မြန်မာနဲ့ ထိပ်တိုက်တွေ့ပြီးနောက် ဒါကာ ရဲ့ Forces Goal-2030 နှင့် တရုတ်-အိန္ဒိယ အနေအထား

 3648

Htay Oung (NP News) - မတ် ၂ဝ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပထမဆုံးဖြစ်လာမယ့် “ဘီအင်န်အက်စ်_ရှိတ်ဟာစီနာ” ရေငုပ်သင်္ဘောစခန်းဟာ ယနေ့ မတ်လ ၂ဝ ရက်၊ နံနက်ပိုင်း စတင် တပ်တော်ဝင်မှာဖြစ်ကြောင်း၊ အဲဒီစခန်းသစ်ဟာ ဘင်္ဂလားပင်လယ်အော်အတွင်း လျင်မြန်စွာ လှုပ်ရှားစစ်ကစားလျက်ရှိတဲ့ တပ်မတော်ရေငုပ်သင်္ဘော ၂ စင်းဆိုက်ကပ်ဖို့နဲ့ နိုင်ငံကို လေကြောင်း တိုက်ခိုက်မှုများမှ အကာအကွယ်ပေးနိုင်တဲ့ ခေတ်မီအဆောက်အအုံများ ပါဝင်တယ်လို့ Dhaka Tribune က ယနေ့ မတ်လ ၂ဝ ရက်နေ့မှာ ရေးသားဖော်ပြလာပါတယ်။

အမေရိကန်ဒေါ်လာ ၁.၂၁ ဘီလျံ အကုန်အကျခံတည်ဆောက်ထားတဲ့ အဆိုပါစခန်းကို ဝန်ကြီးချုပ် ရှိတ်ဟာစီ နာက “ဂန္ဓဘာဘန်” တရားဝင်စံအိမ်မှ ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၁.၂၁ ဘီလျံ အကုန်အကျခံတည်ဆောက်ထားတဲ့စခန်းဟာ စုစုပေါင်း ရေငုပ်သင်္ဘော ၆ စင်းနဲ့ စစ်သင်္ဘော ၈ စင်းအထိ တစ်ပြိုင်နက်တည်း ထားရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ အခြေစိုက်တည်ရှိနေပြီး အရေးပေါ်အခြေအနေ မှာ ရေငုပ်သင်္ဘောတွေရဲ့ဘေးကင်းလျင်မြန်စွာ တာဝန်ထမ်းဆောင်ရေးအတွက် ပါဝင်နိုင်မှာဖြစ်ကြောင်း သိရှိရပါ တယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အထူးခြားဆုံး ရေတပ်သံတမန်ရေးရာ အောင်မြင်မှုများအနက်တစ်ခုဖြစ်တဲ့ ရေငုပ် သင်္ဘော အခြေစိုက်စခန်းကို ဝန်ကြီးချုပ်က မတ်လ ၃ ရက်၊ ၂ဝ၁၇ ခုနှစ်တွင် အုတ်မြစ်ချထားပေးခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ အာဏာရလာပြီးနောက် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့အစိုးရဟာ နိုင်ငံ့ဖခင်ကြီး “ဘန်ဂါဘန်ဒူ_ရှိတ်_မူဂျီဘူရ်_ရာမန်” ရေးဆွဲခဲ့တဲ့ကာကွယ်ရေးမူဝါဒကို အခြေခံပြီး (၂ဝ၃ဝ ခုနှစ်အရောက် ခေတ်မီ တပ်မတော် ရည်မှန်းချက်) "Forces Goal-2030" ကို စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

