ICC ကို အသိအမှတ်ပြုမထားပေမယ့်လည်း ရုရှားသမ္မတပူတင်အား ဖမ်းဝရမ်းထုတ်တာကို ထောက်ခံကြောင်း အမေရိကန်သမ္မတ ပြော

 670

ဂျန်ဇက် (NP News) - မတ် ၁၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကိုအသိမှတ်မပြုကြောင်း၊ ဒါပေမယ့်လည်း ရုရှားသမ္မတပူတင်ကို ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ရာဇဝတ်ကျုးလွန်သူအဖြစ်သတ်မှတ်ကာ ဖမ်းဝရမ်းထုတ်ခြင်းကို ထောက်ခံသဘောတူညီကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတက "ရုရှားသမ္မတအပေါ် ICC ဖမ်းဝရမ်း ထုတ်သင့်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့နိုင်ငံ ကတော့ ICC ကို အသိအမှတ်ပြုခြင်းမျိုးမရှိဘူး" လို့ ပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ သူရဲ့မိသားစုဝင်များ တရုတ်စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေက မှန်ကန်မှုမရှိကြောင်း ငြင်းဆန်ခဲ့သလို အမေရိကန်ဘဏ်များ အခက်အခဲများဖြစ်နေခြင်းနဲ့ပတ်သက်ပြီး အေးအေးငြိမ်သက်စွာရှိနေဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ICC ဟာ ရုရှားသမ္မတပူတင်နဲ့ ရုရှားကလေးငယ်များ အခွင့်အရေးဆိုင်ရာကော်မရှင်နာတို့ကို ကလေးငယ်များကို တရားဝင်ရွှေ့ပြောင်းခေါ်ယူတယ်လို့ စွပ်စွဲပြီး ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရပါတယ်။

ရုရှားအစိုးရကတော့ ၎င်းတို့ဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သလို အသိအမှတ်လည်း မပြုကြောင်း ပြောဆိုထားပါတယ်။ ရုရှားအစိုးရက ယူကရိန်းစစ်ပွဲ ရှေ့တန်းစစ်မျက်နှာကြားထဲ ပိတ်မိနေတဲ့ ကလေးငယ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ဖို့ ရုရှားနိုင်ငံကို ပို့ဆောင်ထားခြင်းဖြစ်ကြောင်း ပြောဆိုပါတယ်။

ရုရှားဟာ ယူကရိန်းကို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက ရုရှားသမ္မတပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း စွပ်စွဲပြောဆိုမှုများရှိခဲ့ပါတယ်။ အမေရိကန်ဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့သလို ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ခဲ့ကြပါတယ်။

Zawgyi Version;
ICC ကို အသိအမွတ္ျပဳမထားေပမယ့္လည္း ႐ုရွားသမၼတပူတင္အား ဖမ္းဝရမ္းထုတ္တာကို ေထာက္ခံေၾကာင္း အေမရိကန္သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၁၉

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ႏိုင္ငံတကာရာဇဝတ္တရား႐ုံး ICC ကိုအသိမွတ္မျပဳေၾကာင္း၊ ဒါေပမယ့္လည္း ႐ုရွားသမၼတပူတင္ကို ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး စစ္ရာဇဝတ္က်ဳးလြန္သူအျဖစ္သတ္မွတ္ကာ ဖမ္းဝရမ္းထုတ္ျခင္းကို ေထာက္ခံသေဘာတူညီေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အေမရိကန္သမၼတက "႐ုရွားသမၼတအေပၚ ICC ဖမ္းဝရမ္း ထုတ္သင့္ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ႏိုင္ငံ ကေတာ့ ICC ကို အသိအမွတ္ျပဳျခင္းမ်ိဳးမရွိဘူး" လို႔ ေျပာပါတယ္။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ သူရဲ႕မိသားစုဝင္မ်ား တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ ေငြေၾကးမ်ား ရယူခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြက မွန္ကန္မႈမရွိေၾကာင္း ျငင္းဆန္ခဲ့သလို အေမရိကန္ဘဏ္မ်ား အခက္အခဲမ်ားျဖစ္ေနျခင္းနဲ႔ပတ္သက္ၿပီး ေအးေအးၿငိမ္သက္စြာရွိေနဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ICC ဟာ ႐ုရွားသမၼတပူတင္နဲ႔ ႐ုရွားကေလးငယ္မ်ား အခြင့္အေရးဆိုင္ရာေကာ္မရွင္နာတို႔ကို ကေလးငယ္မ်ားကို တရားဝင္ေ႐ႊ႕ေျပာင္းေခၚယူတယ္လို႔ စြပ္စြဲၿပီး ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း သိရပါတယ္။

႐ုရွားအစိုးရကေတာ့ ၎တို႔ဟာ ICC အဖြဲ႕ဝင္ႏိုင္ငံ မဟုတ္သလို အသိအမွတ္လည္း မျပဳေၾကာင္း ေျပာဆိုထားပါတယ္။ ႐ုရွားအစိုးရက ယူကရိန္းစစ္ပြဲ ေရွ႕တန္းစစ္မ်က္ႏွာၾကားထဲ ပိတ္မိေနတဲ့ ကေလးငယ္ေတြကို ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ႐ုရွားႏိုင္ငံကို ပို႔ေဆာင္ထားျခင္းျဖစ္ေၾကာင္း ေျပာဆိုပါတယ္။

႐ုရွားဟာ ယူကရိန္းကို ၂ဝ၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုက ႐ုရွားသမၼတပူတင္ကို စစ္ရာဇဝတ္မႈက်ဴးလြန္ေၾကာင္း စြပ္စြဲေျပာဆိုမႈမ်ားရွိခဲ့ပါတယ္။ အေမရိကန္ဟာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္း ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ား ကူညီေထာက္ပံ့ေပးခဲ့သလို ႐ုရွားကို ပိတ္ဆို႔မႈအမ်ိဳးမ်ိဳး ခ်မွတ္ခဲ့ၾကပါတယ္။

Picture

hla thein

19/03/2023 15:35

Biden ကိုခေါ်ပြီးဖာခေါင်းတာဝန်ပေးပေးပါလာ NP news ရယ်

Related news

© 2021. All rights reserved.