တောင်ဥက္ကလာပမြို့နယ်ရှိ ရထားသံလမ်းပေါ်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတွေ့ရှိ

 577

Pearl (NP News) - မတ် ၁၉

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ရထားသံလမ်းပေါ်တွင် ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရုပ်အ‌လောင်းကို ယမန်နေ့ (မတ်လ ၁၈ ရက်) ၊ ညနေ (၅)နာရီအချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်ရှိ ရထားသံလမ်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း မျှဝေခံစားတွဲလက်များ ပရဟိတအသင်းထံမှ သိရသည်။

"သက်ဆိုင်ရာက ဆက်သွယ်လို့ ကျွန်တော်တို့ သိရပါတာပါ။ ညနေ (၅)နာရီ ဝန်းကျင်လောက်ပါ။ ဒဏ် ရာတွေမတွေ့ပါဘူး၊ သွေးထွက်သံယိုဖြစ်တာမျိုးမရှိပါဘူး၊ နေကလည်းပူနေတော့ ဦး‌နှောက်သွေးကြောပြတ်တာလား၊ သူက သောက်တတ်စားတတ်လို့ သွေးကြောဆိုင်းပြီး ဖြစ်တာလားပေါ့၊ အမျိုးမျိုးယူဆလို့ရတယ်၊ အတိအကျတော့ မသိပါဘူး" ဟု မျှဝေခံစားတွဲလက်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

သေဆုံးသူသည် အသက် (၃ဝ) ဝန်းကျင်ခန့်ရှိပြီး ၎င်းနှင့်ပတ်သက်သည့် အခြားအချက်အလက်များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
zawgyi version
ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ရထားသံလမ္းေပၚတြင္ ပိုင္ရွင္မဲ့အမ်ိဳးသားအေလာင္းေတြ႕ရွိ

Pearl (NP News) - မတ္ ၁၉

ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ရွိ ရထားသံလမ္းေပၚတြင္ ပိုင္ရွင္မဲ့အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းအားေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ႐ုပ္အ‌ေလာင္းကို ယမန္ေန႔ (မတ္လ ၁၈ ရက္) ၊ ညေန (၅)နာရီအခ်ိန္ခန႔္တြင္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ (၈)ရပ္ကြက္ရွိ ရထားသံလမ္းေပၚတြင္ ေတြ႕ရွိခဲ့ေၾကာင္း မွ်ေဝခံစားတြဲလက္မ်ား ပရဟိတအသင္းထံမွ သိရသည္။

"သက္ဆိုင္ရာက ဆက္သြယ္လို႔ ကြၽန္ေတာ္တို႔ သိရပါတာပါ။ ညေန (၅)နာရီ ဝန္းက်င္ေလာက္ပါ။ ဒဏ္ ရာေတြမေတြ႕ပါဘူး၊ ေသြးထြက္သံယိုျဖစ္တာမ်ိဳးမရွိပါဘူး၊ ေနကလည္းပူေနေတာ့ ဦး‌ေႏွာက္ေသြးေၾကာျပတ္တာလား၊ သူက ေသာက္တတ္စားတတ္လို႔ ေသြးေၾကာဆိုင္းၿပီး ျဖစ္တာလားေပါ့၊ အမ်ိဳးမ်ိဳးယူဆလို႔ရတယ္၊ အတိအက်ေတာ့ မသိပါဘူး" ဟု မွ်ေဝခံစားတြဲလက္မ်ား ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေသဆုံးသူသည္ အသက္ (၃ဝ) ဝန္းက်င္ခန္႔ရွိၿပီး ၎ႏွင့္ပတ္သက္သည့္ အျခားအခ်က္အလက္မ်ားအား သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ဆက္လက္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.