လွှတ်တော်အဆောက်အဦးနားတွင် ဆန္ဒပြမှုများမလုပ်ရန် ပြင်သစ်အစိုးရ တားမြစ်ပိတ်ပင်

 461

Pika (NP News) - မတ် ၁၉

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ လွှတ်တော်အဆောက်အဦးအနီးတွင် ဖြစ်ပွားနေသာ ဆန္ဒပြနေရာနှစ်ခုတွင် စုဝေးမှုများ ထပ်မံမလုပ်ကြရန် ရဲတပ်ဖွဲ့များက တားမြစ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဆန္ဒပြမှုများသည် အများပြည်သူဆိုင်ရာစည်းမျဥ်းစည်းကမ်းများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ပြော ဆိုကာ စုဝေးခြင်းများကို တားမြစ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ပြင်သစ်သမ္မတမက်ခရွန် သည် ပင်စင်ဥပဒေ ကို ပြောင်းလဲခဲ့ပြီးနောက် ပဲရစ်မြို့တွင် အစိုးရဆန့်ကျင်သည့် ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်လာခဲ့‌သည်။

လွှတ်တော်ရှေ့တွင် ဆန္ဒပြနေသော ထောင်နှင့်ချီသည့် လူစုလူဝေးကို လူစုခွဲရန်ရောက်ရှိလာသော ရဲတပ်ဖွဲ့များကို ဆန္ဒပြသူများက ပုလင်းများ၊ မီးရှုးမီးပန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူ (၆၁)ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်၊၊ ထောင်နှင့်ချီသော လူအုပ်ကြီးကို လူစုခွဲရန်အတွက် ရဲတပ်ဖွဲ့သည် မျက်ရည်ယို‌ဗုံးများ ကို အသုံးပြုခဲ့ရကြောင်း သိရသည်။

ထို့အပြင် လိုင်ယွန်မြို့တွင် မြို့တော်ခန်းမကို ဖျက်ဆီးရန်ကြိုးပမ်းခဲ့သော ဆန္ဒပြသူ (၃၆)ဦးကိုလည်း ဖမ်းဆီးခဲ့ ကြောင်း သိရသည်။ မက်ခရွန်သည် အစိုးရဝန်ထမ်းများ၏ အငြိမ်းစားယူရမည့် အသက်ကို (၆၂)နှစ်မှ (၆၄)နှစ်သို့ တိုးမြှင့်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် မတ်လ(၂၃)ရက်တွင် ဆန္ဒပြပွဲများကို ထပ်မံပြုလုပ်ရန် ကြေညာထားပြီး မက်ခရွန် ၏ လုပ်ရပ် များသည် ဒီမိုကရေစီနည်းလမ်းများကို ငြင်းပယ်နေခြင်းဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သလို ဆန္ဒပြသူများသည် ပဲရစ်မြို့တွင်းလမ်းများကို ဖျက်ဆီးခြင်း နှင့် မီးရှို့ခြင်းတို့ကို လုပ်ခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version;
လႊတ္ေတာ္အေဆာက္အဦးနားတြင္ ဆႏၵျပမႈမ်ားမလုပ္ရန္ ျပင္သစ္အစိုးရ တားျမစ္ပိတ္ပင္
Pika (NP News) - မတ္ ၁၉

ျပင္သစ္ႏိုင္ငံ ပဲရစ္ၿမိဳ႕ လႊတ္ေတာ္အေဆာက္အဦးအနီးတြင္ ျဖစ္ပြားေနသာ ဆႏၵျပေနရာႏွစ္ခုတြင္ စုေဝးမႈမ်ား ထပ္မံမလုပ္ၾကရန္ ရဲတပ္ဖြဲ႕မ်ားက တားျမစ္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ ဆႏၵျပမႈမ်ားသည္ အမ်ားျပည္သူဆိုင္ရာစည္းမ်ဥ္းစည္းကမ္းမ်ားကို အေႏွာင့္အယွက္ျဖစ္ေစသည္ဟု ေျပာ ဆိုကာ စုေဝးျခင္းမ်ားကို တားျမစ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ျပင္သစ္သမၼတမက္ခ႐ြန္ သည္ ပင္စင္ဥပေဒ ကို ေျပာင္းလဲခဲ့ၿပီးေနာက္ ပဲရစ္ၿမိဳ႕တြင္ အစိုးရဆန႔္က်င္သည့္ ဆႏၵျပပြဲမ်ား ဆက္တိုက္ေပၚေပါက္လာခဲ့‌သည္။

လႊတ္ေတာ္ေရွ႕တြင္ ဆႏၵျပေနေသာ ေထာင္ႏွင့္ခ်ီသည့္ လူစုလူေဝးကို လူစုခြဲရန္ေရာက္ရွိလာေသာ ရဲတပ္ဖြဲ႕မ်ားကို ဆႏၵျပသူမ်ားက ပုလင္းမ်ား၊ မီးရႈးမီးပန္းမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ရဲတပ္ဖြဲ႕သည္ ဆႏၵျပသူ (၆၁)ဦးကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္၊၊ ေထာင္ႏွင့္ခ်ီေသာ လူအုပ္ႀကီးကို လူစုခြဲရန္အတြက္ ရဲတပ္ဖြဲ႕သည္ မ်က္ရည္ယို‌ဗုံးမ်ား ကို အသုံးျပဳခဲ့ရေၾကာင္း သိရသည္။

ထို႔အျပင္ လိုင္ယြန္ၿမိဳ႕တြင္ ၿမိဳ႕ေတာ္ခန္းမကို ဖ်က္ဆီးရန္ႀကိဳးပမ္းခဲ့ေသာ ဆႏၵျပသူ (၃၆)ဦးကိုလည္း ဖမ္းဆီးခဲ့ ေၾကာင္း သိရသည္။ မက္ခ႐ြန္သည္ အစိုးရဝန္ထမ္းမ်ား၏ အၿငိမ္းစားယူရမည့္ အသက္ကို (၆၂)ႏွစ္မွ (၆၄)ႏွစ္သို႔ တိုးျမႇင့္ခဲ့ၿပီးေနာက္ ဆႏၵျပပြဲမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆႏၵျပသူမ်ားသည္ မတ္လ(၂၃)ရက္တြင္ ဆႏၵျပပြဲမ်ားကို ထပ္မံျပဳလုပ္ရန္ ေၾကညာထားၿပီး မက္ခ႐ြန္ ၏ လုပ္ရပ္ မ်ားသည္ ဒီမိုကေရစီနည္းလမ္းမ်ားကို ျငင္းပယ္ေနျခင္းျဖစ္ေၾကာင္း ျပစ္တင္ေဝဖန္ခဲ့သည္။ ၿပီးခဲ့သည့္ရက္ပိုင္းက ျဖစ္ပြားခဲ့ေသာ ဆႏၵျပပြဲမ်ားအတြင္း ရဲတပ္ဖြဲ႕ႏွင့္ ဆႏၵျပသူမ်ားၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ား ျဖစ္ပြားခဲ့သလို ဆႏၵျပသူမ်ားသည္ ပဲရစ္ၿမိဳ႕တြင္းလမ္းမ်ားကို ဖ်က္ဆီးျခင္း ႏွင့္ မီးရႈိ႕ျခင္းတို႔ကို လုပ္ခဲ့ၾကေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.