ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး စစ်ရေးပဋိပက္ခများဖြစ်လာမယ်ဆိုရင်တော့ အမေရိကန်ကို အကူအညီများပေးမှာ မဟုတ်ကြောင်း သြစတြေးလျအစိုးရ ဆို

 1058

ဂျန်ဇက် (NP News) - မတ် ၁၉

သြစတြေးလျအစိုးရအနေနဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး စစ်ရေးပဋိပက္ခများဖြစ်လာမယ်ဆိုရင်တော့ အမေရိကန် ကို အကူအညီများပေးမှာမဟုတ်ကြောင်း၊ သြစတြေးလျကာကွယ်ရေးဝန်ကြီးရစ်ချက် မာလက်စ်က ပြောပါတယ်။

ပဋိပက္ခများရှိလာမယ်ဆိုရင် သြစတြေးလျအနေနဲ့ အမေရိကန်ကို ကူညီမှာလား ဆိုတဲ့အချက်ကို မေးမြန်းရာမှာ သြစတြေးလျကာကွယ်ရေးဝန်ကြီးက တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

၎င်းက "ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ကို အကူအညီပေးမယ်လို့ ကတိမပေးထားဘူး" လို့ ပြောပါတယ်။ သြစတြေးလျဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံထံကနေ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ အပြန်အလှန်အနေနဲ့ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပဋိပက္ခများဖြစ်လာရင် အမေရိကန်ကို စစ်ရေးအကူအညီပေးရဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေခြင်းကို ကာကွယ်ရေးဝန်ကြီးမာလက်စ် က တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

သြစတြေးလျဟာ အမေရိကန်၊ဗြိတိန်တို့နဲ့ AUKUS မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ထားတယ်လို့ သိရပါတယ်။ သြစတြေးလျဟာ လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံထံကနေ Virginia-class အမျိုးအစား စစ်ဘက်သုံးရေငုပ်သင်္ဘောအပြင် ဗြိတိန် နဲ့ သြစတြေးလျကြား SSN-AUKUS ရေငုပ်သင်္ဘောအသစ် ပူးတွဲတည်ဆောက်မယ့် အစီအစဉ်တွေအတွက် သဘောတူညီမှုရရှိထားပါတယ်။

သြစတြေးလျဟာ ဒေသအတွင်းမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုများ တိုးချဲ့လာခြင်းကို တုံ့ပြန်နိုင်ဖို့ အမေရိကန်၊ ဗြိတိန်တို့နဲ့ ပူးပေါင်းပြီး AUKUS မဟာမိတ်အဖွဲ့နဲ့ ရေငုပ်သင်္ဘော ရယူရေးကိစ္စများကို အရှိန်မြင့်လုပ်ဆောင်လာ ခြင်းဖြစ်ပါတယ်။ တရုတ်နဲ့ သြစတြေးလျတို့ဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဆက်ဆံရေး အဖုအထစ်များရှိလာခဲ့ ကြောင်း သတင်းများလည်း ထွက်ပေါ်နေခဲ့ပါတယ်။

အမေရိကန်ဟာ AUKUS သဘောတူညီမှုအရ သြစတြေးလျကို ရေငုပ်သင်္ဘာသုံးစင်းကို ကနဦး ရောင်းချဖို့ စီစဉ်ထားပြီး နောက်ထပ်ရောင်းချမယ့်အစီအစဉ်များလည်း ရှိနေကြောင်း သိရပါတယ်။ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ ဒေသအတွင်းမှာ တင်းမာမှုများရှိနေပြီး ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်လာမယ်ဆိုရင် ကူညီပေးမယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

ထိုင်ဝမ်ဟာ တရုတ်လက်အောက်က ခွဲထွက်ပြီး ကိုယ်ပိုင်နိုင်ငံတည်ထောင်ဖို့ စီစဉ်နေပြီး တရုတ်ကတော့ ထိုင်ဝမ်ကို ၎င်းတို့ပိုင်နက်ဖြစ်တဲ့အတွက် ပြန်လည်ပေါင်းစည်းဖို့ စီစဉ်နေတယ်လို့ ဆိုထားပါတယ်။

Zawgyi Version;
ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး စစ္ေရးပဋိပကၡမ်ားျဖစ္လာမယ္ဆိုရင္ေတာ့ အေမရိကန္ကို အကူအညီမ်ားေပးမွာ မဟုတ္ေၾကာင္း ၾသစေၾတးလ်အစိုးရ ဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၉

