အမေရိကန်နိုင်ငံတွင် သက်ငယ်မုဒိန်းကျူးလွန်သူကို ထောင်ဒဏ်(၃၅)နှစ်အပြင် ဓါတုဗေဒနည်းဖြင့် သင်းကွပ်ရန် အမိန့်ချမှတ်

 772

Pika (NP News) - မတ် ၁၉

အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်တွင် အသက်(၁၃)နှစ်အောက် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသော ရွိုင်ယန်ကလာ့ခ် အမည်ရှိ အမျိုးသားတစ်ဦးသည် ထောင်ဒဏ်(၃၅)နှစ် ကျခံရမည့်အပြင် ဓါတုဗေဒနည်းဖြင့် သင်းကွပ်ခံရမည်ဖြစ်ကြောင်း တရားသူကြီးက စီရင်ချက်ချခဲ့သည်။

အသက်(၃၄)နှစ်အရွယ် ရွိုင်ယန်ကလာ့ခ် သည် ပြစ်မှုကျူးလွန်ခံရသူ နှင့် အဆက်အသွယ်မလုပ်ရခြင်းများ အပါအဝင် လိင်မှုကျူးလွန်သူအဖြစ် တစ်သက်တာ စာရင်းသွင်းခံရမည်ဖြစ်ကြောင်း Tangipahoa Parish ခရိုင် ရှေ့နေ Scott Perrilloux က ပြောကြားခဲ့သည်။

Kentwood မြို့တွင် နေထိုင်သော ကလာ့ခ်သည် အဓမ္မပြုကျင့်မှု၊ အသက်(၁၃)နှစ်အောက် အရွယ်မရောက်သေးသူအား နှိပ်စက်ညှင်းပန်းမှုတို့ဖြင့် အပြစ်ရှိကြောင်း မတ်လ(၁)ရက်တွင် ဝန်ခံခဲ့ပြီးနောက် တရားသူကြီး ဘရိုင်ယန်အေဘယ် က စီရင်ချက်ချခဲ့ကြောင်း သိရသည်။

ဓါတုဗေဒနည်းဖြင့် သင်းကွပ်ခြင်းကို လူဝီစီယားနားပြည်နယ်တွင် ၂ဝဝ၈ ခုနှစ်ကတည်းက တရားဝင်ကျင့်သုံးခဲ့ ကြောင်း သိရသည်။ အရွယ်မရောက်သေးသောသူအား ညှင်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှု၊ ပြင်းထန်သည့် ရာဇဝတ်မှုများ အပါအဝင် အခြားပြစ်မှုများဖြင့် အပြစ်ရှိကြောင်း တွေ့ရှိသူများအပေါ် ဓါတုဗေဒနည်းဖြင့် သင်းကွပ် ခြင်းကို လုပ်ဆောင်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းစဥ်တွင် testosterone အဆင့်ကို လျော့နည်းထားပြီး အမျိုးသားတစ်ဦး၏ လိင်စိတ်ဆန္ဒကို တားဆီးပေးသည့် Medroxyprogesterone acetate ၏ ထိုးဆေးများ ပါဝင်‌ကြောင်း သတင်းများ၏ ဖော်ပြချက် အရ သိရသည်။ ပြစ်ဒဏ်ချမှတ်ခံထားရသော အဓမ္မပြုကျင့်သူသည် ထောင်မှ မလွတ်မြောက်မီ အနည်းဆုံး တစ်ပတ်အလိုတွင် ‌ဆေးထိုးခြင်းကို ခံရမည်ဖြစ်ကြောင်း သိရသည်။

ကလာ့ခ် နှင့် အရွယ်မရောက်သေးသူကြား မသင့်လျော်သော အပြုအမူများ ရှိနေသည်ကို သတင်းပေးမှုများရှိခဲ့ပြီး နောက် Tangipahoa Parish ခရိုင်ရဲအရာရှိရုံးက ကလာ့ခ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ၂ဝ၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ကြောင်းသိရသည်။ အဓမ္မပြုကျင့်ခံရသူကို Hammond မြို့ Children’s Advocacy စင်တာ တွင် တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် ၎င်းသည် အဖြစ်အပျက်များကို အသေးစိတ်ပြောပြခဲ့ကြောင်း Scott Perrilloux က ပြောကြားခဲ့သည်။

ကလာ့ခ်ကို ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင်လ(၁၇)ရက်‌တွင် ဖမ်းဆီးခဲ့ပြီး အရွယ်မရောက်သေးသူအား အဓမ္မပြုကျင့်မှု၊ နှိပ်စက်ညှင်းပန်းမှုတို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ထို့နောက် စုံစမ်းစစ်ဆေးမှုများကို ထပ်မံလုပ်ဆောင်ခဲ့ပြီးနောက် စီရင်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ သက္ငယ္မုဒိန္းက်ဴးလြန္သူကို ေထာင္ဒဏ္(၃၅)ႏွစ္အျပင္ ဓါတုေဗဒနည္းျဖင့္ သင္းကြပ္ရန္ အမိန႔္ခ်မွတ္
Pika (NP News) - မတ္ ၁၉

