ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် UEC ၌ ရခိုင်အမျိုးသားပါတီ(ANP) မှတ်ပုံပြန်တင်မည်

 917

မျိုးကြီး (NP News) - မတ် ၁၉

ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ ရခိုင်အမျိုးသားပါတီ(ANP) မှတ်ပုံတင်ပြန်လည်လျှောက်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်လျှောက်ထားသော နိုင်ငံရေးပါတီမှာ (၃ဝ)နီးပါးရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်း ပါတီများ မှတ်ပုံတင်လျှောက်ထားနိုင်သည့်ရက်သည် ကုန်ဆုံးတော့မည်ဖြစ်သည်။

“ရခိုင်အမျိုးသားပါတီ(ANP)ကို ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် မှတ် ပုံတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလိုက်တယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက NP News ကိုအတည်ပြုပြောဆိုထားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့၌ အမျိုးသားရေး၊ အမျိုးသားနိုင်ငံရေး အားနည်းနေသည့်အတွက် ၎င်းမြို့ နယ်များတွင် အားကောင်းလာရေး လုပ်ကိုင်ဆောင်ရွက်ရန် ယုံကြည်သည့်အတွက် ယခုကဲ့သို့မှတ်ပုံပြန်တင်ရခြင်းဖြစ်ကြောင်း ပါတီက ဆိုထားသည်။

ထို့ပြင် ပါတီဥက္ကဋ္ဌဦးသာထွန်းလှက “ပြီးရင်နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုတွေလည်း ဆက်လက်လုပ် ကိုင်ဆောင်ရွက်နေဖို့လိုတယ်။ ပြီးရင်နိုင်ငံရေးအရ ပြောခွင့်၊ ဆိုခွင့်ရှိနေဖို့လည်း လိုနေသေးတယ်လို့ ကျွန်တော်တို့ အဲဒီလိုယူဆတယ်” ဟု ဆက်လက်ပြောဆိုထားသည်။

“နောက်တစ်ချက်က ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ညီနောင်တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေရအုံးမယ်လို့လဲ သုံးသပ်မိတယ်။ အဲဒါကြောင့် အဲဒီလို လုပ်ကိုင်ဆောင်ရွက်နိုင်အောင်အတွက် ရခိုင်လူမျိုးတွေကို ကိုယ်စားပြုတဲ့ ပါတီတစ်ရပ် လိုအပ်သေးတယ်လို့ ကျွန်တော်တို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

နစကမှ ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ယခင်က ပြည်ထောင်စုတစ် ဝန်းလုံးစည်းရုံးသော ရခိုင်အမျိုးသားပါတီအတွက် အခက်အခဲများကြုံတွေ့ခဲ့ရကြောင်းလည်း ပါတီဥက္ကဋ္ဌက ထည့်သွင်းမှတ်ချက်ပြုထားသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် လာမည့် ရုံးဖွင့်ရက်များအတွင်း ရွေးကောက်ပွဲကော်မရှင်၌ သွားရောက်မှတ်ပုံတင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သို့သော် ရခိုင်အမျိုးသားပါတီအနေဖြင့် မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီအတွင်း ဆွေးနွေးဆုံးဖြတ်ချက် တစ်စုံတစ်ရာမရှိသေးကြောင်းလည်း ပါတီဥက္ကဋ္ဌဦးသာထွန်းလှက အသိပေးပြောဆိုထားသည်။

ဒေါက်တာအေးမောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ရခိုင့်ဦးဆောင်ပါတီ(AFP)အနေဖြင့် ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့ပြီးဖြစ်ကာ ရခိုင်ပြည်နယ်အခြေစိုက်ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားခဲ့ကြောင်း သိရသည်။

zawgyi version
ရခိုင္ျပည္နယ္အေျခစိုက္ပါတီအျဖစ္ UEC ၌ ရခိုင္အမ်ိဳးသားပါတီ(ANP) မွတ္ပုံျပန္တင္မည္

မ်ိဳးႀကီး (NP News) - မတ္ ၁၉

ရခိုင္ျပည္နယ္အေျခစိုက္ပါတီအျဖစ္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၌ ရခိုင္အမ်ိဳးသားပါတီ(ANP) မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ေလွ်ာက္ထားေသာ ႏိုင္ငံေရးပါတီမွာ (၃ဝ)နီးပါးရွိေနၿပီး မၾကာခင္ရက္ပိုင္းအတြင္း ပါတီမ်ား မွတ္ပုံတင္ေလွ်ာက္ထားႏိုင္သည့္ရက္သည္ ကုန္ဆုံးေတာ့မည္ျဖစ္သည္။