ရေငုပ်သင်္ဘောဌာနချုပ်ရှိ စစ်ရေယာဉ်အုပ်စုဟာ ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်ကို ခေတ်မီပြီး ဒေသတွင်း အင်အား ကြီးနိုင်ငံအဖြစ် ပြောင်းလဲရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်၊ ကဏ္ဍမျိုးစုံပါဝင်တဲ့ အခြေခံ အဆောက်အဦး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေတပ်မှာ စစ်သင်္ဘောများ ပေါင်းစပ်ထည့်သွင်းရေးနဲ့ လက်ရှိ စစ်ဆင်ရေးစွမ်းရည်ကို ခိုင်မာအားကောင်းစေဖို့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက လက်တွေ့ကျတဲ့အစီအစဉ်များကို အကောင်အထည်ဖော် နေတယ်လို့ ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်မှာ ရှီကျင့်ဖျင်ဟာ အိန္ဒိယနဲ့ သမိုင်းကြောင်းအရ ပိုမိုနီးကပ်တဲ့ မဟာမိတ်ဖြစ်သူ ဘင်္ဂလားဒေ့ရှ်ကို အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။ အာရှအင်အားကြီး အိန္ဒိယရဲ့အိမ်နီးချင်းနိုင်ငံကို နှစ်ပေါင်း ၃ဝ အတွင်း လာရောက်ခဲ့တဲ့ ပထမဆုံးသော တရုတ်သမ္မတ ဖြစ်လာခဲ့ပါတယ်။ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်အပြီး တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘော ၂ စင်းကို ဝယ်ယူခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ ရေငုပ်သင်္ဘောအခြေစိုက်စခန်း တည်ဆောက်ဖို့ တရုတ်ကျွမ်းကျင်သူများက ကတိပြုခဲ့ခြင်းဟာ အိန္ဒိယအတွက် အလွန်ကြီးမားတဲ့ စိုးရိမ်စရာဖြစ်လာခဲ့ကြောင်း ဒေသတွင်း ကျွမ်းကျင်သူများက ပြောကြပါတယ်။

မကြာသေးမီနှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်ဟာ သူ့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို ချဲ့ထွင်ခဲ့ပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံအနီးမှာ လေတပ်အခြေစိုက်စခန်းအသစ်ကို တည်ဆောက်ခြင်း၊ နိုင်ငံတစ်ဝှမ်းလုံးမှာ တပ်စခန်း အသစ် များစွာကို တိုးချဲ့ဖွင့်လှစ်ပြီး ရေတပ်မှာလည်း ဖရီးဂိတ်စစ်သင်္ဘောအသစ်များကို ထည့်သွင်းခဲ့ပါတယ်။

အိမ်နီးချင်း မြန်မာ၊ အိန္ဒိယတို့နဲ့ ကာလကြာရှည်တည်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် နယ်နိမိတ်အငြင်းပွားမှုကို နိုင်ငံတကာတရားရုံး ICJ က ဖြေရှင်းပေးခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကုမ္ပဏီများရဲ့အကူအညီနဲ့ ပင်လယ် အော်အတွင်း ရေနံရှာဖွေရန် ဒါကာအတွက် လမ်းစသစ်ဖြစ်ထွန်းလာခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ် ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေတပ်ချင်း ထိပ်တိုက်တွေ့အပြီး ၂ဝဝ၉ ခုနှစ်မှာ စတင်ခဲ့တဲ့ Forces Goal 2030 ဟာ ဘင်္ဂလားဒေ့ရှ် ကြည်း၊ ရေ၊ လေတပ်တိုရဲ့စွမ်းဆောင်နိုင်ရည်ကို မြင့်တင်တည်ဆောင်ရေးအတွက် ရေးဆွဲထား တယ်လို့ ဆိုပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်တပ်မတော် စစ်ရေး ခေတ်မီမှု အစီအစဉ်မှာ “ဘက်စုံစစ်ပွဲ ဆင်နွှဲနိုင်ရေး” အတွက် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲခြင်း၊ တပ်များ တိုးချဲ့ခြင်း၊ သုတေသနနဲ့ထုတ်လုပ်ခြင်းကို ပံ့ပိုးဖို့ ဌာနေကာကွယ်ရေးကဏ္ဍအဖြစ် အသွင်ပြောင်းခြင်းနဲ့ ခေတ်မီ စစ်လက်နက်များ ဝယ်ယူဖြည့်တင်းခြင်းတို့ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ စတုရန်းမိုင်ပေါင်း ၅၇ဝဝဝ ကျယ်ဝန်းကြောင်း၊ ယခုအခြေစိုက်စခန်းဟာ စတုရန်းမိုင် ၄၃ဝဝဝ နီးပါးရှိတဲ့ ပင်လယ်ပြင်ဧရိယာရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အာမခံနိုင်ပါလိမ့်မယ်လို့ တာဝန်ရှိသူများက ရှင်းပြပါတယ်။

၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ဘင်္ဂလားဒေ့ရှ်ရေတပ်မတော်မှာ “ဘီအင်န်အက်စ်_နာဗာဂျာထရာ” နဲ့ “ဘီအင်န် အက်စ်_ဂျွိုင်ဂျာထရာ” ရေငုပ်သင်္ဘော ၂ စီး စတင်ပါဝင်လာခဲ့ပါတယ်။ စစ်ရေယာဉ်အုပ်စုမှာ ထည့်သွင်းပြီး “တပ်မတော် ရည်မှန်းချက်” နဲ့အညီ ရေတပ်မတော်ကို အမှန်တကယ်ပြည့်စုံတဲ့ "သုံးဖက်မြင်" တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ရေငုပ်သင်္ဘောနှစ်စင်းစလုံးဟာ Type 035G ရိုမီရို (နေတိုးအခေါ် “ Ming”) အမျိုးအစားတွေဖြစ်ကြပါတယ်။ အလျား ၇၆ မီတာ၊ အကျယ် ၇.၆ မီတာရှိပြီး ရန်သူ့စစ်သင်္ဘောများနဲ့ ရေငုပ်သင်္ဘောများကို ပစ်မှတ်ထားနိုင်တဲ့ တော်ပီဒိုများ၊ မိုင်းများကို သယ်ဆောင်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရေငုပ်သင်္ဘော ၈ စင်း ပိုင်ဆိုင်ထားပြီး) “Ming” အမျိုးအစား အခြား ရေငုပ်သင်္ဘော ၂ စင်းဟာ စစ်တကောင်းရှိ ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ အကြီးဆုံး ရေတပ်အခြေစိုက်စခန်းဖြစ်တဲ့ “ဘီအင်န်အက်စ်_အီ ဆာခန် “ မှာ ဆိုက်ကပ်ထားကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

နိုင်ငံရဲ့ အလုပ်အများဆုံး စစ်တကောင်းဆိပ်ကမ်းကိုဝန်းရံထားတဲ့ ကာနာပူလီမြစ်အတွင်း ဆိုက်ကပ်ခြင်းဟာ ရေတပ်အတွက် အခက်အခဲရှိနေပါတယ်။ ရေငုပ်သင်္ဘောများ ခုတ်မောင်းလှုပ်ရှားစဉ် ဆိပ်ကမ်းတစ်ခုလုံးရဲ့ ကုန်သွယ်မှုလုပ်ငန်းများကို ရပ်ဆိုင်းထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေငုပ်သင်္ဘောများ ဆိုက်ကပ်ဖို့ အထူးဆိပ်ခံ လိုအပ်ပြီး သူတို့ကို လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ဖို့အတွက် လက်နက်အဆောက်အုံစနစ်များ နောက်ထပ် လိုအပ်ပါတယ်။

ဒီတောင်းဆိုချက်တွေကို ဖြည့်ဆည်းဖို့အရေးမှာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တရုတ်အကူအညီနဲ့ ရေငုပ်သင်္ဘော အခြေစိုက်စခန်းကိုတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာတို့က ဝိုင်းပတ်ထားသလို တည်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် အဲဒီအစီအစဉ်ဟာ လွယ်ကူတဲ့ကိစ္စ မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြပါတယ်။

