ချမ်းသာကြွယ်ဝမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို လှူဒါန်းသွားမယ်လို့ ကြေညာလိုက်တဲ့ ထိုင်းဘီလျံနာသူဋ္ဌေးကြီး

 540

ဂျန်ဇက် (NP News) - မတ် ၁၉

ထိုင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Vikrom ဟာ ၎င်းပိုင်ဆိုင်တဲ့ ကြွယ်ဝချမ်းသာမှုအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို လှူဒါန်းသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

Amata လုပ်ငန်းစုကိုတည်ထောင်သူ ထိုင်းသူကြွယ်ကြီး Vikrom ဟာ ၎င်းရဲ့ ၇ဝ ပြည့်နေ့အထိမ်းအမှတ်မှာ သေတမ်းစာပြုစုခဲ့ပြီး အဲဒီသေတမ်းစာအတွင်း ၎င်းသေဆုံးချိန်မှာ ပိုင်ဆိုင်မှုဘတ် ၂ဝ ဘီလျံကို Amata ပရဟိတ ဖောင်ဒေးရှင်းထံ ကူညီလှူဒါန်းမယ်လို့ ဆိုပါတယ်။

Amata စီးပွားရေးလုပ်ငန်းစုများရဲ့ စီအီးအိုးတစ်ဦးဖြစ်ပြီး Amata ဖောင်ဒေးရှင်းကို တည်ထောင်သူ Vikrom ရဲ့ လှူဒါန်းမယ့်အစီအစဉ်တွေထဲမှာAmata လုပ်ငန်းစုကြီးရဲ့ပိုင်ဆိုင်မှုများအနက် မြေကွက်၊ အဆောက်အအုံ၊ အဆင့်မြင့်ကွန်ဒို၊ စတော့ခ် ရှယ်ယာ၊ ကိုယ်ပိုင်ဓနဥစ္စာပစ္စည်းများ ပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂၇ နှစ်ကျော်က Amata ဖောင်ဒေးရှင်းကို စတင်တည်ထောင်ခဲ့တဲ့ Vikrom က “All Win ဆိုတဲ့ ရည်မှန်းချက်ကို ဆုတ်ကိုင်ထားပါတယ်။ အားလုံးအတွက် ကောင်းတာတွေကို လုပ်ဆောင်ဖို့ အားထုတ်ကြိုးပမ်းခဲ့ ပါတယ် စီးပွားရေးဘက်မှာ အောင်မြင်မှုရတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ပတ်ဝန်းကျင်အတွက် ပြန်လည်မျှဝေပေးဖို့ လိုပါတယ်။ ဒါမှသာ ထိုင်းလူမှုအဖွဲ့အစည်းကို ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့တန်းတူအောင် မြှင့်တင်ပေးနိုင်မှာပါ။ ကလေး ဘဝကတည်းက အတွေ့အကြုံတွေကိုလည်း အများသူငှာ ဆွဲသုံးနိုင်အောင် စာအုပ်ပေါင်း ၁၁.၆ သန်းအုပ် ထုတ်ဝေ ပြီး မျှဝေထားပါတယ်” လို့ပြောပါတယ်။

၎င်းဟာ သုည ဘဝက လာပြီး သုညဘဝကိုပဲ ပြန်သွင်းသင့်တယ်ဆိုတဲ့ ခံယူချက်မျိုး ရှိနေသူဖြစ်ကြောင်း သိရပါ တယ်။ ၎င်းဟာ Amata စီးပွားရေးလုပ်ငန်းစုများရဲ့စီအီးအို ရာထူးကနေလည်း နှုတ်ထွက်ဖို့ အစီအစဉ်ရှိနေကြောင်း ဆိုပါတယ်။ Amata စီးပွားရေးလုပ်ငန်းစုဟာ ထိုင်းနိုင်ငံ နဲ့ အခြားနိုင်ငံတွေမှာ အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေ ပြီး လုပ်ငန်းခွဲပေါင်း အနည်းဆုံး ၄ဝ ရှိနေပါတယ်။ Vikrom ဟာ Amata စီးပွားရေးလုပ်ငန်းစုလက်အောက်ကနေ ထိုင်းဘတ် ၂၆ ဒသမ ၈ ဘီလျံ ကုမ္ပဏီ ၆ ခုကို စီမံခန့်ခွဲဖို့ မှတ်ပုံတင်ထားကြောင်း ထိုင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

Zawgyi Version;
ခ်မ္းသာႂကြယ္ဝမႈအားလုံးရဲ႕ ၉၅ ရာခိုင္ႏႈန္းကို လႉဒါန္းသြားမယ္လို႔ ေၾကညာလိုက္တဲ့ ထိုင္းဘီလ်ံနာသူေ႒းႀကီး
ဂ်န္ဇက္ (NP News) - မတ္ ၁၉

