နေအိမ်ကို စီးနင်းခံရပြီးနောက် အဖမ်းခံရမည်ဆိုပါက ပါတီကို ဆက်လက်ဦးဆောင်ရန် ကော်မတီတစ်ရပ်ဖွဲ့စည်းထားကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ပြော

 496

Pika (NP News) - မတ် ၁၉

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက ၎င်းအဖမ်းခံရမည်ဆိုပါက ပါတီကို ဆက်လက်ဦးဆောင်ရန် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ရာထူးမှဖြုတ်ချခံရပြီးနောက် အင်မရန်ခန်းသည် နိုင်ငံတစ်ဝှမ်းဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် ရဲတပ်ဖွဲ့များသည် အင်မရန်ခန်းကို ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော် လည်း အောင်မြင်မှုမရရှိဘဲ ၎င်း၏ ပါတီထောက်ခံသူများ နှင့် ရဲတပ်ဖွဲ့များကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အင်မရန်ခန်းက "ကျွန်တော် ဖမ်းခံရမယ်ဆိုရင် ပါတီကို ဆက်လက်ဦးဆောင်ဖို့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပါ တယ်။ ကျွန်တော့်ကို စွဲချက်တင်ထားတာတွေက အမှုပေါင်း(၉၄)မှု လောက်ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မဲဆွယ်စည်းရုံးနေစဥ် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရပြီး ဒဏ်ရာရရှိသွားသော အင်မရန်ခန်းက ၎င်း၏ အသက်အန္တရာယ်ခြိမ်းခြောက်မှုသည် ယခင်ကထက် ပိုမိုကြီးမားလာပြီဖြစ်ကြောင်း ပြော ကြားခဲ့သည်။ ထို့အပြင် ၎င်း၏ နိုင်ငံ‌ရေးအတိုက်အခံများနှင့် စစ်တပ်သည် ယခုနှစ်နှောင်းပိုင်းတွင် ကျင်းမည့် ရွေးကောက်ပွဲတွင် ၎င်းကို ဝင်ရောက်မယှဥ်ပြိုင်စေလိုသောကြောင့် တားဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

အင်မရန်ခန်း၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်များပေးရန်တောင်းဆိုမှုကို စစ်တပ်နှင့် အစိုးရက ပြန်လည်ဖြေကြားခြင်းမျိုး မရှိသေးကြောင်းလည်း သိရသည်။ ပါကစ္စတန်အစိုးရက အဆိုပါကိစ္စများ၏ နောက်ကွယ်တွင် ပါဝင်ပတ်သက်နေခြင်းမျိုး မရှိ‌ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့အပြင် စစ်တပ်ကလည်း နိုင်ငံရေးဘက်တွင် ကြားနေအဖြစ်သာ ရပ်တည်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ အင်မရန်ခန်းက စွဲချက်တင်ထားသော ကိစ္စများအားလုံးနှင့်ပတ်သက်ပြီး အာမခံများရှိနေသဖြင့် လက်ရှိအချိန်တွင် ဖမ်းဆီးခံရမည့် အကြောင်းပြချက်များမရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အင်မရန်ခန်းသည် အမှု တစ်ခုခုတွင် ပြစ်မှုထင်ရှားမည်ဆိုပါက နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိမည် မဟုတ်ကြောင်းလည်း သိရသည်၊၊

အင်မရန်ခန်းသည် မတ်လ(၁၉)ရက်က အကျင့်ပျက်ခြစားမှုကိစ္စဖြင့် အစ္စလာမ်ဘတ်မြို့ရှိ တရားရုံးသို့သွားရောက် နေစဥ် ပါကစ္စတန်ရဲတပ်ဖွဲ့များ သည် ၎င်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်းလည်း သိရသည်။ အင်မရန်ခန်း ၏ နေအိမ်ကို ဝင်ရောက်စီးနင်းသည့်အချိန်အတွင်း လူ(၃ဝ) ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများ က ပြော ကြားခဲ့သည်။ ဝင်ရောက်စီးနင်းမှုအတွင်း တက်ကြွလှုပ်ရှားသူများသည် ရဲတပ်ဖွဲ့များကို ကျောက်ခဲများ၊ မီးပုလင်း တို့ဖြင့် ပစ်ပေါက်ကာ ခုခံခဲ့ကြောင်း စစ်ဆင်ရေးတာဝန်ခံအရာရှိက ပြောကြားခဲ့သည်။

Zawgyi Version;
ေနအိမ္ကို စီးနင္းခံရၿပီးေနာက္ အဖမ္းခံရမည္ဆိုပါက ပါတီကို ဆက္လက္ဦးေဆာင္ရန္ ေကာ္မတီတစ္ရပ္ဖြဲ႕စည္းထားေၾကာင္း ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေျပာ
Pika (NP News) - မတ္ ၁၉

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း အင္မရန္ခန္းက ၎အဖမ္းခံရမည္ဆိုပါက ပါတီကို ဆက္လက္ဦးေဆာင္ရန္ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းထားေၾကာင္း ေျပာၾကားခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္တြင္ ရာထူးမွျဖဳတ္ခ်ခံရၿပီးေနာက္ အင္မရန္ခန္းသည္ ႏိုင္ငံတစ္ဝွမ္းဆႏၵျပပြဲမ်ားကို ဦးေဆာင္ခဲ့ ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ရဲတပ္ဖြဲ႕မ်ားသည္ အင္မရန္ခန္းကို ဖမ္းဆီးရန္ႀကိဳးပမ္းခဲ့ေသာ္ လည္း ေအာင္ျမင္မႈမရရွိဘဲ ၎၏ ပါတီေထာက္ခံသူမ်ား ႏွင့္ ရဲတပ္ဖြဲ႕မ်ားၾကား ႐ုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ပြားခဲ့ ေၾကာင္း သိရသည္။

