ဟာလန်းအတွက် အနာဂတ်တွင် ဖိအားများဖြစ်လာမည်ကို စိုးရိမ်မိကြောင်း နည်းပြ ဂွါဒီယိုလာ ပြော

 410

Pika (NP News) - မတ် ၁၉

မန်စီးတီးအသင်း တိုက်စစ်မှူးဟာလန်း အနေဖြင့် လာမည့်အနာဂါတ်တွင် ဖိအားများနှင့် ရင်ဆိုင်ရဖွယ်ရှိနေ ကြောင်း ပရိသတ်များအနေဖြင့် ဟာလန်းကို ပွဲတိုင်းတစ်ပွဲကို အနည်းဆုံး (၃)ဂိုး သွင်းနိုင်မည်ဟု မျှော်လင့်ချက်များ ရှိလာနိုင်ရာ ဖိအားများပိုမိုဖြစ်လာဖွယ်ရှိသည်ဟု နည်းပြဂွါဒီယိုလာ က သတိပေးပြောဆိုခဲ့သည်။

ဟာလန်းသည် ကစားထားသော နောက်ဆုံး(၂)ပွဲတွင် (၈)ဂိုးသွင်းယူထားပြီး မတ်လ(၁၅)ရက်က လိုက်ပ်ဇစ်ပ် အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် (၅)ဂိုး ၊မတ်လ(၁၈)ရက်က ဘန်လေအသင်းနှင့်ကစားခဲ့သည့် FA ဖလားပွဲတွင် (၃)ဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်းသည် အကြီးမားဆုံးမျှော်လင့်ချက်များထားသည့် ပြဿနာများနှင့် ရင်ဆိုင်ရလာနိုင်သလို ၎င်း၏ အကောင်းဆုံးတိုက်စစ်မှူးပုံစံက လာမည့်အနာဂတ်တွင် ပြဿနာများ ရှိလာနိုင် ကြောင်း ပြောကြားခဲ့သည်။

ဂွါဒီယိုလာ က "ဟာလန်းဟာ လာမယ့်အနာဂတ်မှာ ပြဿနာတွေနဲ့ ကြုံတွေ့ရလာနိုင်ပါတယ်။ ဟာလန်းက ကစားပွဲတိုင်းမှာ (၃)ဂိုး (သို့မဟုတ်) (၄)ဂိုး သွင်းယူနိုင်မယ်လို့ လူတိုင်းက မျှော်လင့်နေကြပါတယ်၊၊ ဒါပေမယ့် အဲဒါက ရေရှည်ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဟာလန်း အကြောင်း ကောင်းကောင်းသိပါတယ်။ သူက အဲဒါမျိုးတွေ ဂရုမစိုက်တတ်ပါဘူး။ အကောင်းမြင်စိတ်ကလည်း အမြဲရှိပြီး ညည်းညူတာမျိုး‌တွေလည်း တစ်ခါမှ မရှိပါဘူး။‌ ဟာလန်းက နောက်ဆုံးကစားထားတဲ့ (၂)ပွဲမှာ (၈)ဂိုး ထိတောင် သွင်းယူထားခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။

ဟာလန်းသည် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၇) ပွဲ ကစားထားပြီး (၄၂) ဂိုး သွင်းယူထားကြောင်း သိရသည်။ ဟာလန်းသည် လက်ရှိရာသီတွင် ပြိုင်ပွဲအရပ်ရပ်မှာ ဟက်ထရစ်(၆) ခါထိ သွင်းယူထားနိုင်ကြောင်း သိရသည်။ ဟာလန်းသည် ဧပြီလ(၁)ရက် လီဗာပူးလ်အသင်းနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် ၎င်း၏ အကောင်းဆုံး ဂိုးသွင်းပုံစံကို ဆက်လက်ထိန်းထားနိုင်မည်ဟု မျှော်လင့်မိကြောင်း နည်းပြ ဂွါဒီယိုလာ က ထုတ်ဖော် ပြောဆိုခဲ့သည်။

Zawgyi Version;
ဟာလန္းအတြက္ အနာဂတ္တြင္ ဖိအားမ်ားျဖစ္လာမည္ကို စိုးရိမ္မိေၾကာင္း နည္းျပ ဂြါဒီယိုလာ ေျပာ
Pika (NP News) - မတ္ ၁၉

