အီရတ်အပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် အမေရိကန်နိုင်ငံ ပြန်လည်တာဝန်ယူဖို့ တိုက်တွန်းတောင်းဆို

1773

ဂျန်ဇက် (NP News) - မတ် ၁၉
အမေရိကန်နိုင်ငံဟာ အီရတ်နိုင်ငံအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများနဲ့ပတ်သက်ပြီး တာဝန်ယူသင့်ကြောင်း ကမ္ဘာ့ပြည်သူများက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအခြေစိုက် CGTN သတင်းဌာနဟာ မတ်လ ၂ဝ ရက်နေ့မှာကျရောက်မယ့် အီရတ်ကို အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့များ ကျူးလွန်မှု နှစ်ပေါင်း ၂ဝ ပြည့်နေ့မတိုင်ခင် ကမ္ဘာတဝန်းရှိ အင်တာနက်သုံးစွဲသူများ ကို စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုသူ အားလုံးရဲ့ ၉၃ ရာခိုင်နှုန်းကျော်က အမေရိကန်ကို အီရတ်အပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် ပြန်တာဝန်ယူသင့်ကြောင်း ဖြေဆိုခဲ့ပါတယ်။
အီရတ်နိုင်ငံဟာ ဖျက်အားပြင်းလက်နက်များ ပိုင်ဆိုင်ထားတယ်ဆိုပြီး အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံတွေဟာ ကုလသမဂ္ဂရဲ့ခွင့်ပြုချက်မရှိဘဲ ပြီးခဲ့တဲ့နှစ်ပေါင်း ၂ဝ ကျော်က အီရတ်နိုင်ငံအပေါ် တစ်ဖက်သတ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
နောက်ပိုင်း ထွက်ပေါ်လာတဲ့သတင်းများအရ အီရတ်နိုင်ငံဟာ အမှန်တကယ် ဖျက်အားပြင်းလက်နက်များ ပိုင်ဆိုင် ခြင်းမရှိဘဲ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့များရဲ့တစ်ဖက်သတ်အနိုင်ကျင့်ခံရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာတဝန်းရှိ စစ်တမ်းဖြေဆိုသူအားလုံးရဲ့ ၉၄ ဒသမ ၆ ရာခိုင်နှုန်းက အမေရိကန်ဟာ အီရတ်နိုင်ငံ မှာ စစ်ပွဲဆင်နွဲဖို့ တရားမဝင်လုပ်ဆောင်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ဆိုပါတယ်။
အီရတ်နိုင်ငံအပေါ် အမေရိကန်တပ်ဖွဲ့များ နှစ်ပေါင်း ၂ဝ ကြာ တိုက်ခိုက်ခဲ့ချိန်အတွင်း အီရတ်နိုင်ငံမှာ လူပေါင်း ၂ သိန်းကျော် ထိခိုက်သေဆုံးခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်မဲ့ကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရပါ တယ်။ အဆိုပါ အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့ဝင်ပေါင်း ၄၆ဝဝ နီးပါးသေဆုံးခဲ့ရပြီး အမေရိကန်ဟာ အီရတ် နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အမျိုးမျိုးသော စီမံကိန်းများနဲ့ပတ်သက်ပြီး၊ အမေရိကန်ဒေါ်လာ ၂ ထရီလီယံ သုံးစွဲခဲ့ကြောင်း သိရပါတယ်။
အီရတ်နိုင်ငံအပေါ် စစ်ရေးအရ ကျူးကျော်မှု နှစ်ပေါင်း ၂ဝ ကြာချိန်အတွင်း အမေရိကန်ရဲ့ဒီမိုကရေစီစနစ်ဟာ အီရတ်နိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့လွတ်လပ်ခြင်းများ ရယူပေးနိုင်ခြင်းမရှိသေးကြောင်း သက်သေပြနေပါတယ်။ စစ်တမ်းဖြေဆိုသူ ၉၅ ရာခိုင်နှုန်းနီးပါးက အမေရိကန်စတိုင် ဒီမိုကရေစီဟာ ကမ္ဘာကြီးကို အမှန်တကယ် ငြိမ်းချမ်း အောင်လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေကြောင်း ဖြေဆိုခဲ့ပါတယ်။
CGTN သတင်းဌာနဟာ သတင်းများကို အင်္ဂလိပ်ဘာသာပိုင်း၊ စပိန်၊ပြင်သစ်၊အာရပ်၊ ရုရှား ဘာသာစကားများနဲ့ဖော်ပြနေပြီး၊ နာရီပေါင်း ၂၄ နာရီအတွင်း စစ်တမ်းဖြေဆိုသူပေါင်း ၈ဝဝဝဝ ကျော် ရှိခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