ထိုင္း စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ Vikrom ဟာ ၎ပိုင္ဆိုင္တဲ့ ႂကြယ္ဝခ်မ္းသာမႈအားလုံးရဲ႕ ၉၅ ရာခိုင္ႏႈန္း ကို လႉဒါန္းသြားမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။

Amata လုပ္ငန္းစုကိုတည္ေထာင္သူ ထိုင္းသူႂကြယ္ႀကီး Vikrom ဟာ ၎ရဲ႕ ၇ဝ ျပည့္ေန႔အထိမ္းအမွတ္မွာ ေသတမ္းစာျပဳစုခဲ့ၿပီး အဲဒီေသတမ္းစာအတြင္း ၎ေသဆုံးခ်ိန္မွာ ပိုင္ဆိုင္မႈ ဘတ္ ၂ဝ ဘီလ်ံကို Amata ပရဟိတ ေဖာင္ေဒးရွင္းထံ ကူညီလႉဒါန္းမယ္လို႔ ဆိုပါတယ္။

Amata စီးပြားေရးလုပ္ငန္းစုမ်ားရဲ႕ စီအီးအိုးတစ္ဦးျဖစ္ၿပီး Amata ေဖာင္ေဒးရွင္းကို တည္ေထာင္သူ Vikrom ရဲ႕ လႉဒါန္းမယ့္ အစီအစဥ္ေတြထဲမွာAmata လုပ္ငန္းစုႀကီးရဲ႕ပိုင္ဆိုင္မႈမ်ားအနက္ ေျမကြက္၊ အေဆာက္အအုံ၊ အဆင့္ျမင့္ကြန္ဒို၊ စေတာ့ခ္ ရွယ္ယာ၊ ကိုယ္ပိုင္ဓနဥစၥာပစၥည္းမ်ား ပါဝင္မွာျဖစ္ေၾကာင္းသိရပါတယ္။

ၿပီးခဲ့တဲ့ ၂၇ ႏွစ္ေက်ာ္က Amata ေဖာင္ေဒးရွင္းကို စတင္တည္ေထာင္ခဲ့တဲ့ Vikrom က “All Win ဆိုတဲ့ ရည္မွန္းခ်က္ကို ဆုတ္ကိုင္ထားပါတယ္။ အားလုံးအတြက္ ေကာင္းတာေတြကို လုပ္ေဆာင္ဖို႔ အားထုတ္ႀကိဳးပမ္းခဲ့ ပါတယ္ စီးပြားေရးဘက္မွာ ေအာင္ျမင္မႈရတဲ့အခါ လူ႔အဖြဲ႕အစည္းနဲ႔ပတ္ဝန္းက်င္အတြက္ ျပန္လည္မွ်ေဝေပးဖို႔ လိုပါတယ္။ ဒါမွသာ ထိုင္းလူမႈအဖြဲ႕အစည္းကို ဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြနဲ႔တန္းတူေအာင္ ျမႇင့္တင္ေပးႏိုင္မွာပါ။ ကေလး ဘဝကတည္းက အေတြ႕အႀကဳံေတြကိုလည္း အမ်ားသူငွာ ဆြဲသုံးႏိုင္ေအာင္ စာအုပ္ေပါင္း ၁၁.၆ သန္းအုပ္ ထုတ္ေဝ ၿပီး မွ်ေဝထားပါတယ္” လို႔ေျပာပါတယ္။

၎ဟာ သုည ဘဝက လာၿပီး သုညဘဝကိုပဲ ျပန္သြင္းသင့္တယ္ဆိုတဲ့ ခံယူခ်က္မ်ိဳး ရွိေနသူျဖစ္ေၾကာင္း သိရပါ တယ္။ ၎ဟာ Amata စီးပြားေရးလုပ္ငန္းစုမ်ားရဲ႕စီအီးအို ရာထူးကေနလည္း ႏႈတ္ထြက္ဖို႔ အစီအစဥ္ရွိေနေၾကာင္း ဆိုပါတယ္။ Amata စီးပြားေရးလုပ္ငန္းစုဟာ ထိုင္းႏိုင္ငံ နဲ႔ အျခားႏိုင္ငံေတြမွာ အိမ္ၿခံေျမလုပ္ငန္းမ်ား လုပ္ကိုင္ေန ၿပီး လုပ္ငန္းခြဲေပါင္း အနည္းဆုံး ၄ဝ ရွိေနပါတယ္။ Vikrom ဟာ Amata စီးပြားေရးလုပ္ငန္းစုလက္ေအာက္ကေန ထိုင္းဘတ္ ၂၆ ဒသမ ၈ ဘီလ်ံ ကုမၸဏီ ၆ ခုကို စီမံခန႔္ခြဲဖို႔ မွတ္ပုံတင္ထားေၾကာင္း ထိုင္း ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနက ဆိုပါတယ္။

Picture

L Mone

19/03/2023 22:55

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Related news

© 2021. All rights reserved.