အေမရိကန္ႏိုင္ငံ လူဝီစီယားနားျပည္နယ္တြင္ အသက္(၁၃)ႏွစ္ေအာက္ မိန္းကေလးတစ္ဦးကို အဓမၼျပဳက်င့္မႈျဖင့္ ျပစ္ဒဏ္ခ်မွတ္ခံရေသာ ႐ြိဳင္ယန္ကလာ့ခ္ အမည္ရွိ အမ်ိဳးသားတစ္ဦးသည္ ေထာင္ဒဏ္(၃၅)ႏွစ္ က်ခံရမည့္အျပင္ ဓါတုေဗဒနည္းျဖင့္ သင္းကြပ္ခံရမည္ျဖစ္ေၾကာင္း တရားသူႀကီးက စီရင္ခ်က္ခ်ခဲ့သည္။

အသက္(၃၄)ႏွစ္အ႐ြယ္ ႐ြိဳင္ယန္ကလာ့ခ္ သည္ ျပစ္မႈက်ဴးလြန္ခံရသူ ႏွင့္ အဆက္အသြယ္မလုပ္ရျခင္းမ်ား အပါအဝင္ လိင္မႈက်ဴးလြန္သူအျဖစ္ တစ္သက္တာ စာရင္းသြင္းခံရမည္ျဖစ္ေၾကာင္း Tangipahoa Parish ခ႐ိုင္ ေရွ႕ေန Scott Perrilloux က ေျပာၾကားခဲ့သည္။

Kentwood ၿမိဳ႕တြင္ ေနထိုင္ေသာ ကလာ့ခ္သည္ အဓမၼျပဳက်င့္မႈ၊ အသက္(၁၃)ႏွစ္ေအာက္ အ႐ြယ္မေရာက္ေသးသူအား ႏွိပ္စက္ညႇင္းပန္းမႈတို႔ျဖင့္ အျပစ္ရွိေၾကာင္း မတ္လ(၁)ရက္တြင္ ဝန္ခံခဲ့ၿပီးေနာက္ တရားသူႀကီး ဘ႐ိုင္ယန္ေအဘယ္ က စီရင္ခ်က္ခ်ခဲ့ေၾကာင္း သိရသည္။

ဓါတုေဗဒနည္းျဖင့္ သင္းကြပ္ျခင္းကို လူဝီစီယားနားျပည္နယ္တြင္ ၂ဝဝ၈ ခုႏွစ္ကတည္းက တရားဝင္က်င့္သုံးခဲ့ ေၾကာင္း သိရသည္။ အ႐ြယ္မေရာက္ေသးေသာသူအား ညႇင္းပန္းႏွိပ္စက္မႈ၊ အဓမၼျပဳက်င့္မႈ၊ ျပင္းထန္သည့္ ရာဇဝတ္မႈမ်ား အပါအဝင္ အျခားျပစ္မႈမ်ားျဖင့္ အျပစ္ရွိေၾကာင္း ေတြ႕ရွိသူမ်ားအေပၚ ဓါတုေဗဒနည္းျဖင့္ သင္းကြပ္ ျခင္းကို လုပ္ေဆာင္ေၾကာင္းသိရသည္။

အဆိုပါလုပ္ငန္းစဥ္တြင္ testosterone အဆင့္ကို ေလ်ာ့နည္းထားၿပီး အမ်ိဳးသားတစ္ဦး၏ လိင္စိတ္ဆႏၵကို တားဆီးေပးသည့္ Medroxyprogesterone acetate ၏ ထိုးေဆးမ်ား ပါဝင္‌ေၾကာင္း သတင္းမ်ား၏ ေဖာ္ျပခ်က္ အရ သိရသည္။ ျပစ္ဒဏ္ခ်မွတ္ခံထားရေသာ အဓမၼျပဳက်င့္သူသည္ ေထာင္မွ မလြတ္ေျမာက္မီ အနည္းဆုံး တစ္ပတ္အလိုတြင္ ‌ေဆးထိုးျခင္းကို ခံရမည္ျဖစ္ေၾကာင္း သိရသည္။

ကလာ့ခ္ ႏွင့္ အ႐ြယ္မေရာက္ေသးသူၾကား မသင့္ေလ်ာ္ေသာ အျပဳအမူမ်ား ရွိေနသည္ကို သတင္းေပးမႈမ်ားရွိခဲ့ၿပီး ေနာက္ Tangipahoa Parish ခ႐ိုင္ရဲအရာရွိ႐ုံးက ကလာ့ခ္ႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လတြင္ စတင္ခဲ့ေၾကာင္းသိရသည္။ အဓမၼျပဳက်င့္ခံရသူကို Hammond ၿမိဳ႕ Children’s Advocacy စင္တာ တြင္ ေတြ႕ဆုံေမးျမန္းခဲ့ၿပီးေနာက္ ၎သည္ အျဖစ္အပ်က္မ်ားကို အေသးစိတ္ေျပာျပခဲ့ေၾကာင္း Scott Perrilloux က ေျပာၾကားခဲ့သည္။

ကလာ့ခ္ကို ၂ဝ၂ဝ ျပည့္ႏွစ္ ဇူလိုင္လ(၁၇)ရက္‌တြင္ ဖမ္းဆီးခဲ့ၿပီး အ႐ြယ္မေရာက္ေသးသူအား အဓမၼျပဳက်င့္မႈ၊ ႏွိပ္စက္ညႇင္းပန္းမႈတို႔ျဖင့္ တရားစြဲဆိုခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ စုံစမ္းစစ္ေဆးမႈမ်ားကို ထပ္မံလုပ္ေဆာင္ခဲ့ၿပီးေနာက္ စီရင္ခ်က္ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.