အီရတ္အေပၚ က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈမ်ားအတြက္ အေမရိကန္ႏိုင္ငံ ျပန္လည္တာဝန္ယူဖို႔ တိုက္တြန္းေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၉
အေမရိကန္ႏိုင္ငံဟာ အီရတ္ႏိုင္ငံအေပၚ က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈမ်ားနဲ႔ပတ္သက္ၿပီး တာဝန္ယူသင့္ေၾကာင္း ကမာၻ႔ျပည္သူမ်ားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံအေျခစိုက္ CGTN သတင္းဌာနဟာ မတ္လ ၂ဝ ရက္ေန႔မွာက်ေရာက္မယ့္ အီရတ္ကို အေမရိကန္ ဦးေဆာင္တဲ့ ႏိုင္ငံစုံတပ္ဖြဲ႕မ်ား က်ဴးလြန္မႈ ႏွစ္ေပါင္း ၂ဝ ျပည့္ေန႔မတိုင္ခင္ ကမာၻတဝန္းရွိ အင္တာနက္သုံးစြဲသူမ်ား ကို စစ္တမ္းေကာက္ယူခဲ့ရာ စစ္တမ္းေျဖဆိုသူ အားလုံးရဲ႕ ၉၃ ရာခိုင္ႏႈန္းေက်ာ္က အေမရိကန္ကို အီရတ္အေပၚ စစ္ရာဇဝတ္မႈက်ဴးလြန္ျခင္းမ်ားအတြက္ ျပန္တာဝန္ယူသင့္ေၾကာင္း ေျဖဆိုခဲ့ပါတယ္။
အီရတ္ႏိုင္ငံဟာ ဖ်က္အားျပင္းလက္နက္မ်ား ပိုင္ဆိုင္ထားတယ္ဆိုၿပီး အေမရိကန္နဲ႔ ၎ရဲ႕မဟာမိတ္ႏိုင္ငံေတြဟာ ကုလသမဂၢရဲ႕ခြင့္ျပဳခ်က္မရွိဘဲ ၿပီးခဲ့တဲ့ႏွစ္ေပါင္း ၂ဝ ေက်ာ္က အီရတ္ႏိုင္ငံအေပၚ တစ္ဖက္သတ္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေၾကာင္း သိရပါတယ္။
ေနာက္ပိုင္း ထြက္ေပၚလာတဲ့သတင္းမ်ားအရ အီရတ္ႏိုင္ငံဟာ အမွန္တကယ္ ဖ်က္အားျပင္းလက္နက္မ်ား ပိုင္ဆိုင္ ျခင္းမရွိဘဲ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ဖြဲ႕မ်ားရဲ႕တစ္ဖက္သတ္အႏိုင္က်င့္ခံရျခင္း ျဖစ္ေၾကာင္း သိရပါတယ္။ ကမာၻတဝန္းရွိ စစ္တမ္းေျဖဆိုသူအားလုံးရဲ႕ ၉၄ ဒသမ ၆ ရာခိုင္ႏႈန္းက အေမရိကန္ဟာ အီရတ္ႏိုင္ငံ မွာ စစ္ပြဲဆင္ႏြဲဖို႔ တရားမဝင္လုပ္ေဆာင္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ဆိုပါတယ္။
အီရတ္ႏိုင္ငံအေပၚ အေမရိကန္တပ္ဖြဲ႕မ်ား ႏွစ္ေပါင္း ၂ဝ ၾကာ တိုက္ခိုက္ခဲ့ခ်ိန္အတြင္း အီရတ္ႏိုင္ငံမွာ လူေပါင္း ၂ သိန္းေက်ာ္ ထိခိုက္ေသဆုံးခဲ့ၿပီး သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ အိုးအိမ္မဲ့ကာ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ရေၾကာင္း သိရပါ တယ္။ အဆိုပါ အီရတ္စစ္ပြဲအတြင္း အေမရိကန္တပ္ဖြဲ႕ဝင္ေပါင္း ၄၆ဝဝ နီးပါးေသဆုံးခဲ့ရၿပီး အေမရိကန္ဟာ အီရတ္ ႏိုင္ငံမွာ ျပဳလုပ္ခဲ့တဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာ စီမံကိန္းမ်ားနဲ႔ပတ္သက္ၿပီး၊ အေမရိကန္ေဒၚလာ ၂ ထရီလီယံ သုံးစြဲခဲ့ေၾကာင္း သိရပါတယ္။
အီရတ္ႏိုင္ငံအေပၚ စစ္ေရးအရ က်ဴးေက်ာ္မႈ ႏွစ္ေပါင္း ၂ဝ ၾကာခ်ိန္အတြင္း အေမရိကန္ရဲ႕ဒီမိုကေရစီစနစ္ဟာ အီရတ္ႏိုင္ငံအတြင္း ၿငိမ္းခ်မ္းေရးနဲ႔လြတ္လပ္ျခင္းမ်ား ရယူေပးႏိုင္ျခင္းမရွိေသးေၾကာင္း သက္ေသျပေနပါတယ္။ စစ္တမ္းေျဖဆိုသူ ၉၅ ရာခိုင္ႏႈန္းနီးပါးက အေမရိကန္စတိုင္ ဒီမိုကေရစီဟာ ကမာၻႀကီးကို အမွန္တကယ္ ၿငိမ္းခ်မ္း ေအာင္လုပ္ေဆာင္ႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနေၾကာင္း ေျဖဆိုခဲ့ပါတယ္။
CGTN သတင္းဌာနဟာ သတင္းမ်ားကို အဂၤလိပ္ဘာသာပိုင္း၊ စပိန္၊ျပင္သစ္၊အာရပ္၊ ႐ုရွား ဘာသာစကားမ်ားနဲ႔ေဖာ္ျပေနၿပီး၊ နာရီေပါင္း ၂၄ နာရီအတြင္း စစ္တမ္းေျဖဆိုသူေပါင္း ၈ဝဝဝဝ ေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။