ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ(၁၉)ဦး သေဆုံး

 402

Pika (NP News) - မတ် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လ(၁၉)ရက်က ဘတ်စ်ကားတစ်စီးသည် အမြန်လမ်းတွင် အရှိန်လွန်ပြီး လမ်းချော်ကာ ကားလမ်းဘေးမြောင်းထဲသို့ ထိုးကျခဲ့ခြင်းကြောင့် အနည်းဆုံး လူ(၁၉)ဦး သေဆုံးခဲ့ပြီး လူ(၃ဝ)ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း နိုင်ငံတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

Emad Paribahan ကုမ္ပဏီပိုင် ဘတ်စ်ကားသည် နံနက်(၇)နာရီ (၃ဝ) မိနစ်အချိန်တွင် Madaripur ခရိုင် အဝေးပြေး လမ်းမပေါ်တွင် လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူအများအပြား ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် သေဆုံးသူ ဦးရေမှာ ထပ်တိုးလာနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက် ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း Madaripur ရဲတပ်ဖွဲ့ ရဲမှူး Md Masud Alam က ပြောကြားခဲ့သည်။

Md Masud Alam က "ဘတ်စ်ကားယာဥ်မောင်းရဲ့ မဆင်မခြင်မောင်းနှင်မှု နဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကြောင့် မတော်တဆမှု ဖြစ်ပွားရတယ်လို့ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Faridpur မီးသတ်ဌာနလက်ထောက်ညွှန်ကြားရေးမှူး Shiplu Ahmed က "ဘတ်စ်ကားဟာ အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့အချိန်မှာ ဘီးပေါက်ပြီး ထိန်းချုပ်မှုလွတ်သွားပြီးတော့ မြောင်းထဲကို ထိုးကျခဲ့တယ်လို့ ထင်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် မီးသတ်တပ်ဖွဲ့(၃)ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေ ကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြို့ပြကာကွယ်ရေးဌာနချုပ် တာဝန်ကျအရာရှိ Lima Khanam က ပြောကြားခဲ့သည်။ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ မည်သူဖြစ်သည်ဆိုသည့်အချက် များကို ထုတ်ဖော်နိုင်ခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လမ်းများပြင်ဆင်မှုမရှိခြင်း နှင့် မဆင်မခြင်မောင်းနှင်သော ယာဥ်မောင်းများကြောင့် ယာဥ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Zawgyi Version;
ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ(၁၉)ဦး ေသဆုံး
Pika (NP News) - မတ္ ၁၉

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ မတ္လ(၁၉)ရက္က ဘတ္စ္ကားတစ္စီးသည္ အျမန္လမ္းတြင္ အရွိန္လြန္ၿပီး လမ္းေခ်ာ္ကာ ကားလမ္းေဘးေျမာင္းထဲသို႔ ထိုးက်ခဲ့ျခင္းေၾကာင့္ အနည္းဆုံး လူ(၁၉)ဦး ေသဆုံးခဲ့ၿပီး လူ(၃ဝ)ဦး ထိခိုက္ဒဏ္ရာရရွိ ခဲ့ေၾကာင္း ႏိုင္ငံတြင္းမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

Emad Paribahan ကုမၸဏီပိုင္ ဘတ္စ္ကားသည္ နံနက္(၇)နာရီ (၃ဝ) မိနစ္အခ်ိန္တြင္ Madaripur ခ႐ိုင္ အေဝးေျပး လမ္းမေပၚတြင္ လမ္းေခ်ာ္ကာ တိမ္းေမွာက္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ လူအမ်ားအျပား ျပင္းထန္စြာထိခိုက္ဒဏ္ရာရရွိခဲ့သည့္အတြက္ ေသဆုံးသူ ဦးေရမွာ ထပ္တိုးလာႏိုင္ဖြယ္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။ မေတာ္တဆမႈျဖစ္ပြားၿပီးေနာက္ ထိခိုက္ ဒဏ္ရာရရွိသူမ်ားကို ေဆး႐ုံမ်ားသို႔ ပို႔ေဆာင္ထားေၾကာင္း Madaripur ရဲတပ္ဖြဲ႕ ရဲမႉး Md Masud Alam က ေျပာၾကားခဲ့သည္။

Md Masud Alam က "ဘတ္စ္ကားယာဥ္ေမာင္းရဲ႕ မဆင္မျခင္ေမာင္းႏွင္မႈ နဲ႔ စက္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းမႈေတြေၾကာင့္ မေတာ္တဆမႈ ျဖစ္ပြားရတယ္လို႔ထင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Faridpur မီးသတ္ဌာနလက္ေထာက္ၫႊန္ၾကားေရးမႉး Shiplu Ahmed က "ဘတ္စ္ကားဟာ အရွိန္ျပင္းျပင္း ေမာင္းႏွင္ေနတဲ့အခ်ိန္မွာ ဘီးေပါက္ၿပီး ထိန္းခ်ဳပ္မႈလြတ္သြားၿပီးေတာ့ ေျမာင္းထဲကို ထိုးက်ခဲ့တယ္လို႔ ထင္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အခင္းျဖစ္ပြားရာေနရာတြင္ မီးသတ္တပ္ဖြဲ႕(၃)ဖြဲ႕က ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ေန ေၾကာင္း မီးသတ္တပ္ဖြဲ႕ႏွင့္ ၿမိဳ႕ျပကာကြယ္ေရးဌာနခ်ဳပ္ တာဝန္က်အရာရွိ Lima Khanam က ေျပာၾကားခဲ့သည္။ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသူမ်ားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားမွာ မည္သူျဖစ္သည္ဆိုသည့္အခ်က္ မ်ားကို ထုတ္ေဖာ္ႏိုင္ျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လမ္းမ်ားျပင္ဆင္မႈမရွိျခင္း ႏွင့္ မဆင္မျခင္ေမာင္းႏွင္ေသာ ယာဥ္ေမာင္းမ်ားေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ားမၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.