အင်ဒိုနီးရှားနိုင်ငံမှာ မီရာပီမီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွား

 494

ရောင်နီ (NP News) - မတ် ၁၉

ကမ္ဘာပေါ်မှာ အတက်ကြွဆုံး မီးတောင်များထဲမှ တစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ မီရာပီမီးတောင်ဟာ မတ်လ ၁၇ ရက်က ထပ်မံပါက်ကွဲခဲ့ပြီး မတ်လ ၁၈ ရက်၊ စနေနေ့မှာလည်း ဆက်လက်ပေါက်ကွဲနေဆဲဖြစ်ကာ ပြာတွေနဲ့ အခြား မီးစတွေ မီးတောင်ထိပ်ဝမှ ပျံ့လွင့်လျက်ရှိတာကို မြင်တွေ့ရပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးတောင်ဝမှ ချော်ရည်များ လျှံထွက်နေတဲ့ဗီဒီယိုဖိုင်နဲ့ လေထဲ မီတာ ၁၃ဝဝ ခန့်မြင့်တဲ့ ပူပြင်းသော တိမ်တိုက်ကြီးတစ်ခုကို အစိုးရပိုင် မီရာပီမီးတောင် လေ့လာရေးဌာနက မတ်လ ၁၇ ရက်၊ သောကြာနေ့ညက ရိုက်ကူးခဲ့ပါတယ်။

"မီရာပီ မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများ အနှောင့်အယှက်ဖြစ်နိုင်ချေကို ကြိုတင်ခန့်မှန်းထားသင့်ပြီး အထူးသဖြင့် မီရာပီ အနီးတစ်ဝိုက် မိုးရွာတဲ့အခါ မီးတောင်ရွှံ့များ စီးဆင်းမှုအန္တရာယ်ကို သတိပြုသင့်တယ်" လို့ နိုင်ငံ မီးတောင်အေဂျင်စီက စနေနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မီရာပီမီးတောင်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တောင်ထိပ်မှ မီတာ ၃ဝဝဝ အကွာထိ မီးတောင်ပြာများ မှုတ်ထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မီးတောင်ပေါက်ကွဲမှုတစ်ခါဖြစ်ခဲ့ပြီး မီးတောင်အနီးရှိ ရွာရှစ်ရွာထက်မနည်းမှာ မီးတောင်ပြာ များ ဖုံးလွှမ်းသွားခဲ့ပါတယ်။ မီးတောင်ဟာ ၂ဝ၂၁ ခုနှစ်မှစ ၎င်းရဲ့အတက်ကြွဆုံးအဆင့်ကို ကြုံတွေ့နေရကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က မီးတောင်ပညာရှင်များက ပြောကြားခဲ့ပါတယ်။

မီရာပီမီးတောင်ဟာ မီးတောင်လှုပ်ရှားမှုများ ခပ်စိပ်စိပ်တွေ့လာရပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း ဒုတိယ အမြင့်ဆုံး သတိပေးချက်မှာ ရှိနေခဲ့ပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်က မီရာပီမီးတောင်ပေါက်ကွဲမှုမှာ လူပေါင်း ၃ဝဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်း ၂၈ဝဝဝဝ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ မီရာပီမီးေတာင္ ထပ္မံေပါက္ကြဲမႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၁၉

ကမာၻေပၚမွာ အတက္ႂကြဆုံး မီးေတာင္မ်ားထဲမွ တစ္ခုျဖစ္တဲ့ အင္ဒိုနီးရွားႏိုင္ငံ မီရာပီမီးေတာင္ဟာ မတ္လ ၁၇ ရက္က ထပ္မံပါက္ကြဲခဲ့ၿပီး မတ္လ ၁၈ ရက္၊ စေနေန႔မွာလည္း ဆက္လက္ေပါက္ကြဲေနဆဲျဖစ္ကာ ျပာေတြနဲ႔ အျခား မီးစေတြ မီးေတာင္ထိပ္ဝမွ ပ်ံ႕လြင့္လ်က္ရွိတာကို ျမင္ေတြ႕ရပါတယ္။

မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ မီးေတာင္ဝမွ ေခ်ာ္ရည္မ်ား လွ်ံထြက္ေနတဲ့ဗီဒီယိုဖိုင္နဲ႔ ေလထဲ မီတာ ၁၃ဝဝ ခန္႔ျမင့္တဲ့ ပူျပင္းေသာ တိမ္တိုက္ႀကီးတစ္ခုကို အစိုးရပိုင္ မီရာပီမီးေတာင္ ေလ့လာေရးဌာနက မတ္လ ၁၇ ရက္၊ ေသာၾကာေန႔ညက ႐ိုက္ကူးခဲ့ပါတယ္။

"မီရာပီ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ မီးေတာင္ျပာမ်ား အေႏွာင့္အယွက္ျဖစ္ႏိုင္ေခ်ကို ႀကိဳတင္ခန႔္မွန္းထားသင့္ၿပီး အထူးသျဖင့္ မီရာပီ အနီးတစ္ဝိုက္ မိုး႐ြာတဲ့အခါ မီးေတာင္႐ႊံ႕မ်ား စီးဆင္းမႈအႏၲရာယ္ကို သတိျပဳသင့္တယ္" လို႔ ႏိုင္ငံ မီးေတာင္ေအဂ်င္စီက စေနေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ မီရာပီမီးေတာင္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကလည္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ေတာင္ထိပ္မွ မီတာ ၃ဝဝဝ အကြာထိ မီးေတာင္ျပာမ်ား မႈတ္ထုတ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကလည္း မီးေတာင္ေပါက္ကြဲမႈတစ္ခါျဖစ္ခဲ့ၿပီး မီးေတာင္အနီးရွိ ႐ြာရွစ္႐ြာထက္မနည္းမွာ မီးေတာင္ျပာ မ်ား ဖုံးလႊမ္းသြားခဲ့ပါတယ္။ မီးေတာင္ဟာ ၂ဝ၂၁ ခုႏွစ္မွစ ၎ရဲ႕အတက္ႂကြဆုံးအဆင့္ကို ႀကဳံေတြ႕ေနရေၾကာင္း ၿပီးခဲ့တဲ့သီတင္းပတ္က မီးေတာင္ပညာရွင္မ်ားက ေျပာၾကားခဲ့ပါတယ္။

မီရာပီမီးေတာင္ဟာ မီးေတာင္လႈပ္ရွားမႈမ်ား ခပ္စိပ္စိပ္ေတြ႕လာရၿပီးေနာက္ ၂ဝ၂ဝ ျပည့္ႏွစ္ေနာက္ပိုင္း ဒုတိယ အျမင့္ဆုံး သတိေပးခ်က္မွာ ရွိေနခဲ့ပါတယ္။ ၂ဝ၁ဝ ျပည့္ႏွစ္က မီရာပီမီးေတာင္ေပါက္ကြဲမႈမွာ လူေပါင္း ၃ဝဝ ေက်ာ္ ေသဆုံးခဲ့ၿပီး လူေပါင္း ၂၈ဝဝဝဝ ခန႔္ ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။

Related news

© 2021. All rights reserved.