ၾသစေၾတးလ်အစိုးရအေနနဲ႔ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး စစ္ေရးပဋိပကၡမ်ားျဖစ္လာမယ္ဆိုရင္ေတာ့ အေမရိကန္ ကို အကူအညီမ်ားေပးမွာမဟုတ္ေၾကာင္း၊ ၾသစေၾတးလ်ကာကြယ္ေရးဝန္ႀကီးရစ္ခ်က္ မာလက္စ္က ေျပာပါတယ္။

ပဋိပကၡမ်ားရွိလာမယ္ဆိုရင္ ၾသစေၾတးလ်အေနနဲ႔ အေမရိကန္ကို ကူညီမွာလား ဆိုတဲ့အခ်က္ကို ေမးျမန္းရာမွာ ၾသစေၾတးလ်ကာကြယ္ေရးဝန္ႀကီးက တုံ႔ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

၎က "ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ကို အကူအညီေပးမယ္လို႔ ကတိမေပးထားဘူး" လို႔ ေျပာပါတယ္။ ၾသစေၾတးလ်ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံထံကေန န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း၊ အျပန္အလွန္အေနနဲ႔ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး ပဋိပကၡမ်ားျဖစ္လာရင္ အေမရိကန္ကို စစ္ေရးအကူအညီေပးရဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနျခင္းကို ကာကြယ္ေရးဝန္ႀကီးမာလက္စ္ က တုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

ၾသစေၾတးလ်ဟာ အေမရိကန္၊ၿဗိတိန္တို႔နဲ႔ AUKUS မဟာမိတ္အဖြဲ႕ကို ဖြဲ႕စည္းတည္ေထာင္ထားတယ္လို႔ သိရပါတယ္။ ၾသစေၾတးလ်ဟာ လက္ရွိအခ်ိန္မွာ အေမရိကန္ႏိုင္ငံထံကေန Virginia-class အမ်ိဳးအစား စစ္ဘက္သုံးေရငုပ္သေဘၤာအျပင္ ၿဗိတိန္ နဲ႔ ၾသစေၾတးလ်ၾကား SSN-AUKUS ေရငုပ္သေဘၤာအသစ္ ပူးတြဲတည္ေဆာက္မယ့္ အစီအစဥ္ေတြအတြက္ သေဘာတူညီမႈရရွိထားပါတယ္။

ၾသစေၾတးလ်ဟာ ေဒသအတြင္းမွာ တ႐ုတ္ရဲ႕ၾသဇာလႊမ္းမိုးမႈမ်ား တိုးခ်ဲ႕လာျခင္းကို တုံ႔ျပန္ႏိုင္ဖို႔ အေမရိကန္၊ ၿဗိတိန္တို႔နဲ႔ ပူးေပါင္းၿပီး AUKUS မဟာမိတ္အဖြဲ႕နဲ႔ ေရငုပ္သေဘၤာ ရယူေရးကိစၥမ်ားကို အရွိန္ျမင့္လုပ္ေဆာင္လာ ျခင္းျဖစ္ပါတယ္။ တ႐ုတ္နဲ႔ ၾသစေၾတးလ်တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ဆက္ဆံေရး အဖုအထစ္မ်ားရွိလာခဲ့ ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနခဲ့ပါတယ္။

အေမရိကန္ဟာ AUKUS သေဘာတူညီမႈအရ ၾသစေၾတးလ်ကို ေရငုပ္သဘၤာသုံးစင္းကို ကနဦး ေရာင္းခ်ဖို႔ စီစဥ္ထားၿပီး ေနာက္ထပ္ေရာင္းခ်မယ့္အစီအစဥ္မ်ားလည္း ရွိေနေၾကာင္း သိရပါတယ္။ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ေဒသအတြင္းမွာ တင္းမာမႈမ်ားရွိေနၿပီး ထိုင္ဝမ္ကို စစ္ေရးအရ က်ဴးေက်ာ္လာမယ္ဆိုရင္ ကူညီေပးမယ္လို႔ အေမရိကန္ဘက္က ေျပာဆိုထားပါတယ္။

ထိုင္ဝမ္ဟာ တ႐ုတ္လက္ေအာက္က ခြဲထြက္ၿပီး ကိုယ္ပိုင္ႏိုင္ငံတည္ေထာင္ဖို႔ စီစဥ္ေနၿပီး တ႐ုတ္ကေတာ့ ထိုင္ဝမ္ကို ၎တို႔ပိုင္နက္ျဖစ္တဲ့အတြက္ ျပန္လည္ေပါင္းစည္းဖို႔ စီစဥ္ေနတယ္လို႔ ဆိုထားပါတယ္။

Related news

© 2021. All rights reserved.