စစ်တွေမြို့တွင် အသက်(၅ဝ)ကျော်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား

 452

စော (NP News) - မတ် ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံအကွက် (၁၂)တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၉ ရက်)၊ နံနက် (၂)နာရီဝန်းကျင်အချိန်တွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေရှင်းအသင်းမှ သိရသည်။

“သူတို့မိသားစုပြောတာကတော့ ဘာမှမဖြစ်ဘူးပြောတယ်။ သူတို့ကအိမ်ငှားတွေ ပြဿနာတွေ ဘာတွေဖြစ်လေ့မရှိဘူးလို့ပြောတယ်။ ကြိုးတွေဘာတွေဖြုတ်ပြီးတော့ သေဆုံးသွားတဲ့အလောင်းကို ရင်ခွဲရုံသို့ပိုဆောင်ပေးခဲ့ပါတယ်”ဟု ရွှေရောင်မေတ္တာဖောင်ဒေရှင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုးသားသည် စစ်တွေမြို့ ၊ မင်းဂံအကွက် (၁၂)တွင် နေထိုင်သူ အသက်(၅၁)အရွယ်ရှိ ဦးမောင်ဦးဖြစ်ပြီး ၎င်းအားစစ်တွေပြည်သူ ဆေးရုံရင်ခွဲရုံသို့ပိုဆောင်ပေးခဲ့ဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သိရသည်။

အလားတူ မတ်လ(၁၈)ရက်ကလည်း မကွေးတိုင်း၊ မကွေးမြို့၊ ယင်းမာတောကျေးရွာတွင် အသက် (၂၂)နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦး ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ‌ဒေသအနှံအပြားတွင် ကြိုးဆွဲချအဆုံးစီရင်မှုများ ဆက်တိုက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ပဲခူးတိုင်းတွင် ကြိုးဆွဲချသတ်သေမှု နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သည်။

zawgyi version
စစ္ေတြၿမိဳ႕တြင္ အသက္(၅ဝ)ေက်ာ္အ႐ြယ္အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြား

ေစာ (NP News) - မတ္ ၁၉

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ မင္းဂံအကြက္ (၁၂)တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၉ ရက္)၊ နံနက္ (၂)နာရီဝန္းက်င္အခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒရွင္းအသင္းမွ သိရသည္။

“သူတို႔မိသားစုေျပာတာကေတာ့ ဘာမွမျဖစ္ဘူးေျပာတယ္။ သူတို႔ကအိမ္ငွားေတြ ျပႆနာေတြ ဘာေတြျဖစ္ေလ့မရွိဘူးလို႔ေျပာတယ္။ ႀကိဳးေတြဘာေတြျဖဳတ္ၿပီးေတာ့ ေသဆုံးသြားတဲ့အေလာင္းကို ရင္ခြဲ႐ုံသို႔ပိုေဆာင္ေပးခဲ့ပါတယ္”ဟု ေ႐ႊေရာင္ေမတၱာေဖာင္ေဒရွင္းအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳးသားသည္ စစ္ေတြၿမိဳ႕ ၊ မင္းဂံအကြက္ (၁၂)တြင္ ေနထိုင္သူ အသက္(၅၁)အ႐ြယ္ရွိ ဦးေမာင္ဦးျဖစ္ၿပီး ၎အားစစ္ေတြျပည္သူ ေဆး႐ုံရင္ခြဲ႐ုံသို႔ပိုေဆာင္ေပးခဲ့ျဖစ္ေၾကာင္း ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွ သိရသည္။

အလားတူ မတ္လ(၁၈)ရက္ကလည္း မေကြးတိုင္း၊ မေကြးၿမိဳ႕၊ ယင္းမာေတာေက်း႐ြာတြင္ အသက္ (၂၂)ႏွစ္အ႐ြယ္ စိတ္က်န္းမာေရးမေကာင္းသည့္ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။

ယခုရက္ပိုင္းအတြင္း ‌ေဒသအႏွံအျပားတြင္ ႀကိဳးဆြဲခ်အဆုံးစီရင္မႈမ်ား ဆက္တိုက္ျဖစ္ေပၚေနၿပီး ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ပဲခူးတိုင္းတြင္ ႀကိဳးဆြဲခ်သတ္ေသမႈ ႏွစ္ရက္ဆက္တိုက္ျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.