်လိုကြောင်း ဒုတပ်ချုပ်က တိုက်တွန်းပြောဆိုထားသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ(၁၈)ရက်၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ရှိ ဒေသခန်းမတွင် ဒေသအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယဒေသသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အထင်ကရနေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခု‌ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်း၊ ပြည်ပငွေရှာပေးနေသည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန် ဒေသထွက်ကုန်များကို ရိုးရာမပျက်တိုးမြှင့်ထုတ်လုပ်ရန်လိုကြောင်း ဒုတပ်ချုပ်က အကြံပြုပြောဆိုထားသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ပြည်ပခရီးသွားများ စိတ်ဝင်တစားလာရောက်လည်ပတ်သည့် ဒေ သဖြစ်ပြီး ရိုးရာထွက်ကုန်ပစ္စည်းများကို တရားဝင်မှတ်ပုံတင်၍ စနစ်တကျထုတ်လုပ်ရန်လိုကြောင်း ဒုတပ်ချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။

လက်ရှိတွင် နိုင်ငံတွင်း၌ ပို့ကုန်၊ သွင်းကုန်မျှတအောင် ဆောင်ရွက်ပေးခြင်း နှင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်များကို အားပေးခြင်းတို့ကြောင့် စီးပွားရေးမှာ အသင့်အတင့် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

zawgyi version
ဓႏုေဒသ၏ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ႏိုင္ရန္ ေဒသထြက္ကုန္မ်ားကို ႐ိုးရာမပ်က္တိုးျမႇင့္ထုတ္လုပ္ရန္လိုဟုဆို
ယြန္း (NP News) - မတ္ ၁၉

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ႏိုင္ရန္ ေဒသထြက္ကုန္မ်ားကို ႐ိုးရာမပ်က္တိုးျမႇင့္ထုတ္လုပ္ရန္လိုေၾကာင္း ဒုတပ္ခ်ဳပ္က တိုက္တြန္းေျပာဆိုထားသည္။

နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက မတ္လ(၁၈)ရက္၌ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ပင္းတယၿမိဳ႕ရွိ ေဒသခန္းမတြင္ ေဒသအတြင္းရွိ MSME လုပ္ငန္းရွင္မ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္ သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ပင္းတယေဒသသည္ ႏိုင္ငံ၏ ခရီးသြားလုပ္ငန္းအတြက္ အထင္ကရေနရာတစ္ခုျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပရွိ ခရီးသြားမ်ားကို ဆြဲေဆာင္ႏိုင္သည့္ ေနရာတစ္ခု‌ျဖစ္သည္။

ထို႔ေၾကာင့္ ျပည္တြင္း၊ ျပည္ပေငြရွာေပးေနသည့္ ခရီးသြားလုပ္ငန္းကို ျမႇင့္တင္ႏိုင္ရန္ ေဒသထြက္ကုန္မ်ားကို ႐ိုးရာမပ်က္တိုးျမႇင့္ထုတ္လုပ္ရန္လိုေၾကာင္း ဒုတပ္ခ်ဳပ္က အႀကံျပဳေျပာဆိုထားသည္။

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသည္ ျပည္ပခရီးသြားမ်ား စိတ္ဝင္တစားလာေရာက္လည္ပတ္သည့္ ေဒ သျဖစ္ၿပီး ႐ိုးရာထြက္ကုန္ပစၥည္းမ်ားကို တရားဝင္မွတ္ပုံတင္၍ စနစ္တက်ထုတ္လုပ္ရန္လိုေၾကာင္း ဒုတပ္ခ်ဳပ္က တိုက္တြန္းေျပာဆိုခဲ့သည္။

လက္ရွိတြင္ ႏိုင္ငံတြင္း၌ ပို႔ကုန္၊ သြင္းကုန္မွ်တေအာင္ ေဆာင္႐ြက္ေပးျခင္း ႏွင့္ ျပည္တြင္း ကုန္ထုတ္လုပ္ငန္မ်ားကို အားေပးျခင္းတို႔ေၾကာင့္ စီးပြားေရးမွာ အသင့္အတင့္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.