အင္မရန္ခန္းက "ကြၽန္ေတာ္ ဖမ္းခံရမယ္ဆိုရင္ ပါတီကို ဆက္လက္ဦးေဆာင္ဖို႔ ေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းထားပါ တယ္။ ကြၽန္ေတာ့္ကို စြဲခ်က္တင္ထားတာေတြက အမႈေပါင္း(၉၄)မႈ ေလာက္ရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလက မဲဆြယ္စည္း႐ုံးေနစဥ္ ေသနတ္ျဖင့္ လုပ္ႀကံခံခဲ့ရၿပီး ဒဏ္ရာရရွိသြားေသာ အင္မရန္ခန္းက ၎၏ အသက္အႏၲရာယ္ၿခိမ္းေျခာက္မႈသည္ ယခင္ကထက္ ပိုမိုႀကီးမားလာၿပီျဖစ္ေၾကာင္း ေျပာ ၾကားခဲ့သည္။ ထို႔အျပင္ ၎၏ ႏိုင္ငံ‌ေရးအတိုက္အခံမ်ားႏွင့္ စစ္တပ္သည္ ယခုႏွစ္ေႏွာင္းပိုင္းတြင္ က်င္းမည့္ ေ႐ြးေကာက္ပြဲတြင္ ၎ကို ဝင္ေရာက္မယွဥ္ၿပိဳင္ေစလိုေသာေၾကာင့္ တားဆီးျခင္းမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ ေၾကာင္း ေျပာၾကားခဲ့သည္။

အင္မရန္ခန္း၏ ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး မွတ္ခ်က္မ်ားေပးရန္ေတာင္းဆိုမႈကို စစ္တပ္ႏွင့္ အစိုးရက ျပန္လည္ေျဖၾကားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း သိရသည္။ ပါကစၥတန္အစိုးရက အဆိုပါကိစၥမ်ား၏ ေနာက္ကြယ္တြင္ ပါဝင္ပတ္သက္ေနျခင္းမ်ိဳး မရွိ‌ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

ထို႔အျပင္ စစ္တပ္ကလည္း ႏိုင္ငံေရးဘက္တြင္ ၾကားေနအျဖစ္သာ ရပ္တည္ေနဆဲျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ အင္မရန္ခန္းက စြဲခ်က္တင္ထားေသာ ကိစၥမ်ားအားလုံးႏွင့္ပတ္သက္ၿပီး အာမခံမ်ားရွိေနသျဖင့္ လက္ရွိအခ်ိန္တြင္ ဖမ္းဆီးခံရမည့္ အေၾကာင္းျပခ်က္မ်ားမရွိေၾကာင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အင္မရန္ခန္းသည္ အမႈ တစ္ခုခုတြင္ ျပစ္မႈထင္ရွားမည္ဆိုပါက ႏိုဝင္ဘာလတြင္ က်င္းပမည့္ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိမည္ မဟုတ္ေၾကာင္းလည္း သိရသည္၊၊

အင္မရန္ခန္းသည္ မတ္လ(၁၉)ရက္က အက်င့္ပ်က္ျခစားမႈကိစၥျဖင့္ အစၥလာမ္ဘတ္ၿမိဳ႕ရွိ တရား႐ုံးသို႔သြားေရာက္ ေနစဥ္ ပါကစၥတန္ရဲတပ္ဖြဲ႕မ်ား သည္ ၎၏ ေနအိမ္ကို ဝင္ေရာက္စီးနင္းခဲ့ေၾကာင္းလည္း သိရသည္။ အင္မရန္ခန္း ၏ ေနအိမ္ကို ဝင္ေရာက္စီးနင္းသည့္အခ်ိန္အတြင္း လူ(၃ဝ) ဦးကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း တာဝန္ရွိသူမ်ား က ေျပာ ၾကားခဲ့သည္။ ဝင္ေရာက္စီးနင္းမႈအတြင္း တက္ႂကြလႈပ္ရွားသူမ်ားသည္ ရဲတပ္ဖြဲ႕မ်ားကို ေက်ာက္ခဲမ်ား၊ မီးပုလင္း တို႔ျဖင့္ ပစ္ေပါက္ကာ ခုခံခဲ့ေၾကာင္း စစ္ဆင္ေရးတာဝန္ခံအရာရွိက ေျပာၾကားခဲ့သည္။

Picture

L Mone

19/03/2023 20:05

တရုတ်အမေရိကန်လွန်စွဲပွဲကို ပြည်သူနဲ့စစ်တပ် ရန်ပွဲအဖြစ် အမေရိကန်သည် တရုတ်နယ်စပ်နိုင်ငံများကို ဖန်တီးနေပြီဖြစ်ပါတယ်..။အိန္ဒိယက မိုဒီလည်း အဆော်ခံနေရပါကြောင်း သို့သော် တရုတ်နဲ့မတည့်သူမို့ သက်သာပေသေး၏။CIA ခွေး Voa Rfa BBC ဇာတ်ကောင်

Related news

© 2021. All rights reserved.