အီကွေဒေါနဲ့ ပီရူးနိုင်ငံမှာ အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

 318

ရောင်နီ (NP News) - မတ် ၁၉

အီကွေဒေါနဲ့ ပီရူးမှာ အားပြင်းတဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး နေအိမ်နဲ့အဆောက်အအုံများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အီကွေဒေါနိုင်ငံ ကမ်းရိုးတန်း ဂွါရက်စ်ဒေသမှာ စနေနေ့က ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း US Geological Survey က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ဟာ လူဦးရေ သုံးသန်းကျော်ရှိတဲ့ မက်ထရိုဧရိယာ မှာ ကျောက်ချနေတဲ့ အီကွေဒေါနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ ဂွါရာကွာလ် တောင်ဘက် ကီလိုမီတာ ၈ဝ (မိုင် ၅ဝ) အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

သို့ပေမယ့် ငလျင်ကြောင့် ဆူနာမီဖြစ်မယ့် အလားအလာတော့ မရှိဘူးလို့ အာဏာပိုင်များက ပြောပါတယ်။ ငလျင် ကြောင့် အီကွေဒေါမှာ လူ ၁၃ ဦးသေဆုံးခဲ့ပြီး ပီရူးမှာ လူတစ်ဦး သေဆုံးခဲ့ကာ အနည်းဆုံး လူ ၁၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ချက်ချင်းပြုပြင်ဖို့လုံလောက်တဲ့ စီးပွားရေးအရင်းအမြစ်များ အဆင်သင့်ရှိ ကြောင်း အီကွေဒေါဝန်ကြီးများ ရုံးက ပြောကြားခဲ့ပါတယ်။ သေဆုံးသူများအနက် ၁၁ ဦးမှာ ကမ်းရိုးတန်းပြည်နယ် အယ်လ်အိုရိုမှ ဖြစ်ပြီး အက်ဇူဝေး ကုန်းမြင့်ပြည်နယ်မှလည်း လူ ၂ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုပါတယ်။ ပီရူးမှာ မြောက်ဘက်နယ်စပ်မှ ပစိဖိတ်အလယ်ပိုင်း ကမ်းရိုးတန်းအထိ ငလျင်လှုပ်ခတ်မှုဖြစ်ခဲ့ပြီး ပီရူးဝန်ကြီးချုပ် အယ်လ်ဘာတိုအိုတာရိုလာက အီကွေဒေါနယ်စပ်၊ တန်ဘက်စ်ဒေသရှိ ၎င်းရဲ့နေအိမ်ပြိုကျမှုမှာ ဦးခေါင်းဒဏ်ရာကြောင့် လေးနှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားပါတယ်။

အီကွေဒေါ Geophysics Institute of Ecuador ရဲ့အဆိုအရ ကနဦး ငလျင်လှုပ်ခတ်ပြီးနောက် နောက်တစ်နာရီအတွင်း အားပျော့သော နောက်ဆက်တွဲငလျင်နှစ်ခု ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း သိရပါတယ်။

အီကွေဒေါနိုင်ငံဟာ ၂ဝ၁၆ ခုနှစ်က နိုင်ငံရဲ့လူနေနည်းတဲ့ ပစိဖိတ်ကမ်းရိုးတန်းရှိ မြောက်ဘက်သို့ ဗဟိုပြုကာ လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူပေါင်း ၆ဝဝ ကျော် သေဆုံးခဲ့ပါတယ်။

Zawgyi Version;
အီေကြေဒါနဲ႔ ပီ႐ူးႏိုင္ငံမွာ အားျပင္းငလ်င္တစ္ခု လႈပ္ခတ္မႈေၾကာင့္ လူ ၁၄ ဦးထက္မနည္း ေသဆုံး
ေရာင္နီ (NP News) - မတ္ ၁၉

အီေကြေဒါနဲ႔ ပီ႐ူးမွာ အားျပင္းတဲ့ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ျခင္းေၾကာင့္ လူ ၁၄ ဦးထက္မနည္း ေသဆုံးၿပီး ေနအိမ္နဲ႔အေဆာက္အအုံမ်ား ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