#ဘင်္ဂလားဒေ့ရ်ှရေငုပ်သင်္ဘောစခန်းသစ် #ဘီအင်န်အက်စ်_ရှိတ်ဟာစီနာ #ဘီအင်န်အက်စ်_နာဗာဂျာထရာ #ဘီအင်န် အက်စ်_ဂျွိုင်ဂျာထရာ #ဘီအင်န်အက်စ်_အီဆာခန်

Zawgyi Version;
ျမန္မာနဲ႔ ထိပ္တိုက္ေတြ႕ၿပီးေနာက္ ဒါကာ ရဲ႕ Forces Goal-2030 ႏွင့္ တ႐ုတ္-အိႏၵိယ အေနအထား
Htay Oung (NP News) - မတ္ ၂ဝ

ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ပထမဆုံးျဖစ္လာမယ့္ “ဘီအင္န္အက္စ္_ရွိတ္ဟာစီနာ” ေရငုပ္သေဘၤာစခန္းဟာ ယေန႔ မတ္လ ၂ဝ ရက္၊ နံနက္ပိုင္း စတင္ တပ္ေတာ္ဝင္မွာျဖစ္ေၾကာင္း၊ အဲဒီစခန္းသစ္ဟာ ဘဂၤလားပင္လယ္ေအာ္အတြင္း လ်င္ျမန္စြာ လႈပ္ရွားစစ္ကစားလ်က္ရွိတဲ့ တပ္မေတာ္ေရငုပ္သေဘၤာ ၂ စင္းဆိုက္ကပ္ဖို႔နဲ႔ ႏိုင္ငံကို ေလေၾကာင္း တိုက္ခိုက္မႈမ်ားမွ အကာအကြယ္ေပးႏိုင္တဲ့ ေခတ္မီအေဆာက္အအုံမ်ား ပါဝင္တယ္လို႔ Dhaka Tribune က ယေန႔ မတ္လ ၂ဝ ရက္ေန႔မွာ ေရးသားေဖာ္ျပလာပါတယ္။