မန္စီးတီးအသင္း တိုက္စစ္မႉးဟာလန္း အေနျဖင့္ လာမည့္အနာဂါတ္တြင္ ဖိအားမ်ားႏွင့္ ရင္ဆိုင္ရဖြယ္ရွိေန ေၾကာင္း ပရိသတ္မ်ားအေနျဖင့္ ဟာလန္းကို ပြဲတိုင္းတစ္ပြဲကို အနည္းဆုံး (၃)ဂိုး သြင္းႏိုင္မည္ဟု ေမွ်ာ္လင့္ခ်က္မ်ား ရွိလာႏိုင္ရာ ဖိအားမ်ားပိုမိုျဖစ္လာဖြယ္ရွိသည္ဟု နည္းျပဂြါဒီယိုလာ က သတိေပးေျပာဆိုခဲ့သည္။

ဟာလန္းသည္ ကစားထားေသာ ေနာက္ဆုံး(၂)ပြဲတြင္ (၈)ဂိုးသြင္းယူထားၿပီး မတ္လ(၁၅)ရက္က လိုက္ပ္ဇစ္ပ္ အသင္းႏွင့္ကစားခဲ့သည့္ ခ်န္ပီယံလိဂ္ပြဲတြင္ (၅)ဂိုး ၊မတ္လ(၁၈)ရက္က ဘန္ေလအသင္းႏွင့္ကစားခဲ့သည့္ FA ဖလားပြဲတြင္ (၃)ဂိုး သြင္းယူႏိုင္ခဲ့ေၾကာင္း သိရသည္။

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ဟာလန္းသည္ အႀကီးမားဆုံးေမွ်ာ္လင့္ခ်က္မ်ားထားသည့္ ျပႆနာမ်ားႏွင့္ ရင္ဆိုင္ရလာႏိုင္သလို ၎၏ အေကာင္းဆုံးတိုက္စစ္မႉးပုံစံက လာမည့္အနာဂတ္တြင္ ျပႆနာမ်ား ရွိလာႏိုင္ ေၾကာင္း ေျပာၾကားခဲ့သည္။

ဂြါဒီယိုလာ က "ဟာလန္းဟာ လာမယ့္အနာဂတ္မွာ ျပႆနာေတြနဲ႔ ႀကဳံေတြ႕ရလာႏိုင္ပါတယ္။ ဟာလန္းက ကစားပြဲတိုင္းမွာ (၃)ဂိုး (သို႔မဟုတ္) (၄)ဂိုး သြင္းယူႏိုင္မယ္လို႔ လူတိုင္းက ေမွ်ာ္လင့္ေနၾကပါတယ္၊၊ ဒါေပမယ့္ အဲဒါက ေရရွည္ျဖစ္ႏိုင္မွာ မဟုတ္ပါဘူး။ ကြၽန္ေတာ္ ဟာလန္း အေၾကာင္း ေကာင္းေကာင္းသိပါတယ္။ သူက အဲဒါမ်ိဳးေတြ ဂ႐ုမစိုက္တတ္ပါဘူး။ အေကာင္းျမင္စိတ္ကလည္း အၿမဲရွိၿပီး ညည္းညဴတာမ်ိဳး‌ေတြလည္း တစ္ခါမွ မရွိပါဘူး။‌ ဟာလန္းက ေနာက္ဆုံးကစားထားတဲ့ (၂)ပြဲမွာ (၈)ဂိုး ထိေတာင္ သြင္းယူထားခဲ့တာပါ" ဟု ေျပာဆိုခဲ့သည္။

ဟာလန္းသည္ မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း (၃၇) ပြဲ ကစားထားၿပီး (၄၂) ဂိုး သြင္းယူထားေၾကာင္း သိရသည္။ ဟာလန္းသည္ လက္ရွိရာသီတြင္ ၿပိဳင္ပြဲအရပ္ရပ္မွာ ဟက္ထရစ္(၆) ခါထိ သြင္းယူထားႏိုင္ေၾကာင္း သိရသည္။ ဟာလန္းသည္ ဧၿပီလ(၁)ရက္ လီဗာပူးလ္အသင္းႏွင့္ကစားရမည့္ ပရီးမီးယားလိဂ္ပြဲစဥ္တြင္ ၎၏ အေကာင္းဆုံး ဂိုးသြင္းပုံစံကို ဆက္လက္ထိန္းထားႏိုင္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း နည္းျပ ဂြါဒီယိုလာ က ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.