စင်ကာပူနိုင်ငံသို့ လေကြောင်းပျံသန်းမှုများတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MAI ဆို

 957

ဂျန်ဇက် (NP News) - မတ် ၁၉

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (Myanmar Airways International- MAI) သည် ယခုလကုန်ခန့်တွင် စင်ကာပူနိုင်ငံသို့ လေကြောင်းပျံသန်းမှုများတိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

MAI သည် မတ်လ ၂၈ ရက်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးစဉ်နောက်ထပ် သုံးကြိမ်တိုးချဲ့ပျံသန်းမည်ဖြစ်ရာ စင်ကာပူနိုင်ငံသို့ လေကြောင်းပျံသန်းမှုတစ်ပတ်လျှင် (၁ဝ)ကြိမ်အထိ ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါခရီးစဉ်ကို အင်္ဂါ၊ ကြာသပ တေး နှင့် စနေ့နေ့များတွင် ထပ်မံချဲ့ပျံမည်ဖြစ်ကြောင်း သိရသည်။

MAI သည် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလနောက်ပိုင်းကတည်းက Airbus 320 လေယာဉ်များဖြင့် နေ့စဉ်ပျံ သန်းပြေးဆွဲမှုများပြန်လည်စတင်ခဲ့ပြီး လာမည့်မတ်လ ၂၈ ရက်တွင် ပျံသန်းမှုထပ်မံတိုးချဲ့ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရန်ကုန်-စင်ကာပူ လေကြောင်းခရီးစဉ်သည် MAI လေကြောင်းလိုင်းအတွက် လူစီးအများဆုံးဖြစ်ကြောင်းသိရသည်။ စင်ကာပူနှင့်ရန်ကုန်ပျံသန်းပြေးဆွဲမည့် MAI လေကြောင်းခရီးစဉ်တွင် မတ်လ ၂၅ ရက်နှင့် ၂၆ ရက်တို့အထိ လက်မှတ်ပြည့်နေပြီဖြစ်ပြီး ခရီးသည်အများစုသည် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အလည့်ပတ်ခရီးသွားရောက်ကြခြင်းဖြစ်ကြောင်းသိရသည်။

MAI သည် Airbus 320 လေယာဉ်များဖြင့် အာရှတိုက်လေကြောင်းခရီးစဉ်များ၊ ဒူဘိုင်းလေကြောင်းခရီး စဉ်များကို အဓိကထား ပျံသန်းပြေးဆွဲနေကြောင်းသိရသည်။ MAI သည် အိန္ဒိယနိုင်ငံ ဒေလီမြို့သို့ တစ်ပတ် သုံးကြိမ်ဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး နှင့် သောကြာနေ့များတွင် ပျံသန်းလျက်ရှိနေကြောင်းသိရသည်။ ထို့ပြင် MAI သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်လေဆိပ်၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းလေဆိပ်၊ ဟိုချီမင်းလေဆိပ်၊ ထိုင်းနိုင်ငံ ဖူးခက်လေဆိပ်၊ ချင်းမိုင်လေဆိပ် နှင့် ဘန်ကောက်လေဆိပ်များကိုလည်းချိတ်ဆက်ပျံသန်းပေးလျက်ရှိနေကြောင်းသိရသည်။

zawgyi version
စင္ကာပူႏိုင္ငံသို႔ ေလေၾကာင္းပ်ံသန္းမႈမ်ားတိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း MAI ဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၉

အျပည္ျပည္ဆိုင္ရာျမန္မာေလေၾကာင္းလိုင္း (Myanmar Airways International- MAI) သည္ ယခုလကုန္ခန႔္တြင္ စင္ကာပူႏိုင္ငံသို႔ ေလေၾကာင္းပ်ံသန္းမႈမ်ားတိုးခ်ဲ႕လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

MAI သည္ မတ္လ ၂၈ ရက္မွ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ စင္ကာပူႏိုင္ငံသို႔ ေလေၾကာင္းခရီးစဥ္ေနာက္ထပ္ သုံးႀကိမ္တိုးခ်ဲ႕ပ်ံသန္းမည္ျဖစ္ရာ စင္ကာပူႏိုင္ငံသို႔ ေလေၾကာင္းပ်ံသန္းမႈတစ္ပတ္လွ်င္ (၁ဝ)ႀကိမ္အထိ ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ေၾကာင္းသိရသည္။ အဆိုပါခရီးစဥ္ကို အဂၤါ၊ ၾကာသပ ေတး ႏွင့္ စေန႔ေန႔မ်ားတြင္ ထပ္မံခ်ဲ႕ပ်ံမည္ျဖစ္ေၾကာင္း သိရသည္။

MAI သည္ ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာလေနာက္ပိုင္းကတည္းက Airbus 320 ေလယာဥ္မ်ားျဖင့္ ေန႔စဥ္ပ်ံ သန္းေျပးဆြဲမႈမ်ားျပန္လည္စတင္ခဲ့ၿပီး လာမည့္မတ္လ ၂၈ ရက္တြင္ ပ်ံသန္းမႈထပ္မံတိုးခ်ဲ႕ရန္စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ရန္ကုန္-စင္ကာပူ ေလေၾကာင္းခရီးစဥ္သည္ MAI ေလေၾကာင္းလိုင္းအတြက္ လူစီးအမ်ားဆုံးျဖစ္ေၾကာင္းသိရသည္။ စင္ကာပူႏွင့္ရန္ကုန္ပ်ံသန္းေျပးဆြဲမည့္ MAI ေလေၾကာင္းခရီးစဥ္တြင္ မတ္လ ၂၅ ရက္ႏွင့္ ၂၆ ရက္တို႔အထိ လက္မွတ္ျပည့္ေနၿပီျဖစ္ၿပီး ခရီးသည္အမ်ားစုသည္ စီးပြားေရးလုပ္ငန္းႏွင့္ပတ္သက္ၿပီး အလည့္ပတ္ခရီးသြားေရာက္ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

MAI သည္ Airbus 320 ေလယာဥ္မ်ားျဖင့္ အာရွတိုက္ေလေၾကာင္းခရီးစဥ္မ်ား၊ ဒူဘိုင္းေလေၾကာင္းခရီး စဥ္မ်ားကို အဓိကထား ပ်ံသန္းေျပးဆြဲေနေၾကာင္းသိရသည္။ MAI သည္ အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕သို႔ တစ္ပတ္ သုံးႀကိမ္ျဖင့္ တနလၤာ၊ ဗုဒၶဟူး ႏွင့္ ေသာၾကာေန႔မ်ားတြင္ ပ်ံသန္းလ်က္ရွိေနေၾကာင္းသိရသည္။ ထို႔ျပင္ MAI သည္ ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ေလဆိပ္၊ ဗီယက္နမ္ႏိုင္ငံ ဟႏြိဳင္းေလဆိပ္၊ ဟိုခ်ီမင္းေလဆိပ္၊ ထိုင္းႏိုင္ငံ ဖူးခက္ေလဆိပ္၊ ခ်င္းမိုင္ေလဆိပ္ ႏွင့္ ဘန္ေကာက္ေလဆိပ္မ်ားကိုလည္းခ်ိတ္ဆက္ပ်ံသန္းေပးလ်က္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.