အေမရိကန္ေဒၚလာ ၁.၂၁ ဘီလ်ံ အကုန္အက်ခံတည္ေဆာက္ထားတဲ့ အဆိုပါစခန္းကို ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီ နာက “ဂႏၶဘာဘန္” တရားဝင္စံအိမ္မွ ဗြီဒီယိုကြန္ဖရင့္စနစ္နဲ႔ ဖြင့္လွစ္ေပးပါလိမ့္မယ္။ အေမရိကန္ေဒၚလာ ၁.၂၁ ဘီလ်ံ အကုန္အက်ခံတည္ေဆာက္ထားတဲ့စခန္းဟာ စုစုေပါင္း ေရငုပ္သေဘၤာ ၆ စင္းနဲ႔ စစ္သေဘၤာ ၈ စင္းအထိ တစ္ၿပိဳင္နက္တည္း ထားရွိႏိုင္ပါတယ္။ ဘဂၤလားပင္လယ္ေအာ္မွာ အေျခစိုက္တည္ရွိေနၿပီး အေရးေပၚအေျခအေန မွာ ေရငုပ္သေဘၤာေတြရဲ႕ေဘးကင္းလ်င္ျမန္စြာ တာဝန္ထမ္းေဆာင္ေရးအတြက္ ပါဝင္ႏိုင္မွာျဖစ္ေၾကာင္း သိရွိရပါ တယ္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ အထူးျခားဆုံး ေရတပ္သံတမန္ေရးရာ ေအာင္ျမင္မႈမ်ားအနက္တစ္ခုျဖစ္တဲ့ ေရငုပ္ သေဘၤာ အေျခစိုက္စခန္းကို ဝန္ႀကီးခ်ဳပ္က မတ္လ ၃ ရက္၊ ၂ဝ၁၇ ခုႏွစ္တြင္ အုတ္ျမစ္ခ်ထားေပးခဲ့ပါတယ္။ ၂ဝဝ၉ ခုႏွစ္မွာ အာဏာရလာၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ဦးေဆာင္တဲ့အစိုးရဟာ ႏိုင္ငံ့ဖခင္ႀကီး “ဘန္ဂါဘန္ဒူ_ရွိတ္_မူဂ်ီဘူရ္_ရာမန္” ေရးဆြဲခဲ့တဲ့ကာကြယ္ေရးမူဝါဒကို အေျခခံၿပီး (၂ဝ၃ဝ ခုႏွစ္အေရာက္ ေခတ္မီ တပ္မေတာ္ ရည္မွန္းခ်က္) "Forces Goal-2030" ကို စတင္ အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ေရငုပ္သေဘၤာဌာနခ်ဳပ္ရွိ စစ္ေရယာဥ္အုပ္စုဟာ ဘဂၤလားေဒ့ရွ္ေရတပ္မေတာ္ကို ေခတ္မီၿပီး ေဒသတြင္း အင္အား ႀကီးႏိုင္ငံအျဖစ္ ေျပာင္းလဲရာမွာ အေထာက္အကူျဖစ္ေစပါလိမ့္မယ္၊ က႑မ်ိဳးစုံပါဝင္တဲ့ အေျခခံ အေဆာက္အဦး ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ေရတပ္မွာ စစ္သေဘၤာမ်ား ေပါင္းစပ္ထည့္သြင္းေရးနဲ႔ လက္ရွိ စစ္ဆင္ေရးစြမ္းရည္ကို ခိုင္မာအားေကာင္းေစဖို႔အတြက္ ဘဂၤလားေဒ့ရွ္အစိုးရက လက္ေတြ႕က်တဲ့အစီအစဥ္မ်ားကို အေကာင္အထည္ေဖာ္ ေနတယ္လို႔ ဆိုပါတယ္။

၂ဝ၁၆ ခုႏွစ္မွာ ရွီက်င့္ဖ်င္ဟာ အိႏၵိယနဲ႔ သမိုင္းေၾကာင္းအရ ပိုမိုနီးကပ္တဲ့ မဟာမိတ္ျဖစ္သူ ဘဂၤလားေဒ့ရွ္ကို အလည္အပတ္ ေရာက္ရွိလာခဲ့ပါတယ္။ အာရွအင္အားႀကီး အိႏၵိယရဲ႕အိမ္နီးခ်င္းႏိုင္ငံကို ႏွစ္ေပါင္း ၃ဝ အတြင္း လာေရာက္ခဲ့တဲ့ ပထမဆုံးေသာ တ႐ုတ္သမၼတ ျဖစ္လာခဲ့ပါတယ္။ ရွီက်င့္ဖ်င္ရဲ႕ခရီးစဥ္အၿပီး တ႐ုတ္ႏိုင္ငံထံမွ ေရငုပ္သေဘၤာ ၂ စင္းကို ဝယ္ယူခဲ့တဲ့ ဘဂၤလားေဒ့ရ္ွႏိုင္ငံမွာ ေရငုပ္သေဘၤာအေျခစိုက္စခန္း တည္ေဆာက္ဖို႔ တ႐ုတ္ကြၽမ္းက်င္သူမ်ားက ကတိျပဳခဲ့ျခင္းဟာ အိႏၵိယအတြက္ အလြန္ႀကီးမားတဲ့ စိုးရိမ္စရာျဖစ္လာခဲ့ေၾကာင္း ေဒသတြင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကပါတယ္။

