လပွတ္တာ-မြောင်းမြကားလမ်းတွင် ဘုရားဖူးကားတိမ်းမှောက်မှုဖြစ်ပွား

 1194

Pearl (NP News) - မတ် ၁၉

ဧရာဝတီတိုင်း၊ လပွတ္တာ-မြောင်းမြကားလမ်းတွင် ဘုရားဖူးကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း နှလုံးသား ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၉ ရက်)၊ ညနေ (၃)နာရီခွဲအချိန်ခန့်တွင် လပွတ္တာ-မြောင်းမြကားလမ်းရှိ (၁၄)မိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ကို အကြောင်းကြားတာက (၃)နာရီ မိနစ်(၂ဝ)လောက်ပါ၊ ရောက်သွားတာက (၃)နာရီ (၃၅)လောက်ကပါ၊ ဒဏ်ရာကြီးကြီးမားမားရတဲ့လူ မရှိဘူးပြောတယ်၊ ကျွန်တော်တို့ ရောက်သွားတဲ့အချိန် ယာဉ်မောင်းနဲ့ ကားနဲ့ပဲကျန်တယ် ၊ ကျန်တဲ့လူတွေက ရန်ကုန်ကလာတဲ့ ခရီးသည်တင်ကားတွေနဲ့ တင်ပေးလိုက်တယ်ပြောတယ်၊ ကားသမားက မူးနေတော့ ဘာမှသိပ်မေးလို့မရဘူး" ဟု နှလုံးသားကျန်းမာ ရေးစောင့်ရှောက်မှုအဖွဲမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါတိမ်းမှောက်မှုဖြစ်ပွားသော ယာဉ်သည် ငပုတောမြို့နယ် ၊ မန်းကျည်းပင်ကျေးရွာမှဖြစ်ပြီး ယာဉ်ပေါ်တွင် လူ (၁၂)ဦးခန့်ပါရှိကြောင်း သိရသည်။

အလားတူ ယနေ့၊ ညနေ (၄)နာရီခွဲအချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၃၈/၅)နှင့် (၁၃၈/၆) ကြားတွင် အဖြူရောင်ယာဉ်သည် လမ်းလယ်ကျွန်းရှိ ခရေပင်အားတိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ကားသည် လမ်းတစ်ဖက်ခြမ်းသို့ရောက်ရှိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီး(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား နှလုံးလှလူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

zawgyi version
လပြတၱာ-ေျမာင္းျမကားလမ္းတြင္ ဘုရားဖူးကားတိမ္းေမွာက္မႈျဖစ္ပြား
Pearl (NP News) - မတ္ ၁၉

ဧရာဝတီတိုင္း၊ လပြတၱာ-ေျမာင္းျမကားလမ္းတြင္ ဘုရားဖူးကားတစ္စီးတိမ္းေမွာက္မႈျဖစ္ပြားခဲ့ေၾကာင္း ႏွလုံးသား က်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၁၉ ရက္)၊ ညေန (၃)နာရီခြဲအခ်ိန္ခန႔္တြင္ လပြတၱာ-ေျမာင္းျမကားလမ္းရွိ (၁၄)မိုင္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ကို အေၾကာင္းၾကားတာက (၃)နာရီ မိနစ္(၂ဝ)ေလာက္ပါ၊ ေရာက္သြားတာက (၃)နာရီ (၃၅)ေလာက္ကပါ၊ ဒဏ္ရာႀကီးႀကီးမားမားရတဲ့လူ မရွိဘူးေျပာတယ္၊ ကြၽန္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္ ယာဥ္ေမာင္းနဲ႔ ကားနဲ႔ပဲက်န္တယ္ ၊ က်န္တဲ့လူေတြက ရန္ကုန္ကလာတဲ့ ခရီးသည္တင္ကားေတြနဲ႔ တင္ေပးလိုက္တယ္ေျပာတယ္၊ ကားသမားက မူးေနေတာ့ ဘာမွသိပ္ေမးလို႔မရဘူး" ဟု ႏွလုံးသားက်န္းမာ ေရးေစာင့္ေရွာက္မႈအဖြဲမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါတိမ္းေမွာက္မႈျဖစ္ပြားေသာ ယာဥ္သည္ ငပုေတာၿမိဳ႕နယ္ ၊ မန္းက်ည္းပင္ေက်း႐ြာမွျဖစ္ၿပီး ယာဥ္ေပၚတြင္ လူ (၁၂)ဦးခန႔္ပါရွိေၾကာင္း သိရသည္။

အလားတူ ယေန႔၊ ညေန (၄)နာရီခြဲအခ်ိန္ခန႔္တြင္ ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္ (၁၃၈/၅)ႏွင့္ (၁၃၈/၆) ၾကားတြင္ အျဖဴေရာင္ယာဥ္သည္ လမ္းလယ္ကြၽန္းရွိ ခေရပင္အားတိုက္မိခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ကားသည္ လမ္းတစ္ဖက္ျခမ္းသို႔ေရာက္ရွိခဲ့ၿပီး ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသမီး(၄)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား ႏွလုံးလွလူမႈကယ္ဆယ္ေရးအသင္းယာဥ္ျဖင့္ ေတာင္ငူေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ၿပီး စိုးရိမ္ဖြယ္ရာအေျခအေနမရွိေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.