လက်ရှိကြုံနေရသော နိုင်ငံရေးနှင့်လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအား ဆောင်ရွက်သင့်ပြီဟု တပ်ချုပ်ဆို

 812

မျိုးကြီး (NP News) - မတ် ၁၉

မြန်မာနိုင်ငံ၌ လက်ရှိကြုံနေရသော နိုင်ငံရေးနှင့်လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအား လက်တွေ့ကျကျဆောင်ရွက်သင့်ပြီဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မတ်လ ၁၉ ရက်)တွင် ကျရောက်သည့် (၄၉)နှစ် မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှားပေးပို့ရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ အရေးပါသည့်အလျောက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကိုလည်း တိုင်းရင်းသားပြည်သူများအားလုံးမှ နိုင်ငံတော်နှင့်အတူ လက်တွဲဖော်ဆောင်ကြရန် တပ်ချုပ်က တိုက်တွန်းထားသည်။

ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်ပသြဇာခံပြည်ပြေးအဖွဲ့များနှင့် နိုင်ငံနှင့်ပြည်သူလူ ထုကို သစ္စာဖောက်ဖျက်နေသည့်အဖွဲ့အစည်းများမှ နိုင်ငံအကျိုးကို ပစ်ပယ်ကာ အာဏာရရှိရေးအတွက် အလုံးစုံပျက်စီးရေးကို ပြုလုပ်နေကြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုများမှာ ယိုယွင်းလျက်ရှိကြောင်း ၎င်း၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထိုသို့ နိုင်ငံအား ဒုက္ခရောက်စေမည့်လုပ်ရပ်များကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်သည် နိုင်ငံသား၊ တိုင်းရင်းသားပြည်သူအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲအကျပ်အတည်းအားလုံးသည် ကိုလိုနီခေတ်တွင် မြစ်ဖျားခံခဲ့ခြင်းဖြစ်ပြီး ယခုအချိန်ထိပါ နိုင်ငံတော်အစိုးရမှ ဖြေရှင်းနေရဆဲဖြစ်ကြောင်း တပ်ချုပ်က ၎င်း၏သဝဏ်လွှာတွင် သတိပေးပြောဆိုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော နိုင်ငံရေးနှင့်လက်နက်ကိုင်ပဋိပက္ခများကို အဆုံး သတ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျကျဆောင်ရွက်သင့်ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်မှစ၍ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွားလာခဲ့ပြီး တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်အများအပြားတွင် ပစ်ခတ်မှု၊ လုပ်ကြံမှု၊ ဓါးပြမှုများအပါအဝင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။

zawgyi version
လက္ရွိႀကဳံေနရေသာ ႏိုင္ငံေရးႏွင့္လက္နက္ကိုင္ပဋိပကၡမ်ားကို အဆုံးသတ္၍ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအား ေဆာင္႐ြက္သင့္ၿပီဟု တပ္ခ်ဳပ္ဆို

မ်ိဳးႀကီး (NP News) - မတ္ ၁၉

ျမန္မာႏိုင္ငံ၌ လက္ရွိႀကဳံေနရေသာ ႏိုင္ငံေရးႏွင့္လက္နက္ကိုင္ပဋိပကၡမ်ားကို အဆုံးသတ္၍ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအား လက္ေတြ႕က်က်ေဆာင္႐ြက္သင့္ၿပီဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယေန႔(မတ္လ ၁၉ ရက္)တြင္ က်ေရာက္သည့္ (၄၉)ႏွစ္ ေျမာက္ မြန္ျပည္နယ္ေန႔အခမ္းအနားသို႔ သဝဏ္လႊားေပးပို႔ရာတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုထားျခင္းျဖစ္သည္။

ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈ၊ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးသည္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈ၌ အေရးပါသည့္အေလ်ာက္ လက္နက္ကိုင္ပဋိပကၡခ်ဳပ္ၿငိမ္းေရးကိုလည္း တိုင္းရင္းသားျပည္သူမ်ားအားလုံးမွ ႏိုင္ငံေတာ္ႏွင့္အတူ လက္တြဲေဖာ္ေဆာင္ၾကရန္ တပ္ခ်ဳပ္က တိုက္တြန္းထားသည္။

ျပည္ပႏိုင္ငံမ်ားႏွင့္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ျပည္ပၾသဇာခံျပည္ေျပးအဖြဲ႕မ်ားႏွင့္ ႏိုင္ငံႏွင့္ျပည္သူလူ ထုကို သစၥာေဖာက္ဖ်က္ေနသည့္အဖြဲ႕အစည္းမ်ားမွ ႏိုင္ငံအက်ိဳးကို ပစ္ပယ္ကာ အာဏာရရွိေရးအတြက္ အလုံးစုံပ်က္စီးေရးကို ျပဳလုပ္ေနၾကၿပီး ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈမ်ားမွာ ယိုယြင္းလ်က္ရွိေၾကာင္း ၎၏ သဝဏ္လႊာတြင္ ေဖာ္ျပထားသည္။

ထိုသို႔ ႏိုင္ငံအား ဒုကၡေရာက္ေစမည့္လုပ္ရပ္မ်ားကို ဝိုင္းဝန္းကာကြယ္ထိန္းသိမ္းေစာင့္ေရွာက္ရန္သည္ ႏိုင္ငံသား၊ တိုင္းရင္းသားျပည္သူအားလုံး၏ တာဝန္ပင္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာဆိုထားသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ရင္ဆိုင္ေတြ႕ႀကဳံေနရသည့္ အခက္အခဲအက်ပ္အတည္းအားလုံးသည္ ကိုလိုနီေခတ္တြင္ ျမစ္ဖ်ားခံခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္ထိပါ ႏိုင္ငံေတာ္အစိုးရမွ ေျဖရွင္းေနရဆဲျဖစ္ေၾကာင္း တပ္ခ်ဳပ္က ၎၏သဝဏ္လႊာတြင္ သတိေပးေျပာဆိုထားသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံတြင္ လက္ရွိႀကဳံေတြ႕ေနရေသာ ႏိုင္ငံေရးႏွင့္လက္နက္ကိုင္ပဋိပကၡမ်ားကို အဆုံး သတ္ကာ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္ေတြ႕က်က်ေဆာင္႐ြက္သင့္ၿပီျဖစ္ေၾကာင္း နစကဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္မွစ၍ လက္နက္ကိုင္ပဋိပကၡမ်ား ပိုမိုျဖစ္ပြားလာခဲ့ၿပီး တိုင္းႏွင့္ျပည္နယ္ရွိ ၿမိဳ႕နယ္အမ်ားအျပားတြင္ ပစ္ခတ္မႈ၊ လုပ္ႀကံမႈ၊ ဓါးျပမႈမ်ားအပါအဝင္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိေနသည္ကိုလည္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.