အီေကြေဒါႏိုင္ငံ ကမ္း႐ိုးတန္း ဂြါရက္စ္ေဒသမွာ စေနေန႔က ျပင္းအား ၆.၇ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္ခဲ့ေၾကာင္း US Geological Survey က သတင္းထုတ္ျပန္ခဲ့ပါတယ္။ ငလ်င္ဟာ လူဦးေရ သုံးသန္းေက်ာ္ရွိတဲ့ မက္ထ႐ိုဧရိယာ မွာ ေက်ာက္ခ်ေနတဲ့ အီေကြေဒါႏိုင္ငံရဲ႕ဒုတိယအႀကီးဆုံးၿမိဳ႕ ဂြါရာကြာလ္ ေတာင္ဘက္ ကီလိုမီတာ ၈ဝ (မိုင္ ၅ဝ) အကြာကို ဗဟိုျပဳလႈပ္ခတ္ခဲ့ျခင္းျဖစ္ပါတယ္။

သို႔ေပမယ့္ ငလ်င္ေၾကာင့္ ဆူနာမီျဖစ္မယ့္ အလားအလာေတာ့ မရွိဘူးလို႔ အာဏာပိုင္မ်ားက ေျပာပါတယ္။ ငလ်င္ ေၾကာင့္ အီေကြေဒါမွာ လူ ၁၃ ဦးေသဆုံးခဲ့ၿပီး ပီ႐ူးမွာ လူတစ္ဦး ေသဆုံးခဲ့ကာ အနည္းဆုံး လူ ၁၂၆ ဦး ဒဏ္ရာရခဲ့ေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

ငလ်င္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားကို ခ်က္ခ်င္းျပဳျပင္ဖို႔လုံေလာက္တဲ့ စီးပြားေရးအရင္းအျမစ္မ်ား အဆင္သင့္ရွိ ေၾကာင္း အီေကြေဒါဝန္ႀကီးမ်ား ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ေသဆုံးသူမ်ားအနက္ ၁၁ ဦးမွာ ကမ္း႐ိုးတန္းျပည္နယ္ အယ္လ္အို႐ိုမွ ျဖစ္ၿပီး အက္ဇူေဝး ကုန္းျမင့္ျပည္နယ္မွလည္း လူ ၂ ဦး ေသဆုံးခဲ့ေၾကာင္း ၎က ဆိုပါတယ္။ ပီ႐ူးမွာ ေျမာက္ဘက္နယ္စပ္မွ ပစိဖိတ္အလယ္ပိုင္း ကမ္း႐ိုးတန္းအထိ ငလ်င္လႈပ္ခတ္မႈျဖစ္ခဲ့ၿပီး ပီ႐ူးဝန္ႀကီးခ်ဳပ္ အယ္လ္ဘာတိုအိုတာ႐ိုလာက အီေကြေဒါနယ္စပ္၊ တန္ဘက္စ္ေဒသရွိ ၎ရဲ႕ေနအိမ္ၿပိဳက်မႈမွာ ဦးေခါင္းဒဏ္ရာေၾကာင့္ ေလးႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦး ေသဆုံးခဲ့ေၾကာင္း ေျပာၾကားပါတယ္။

အီေကြေဒါ Geophysics Institute of Ecuador ရဲ႕အဆိုအရ ကနဦး ငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္တစ္နာရီအတြင္း အားေပ်ာ့ေသာ ေနာက္ဆက္တြဲငလ်င္ႏွစ္ခု ထပ္မံလႈပ္ခတ္သြားခဲ့ေၾကာင္း သိရပါတယ္။

အီေကြေဒါႏိုင္ငံဟာ ၂ဝ၁၆ ခုႏွစ္က ႏိုင္ငံရဲ႕လူေနနည္းတဲ့ ပစိဖိတ္ကမ္း႐ိုးတန္းရွိ ေျမာက္ဘက္သို႔ ဗဟိုျပဳကာ လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ လူေပါင္း ၆ဝဝ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

Related news

© 2021. All rights reserved.