“ရခိုင္အမ်ိဳးသားပါတီ(ANP)ကို ရခိုင္ျပည္နယ္ကိုယ္စားျပဳ ရခိုင္ျပည္နယ္အေျခစိုက္ပါတီအျဖစ္ မွတ္ ပုံတင္ဖို႔ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ခ်က္ခ်လိုက္တယ္” ဟု ရခိုင္အမ်ိဳးသားပါတီဥကၠ႒ ဦးသာထြန္းလွက NP News ကိုအတည္ျပဳေျပာဆိုထားသည္။

ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕၌ အမ်ိဳးသားေရး၊ အမ်ိဳးသားႏိုင္ငံေရး အားနည္းေနသည့္အတြက္ ၎ၿမိဳ႕ နယ္မ်ားတြင္ အားေကာင္းလာေရး လုပ္ကိုင္ေဆာင္႐ြက္ရန္ ယုံၾကည္သည့္အတြက္ ယခုကဲ့သို႔မွတ္ပုံျပန္တင္ရျခင္းျဖစ္ေၾကာင္း ပါတီက ဆိုထားသည္။

ထို႔ျပင္ ပါတီဥကၠ႒ဦးသာထြန္းလွက “ၿပီးရင္ႏိုင္ငံေရးအရ ေျပာဆိုေဆြးေႏြးမႈေတြလည္း ဆက္လက္လုပ္ ကိုင္ေဆာင္႐ြက္ေနဖို႔လိုတယ္။ ၿပီးရင္ႏိုင္ငံေရးအရ ေျပာခြင့္၊ ဆိုခြင့္ရွိေနဖို႔လည္း လိုေနေသးတယ္လို႔ ကြၽန္ေတာ္တို႔ အဲဒီလိုယူဆတယ္” ဟု ဆက္လက္ေျပာဆိုထားသည္။

“ေနာက္တစ္ခ်က္က ျပည္ေထာင္စုျမန္မာႏိုင္ငံအတြင္းမွာရွိတဲ့ ညီေနာင္တိုင္းရင္းသားႏိုင္ငံေရးအင္အားစုေတြနဲ႔လည္း စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ ႏိုင္ငံေရးဆက္စပ္လုပ္ကိုင္ေဆာင္႐ြက္ေနရအုံးမယ္လို႔လဲ သုံးသပ္မိတယ္။ အဲဒါေၾကာင့္ အဲဒီလို လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ေအာင္အတြက္ ရခိုင္လူမ်ိဳးေတြကို ကိုယ္စားျပဳတဲ့ ပါတီတစ္ရပ္ လိုအပ္ေသးတယ္လို႔ ကြၽန္ေတာ္တို႔ ယူဆတယ္” ဟု ၎က ေျပာသည္။

နစကမွ ျပ႒ာန္းလိုက္သည့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒေၾကာင့္ ယခင္က ျပည္ေထာင္စုတစ္ ဝန္းလုံးစည္း႐ုံးေသာ ရခိုင္အမ်ိဳးသားပါတီအတြက္ အခက္အခဲမ်ားႀကဳံေတြ႕ခဲ့ရေၾကာင္းလည္း ပါတီဥကၠ႒က ထည့္သြင္းမွတ္ခ်က္ျပဳထားသည္။

ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ လာမည့္ ႐ုံးဖြင့္ရက္မ်ားအတြင္း ေ႐ြးေကာက္ပြဲေကာ္မရွင္၌ သြားေရာက္မွတ္ပုံတင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သို႔ေသာ္ ရခိုင္အမ်ိဳးသားပါတီအေနျဖင့္ မွတ္ပုံျပန္တင္ရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ျခင္းသာျဖစ္ၿပီး ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ပါတီအတြင္း ေဆြးေႏြးဆုံးျဖတ္ခ်က္ တစ္စုံတစ္ရာမရွိေသးေၾကာင္းလည္း ပါတီဥကၠ႒ဦးသာထြန္းလွက အသိေပးေျပာဆိုထားသည္။

ေဒါက္တာေအးေမာင္ ဥကၠ႒အျဖစ္ တာဝန္ယူသည့္ ရခိုင့္ဦးေဆာင္ပါတီ(AFP)အေနျဖင့္ ေ႐ြးေကာက္ပြဲေကာ္မရွင္၌ မွတ္ပုံတင္ျပန္လည္ေလွ်ာက္ထားခဲ့ၿပီးျဖစ္ကာ ရခိုင္ျပည္နယ္အေျခစိုက္ပါတီအျဖစ္ မွတ္ပုံတင္ေလွ်ာက္ထားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.