ယခုဘဏ္ဍာနှစ် (၁ဝ)လတာကာလအတွင်း ပြည်ပမှ ရေနံနှင့် ရေနံထွက်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ(၄)ဘီလျံကျော်အထိရှိ

 742

ယွန်း (NP News) - မတ် ၁၉

ယခုဘဏ္ဍာနှစ်၏ (၁ဝ)လတာကာလအတွင်း ပြည်ပမှ ရေနံနှင့်ရေနံထွက်ပစ္စည်း တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ (၄)ဘီလျံကျော် အထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် ပြည်ပမှတင်သွင်းမှုလျှော့ချနိုင်‌ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု တိုးတက်ရေးစီမံချက်နှင့်အ ညီ ရေနံမြေများမှ ရေနံတိုးထုတ်နိုင်ရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားထုတ်လုပ်သွားရန်လိုကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောဆိုထားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် မတ်လ(၁၈)ရက်တွင် မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ ထောက်ရှာပင်- ကမ်းနီနယ်မြေတွင် ထပ်မံတူးဖော်နေသည့် ရေနံတွင်းများကို သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်း၌လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပမှတင်သွင်းနေရကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်စတင်သည့် ၂ဝ၂၂ခုနှစ်၊ ဧပြီလ(၁)ရက်မှ ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ (၁ဝ)လ တာကာလအတွင်း ပြည်ပမှ ရေနံထွက်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ(၄ ဒသမ ၄)ဘီလျံကျော် အထိ ရှိ‌ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

zawgyi version
ယခုဘ႑ာႏွစ္ (၁ဝ)လတာကာလအတြင္း ျပည္ပမွ ေရနံႏွင့္ ေရနံထြက္ပစၥည္း တင္သြင္းမႈ အေမရိကန္ေဒၚလာ(၄)ဘီလ်ံေက်ာ္အထိရွိ

ယြန္း (NP News) - မတ္ ၁၉

ယခုဘ႑ာႏွစ္၏ (၁ဝ)လတာကာလအတြင္း ျပည္ပမွ ေရနံႏွင့္ေရနံထြက္ပစၥည္း တင္သြင္းမႈသည္ အေမရိကန္ေဒၚလာ (၄)ဘီလ်ံေက်ာ္ အထိရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

ထို႔ေၾကာင့္ ျပည္ပမွတင္သြင္းမႈေလွ်ာ့ခ်ႏိုင္‌ေရးအတြက္ ျပည္တြင္းထုတ္လုပ္မႈ တိုးတက္ေရးစီမံခ်က္ႏွင့္အ ညီ ေရနံေျမမ်ားမွ ေရနံတိုးထုတ္ႏိုင္ရန္အတြက္ နည္းလမ္းေပါင္းစုံျဖင့္ ႀကိဳးစားထုတ္လုပ္သြားရန္လိုေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာဆိုထားသည္။

စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမ်ိဳးျမင့္ဦးသည္ မတ္လ(၁၈)ရက္တြင္ မေကြးတိုင္း၊ မင္းဘူးၿမိဳ႕နယ္ရွိ ေထာက္ရွာပင္- ကမ္းနီနယ္ေျမတြင္ ထပ္မံတူးေဖာ္ေနသည့္ ေရနံတြင္းမ်ားကို သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္သည္။

ေရနံႏွင့္ ေရနံထြက္ပစၥည္းမ်ားကို ျပည္တြင္း၌လုံေလာက္စြာ မထုတ္လုပ္ႏိုင္ျခင္းေၾကာင့္ ျပည္ပမွတင္သြင္းေနရေၾကာင္း သိရသည္။

လက္ရွိ ဘ႑ာႏွစ္စတင္သည့္ ၂ဝ၂၂ခုႏွစ္၊ ဧၿပီလ(၁)ရက္မွ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလကုန္အထိ (၁ဝ)လ တာကာလအတြင္း ျပည္ပမွ ေရနံထြက္ပစၥည္းတင္သြင္းမႈ အေမရိကန္ေဒၚလာ(၄ ဒသမ ၄)ဘီလ်ံေက်ာ္ အထိ ရွိ‌ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.