မၾကာေသးမီႏွစ္မ်ားအတြင္း ဘဂၤလားေဒ့ရွ္ဟာ သူ႔ႏိုင္ငံရဲ႕ ကာကြယ္ေရးစြမ္းရည္ကို ခ်ဲ႕ထြင္ခဲ့ပါတယ္။ အိမ္နီးခ်င္း ျမန္မာႏိုင္ငံအနီးမွာ ေလတပ္အေျခစိုက္စခန္းအသစ္ကို တည္ေဆာက္ျခင္း၊ ႏိုင္ငံတစ္ဝွမ္းလုံးမွာ တပ္စခန္း အသစ္ မ်ားစြာကို တိုးခ်ဲ႕ဖြင့္လွစ္ၿပီး ေရတပ္မွာလည္း ဖရီးဂိတ္စစ္သေဘၤာအသစ္မ်ားကို ထည့္သြင္းခဲ့ပါတယ္။

အိမ္နီးခ်င္း ျမန္မာ၊ အိႏၵိယတို႔နဲ႔ ကာလၾကာရွည္တည္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ ေရပိုင္နက္ နယ္နိမိတ္အျငင္းပြားမႈကို ႏိုင္ငံတကာတရား႐ုံး ICJ က ေျဖရွင္းေပးခဲ့ၿပီးေနာက္ ကမာၻ႔ႏိုင္ငံအသီးသီးရွိ ကုမၸဏီမ်ားရဲ႕အကူအညီနဲ႔ ပင္လယ္ ေအာ္အတြင္း ေရနံရွာေဖြရန္ ဒါကာအတြက္ လမ္းစသစ္ျဖစ္ထြန္းလာခဲ့ပါတယ္။

၂ဝဝ၈ ခုႏွစ္ ဘဂၤလားေဒ့ရွ္-ျမန္မာ ေရတပ္ခ်င္း ထိပ္တိုက္ေတြ႕အၿပီး ၂ဝဝ၉ ခုႏွစ္မွာ စတင္ခဲ့တဲ့ Forces Goal 2030 ဟာ ဘဂၤလားေဒ့ရွ္ ၾကည္း၊ ေရ၊ ေလတပ္တိုရဲ႕စြမ္းေဆာင္ႏိုင္ရည္ကို ျမင့္တင္တည္ေဆာင္ေရးအတြက္ ေရးဆြဲထား တယ္လို႔ ဆိုပါတယ္။ ၂ဝ၁၇ ခုႏွစ္မွာ ျပန္လည္ျပင္ဆင္ထားတဲ့ ဘဂၤလားေဒ့ရွ္တပ္မေတာ္ စစ္ေရး ေခတ္မီမႈ အစီအစဥ္မွာ “ဘက္စုံစစ္ပြဲ ဆင္ႏႊဲႏိုင္ေရး” အတြက္ စစ္ဘက္ဆိုင္ရာအဖြဲ႕အစည္းကို ျပဳျပင္ေျပာင္းလဲျခင္း၊ တပ္မ်ား တိုးခ်ဲ႕ျခင္း၊ သုေတသနနဲ႔ထုတ္လုပ္ျခင္းကို ပံ့ပိုးဖို႔ ဌာေနကာကြယ္ေရးက႑အျဖစ္ အသြင္ေျပာင္းျခင္းနဲ႔ ေခတ္မီ စစ္လက္နက္မ်ား ဝယ္ယူျဖည့္တင္းျခင္းတို႔ ျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ စတုရန္းမိုင္ေပါင္း ၅၇ဝဝဝ က်ယ္ဝန္းေၾကာင္း၊ ယခုအေျခစိုက္စခန္းဟာ စတုရန္းမိုင္ ၄၃ဝဝဝ နီးပါးရွိတဲ့ ပင္လယ္ျပင္ဧရိယာရဲ႕အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို အာမခံႏိုင္ပါလိမ့္မယ္လို႔ တာဝန္ရွိသူမ်ားက ရွင္းျပပါတယ္။

၂ဝ၁၆ ခုႏွစ္ ႏိုဝင္ဘာလ ဘဂၤလားေဒ့ရွ္ေရတပ္မေတာ္မွာ “ဘီအင္န္အက္စ္_နာဗာဂ်ာထရာ” နဲ႔ “ဘီအင္န္ အက္စ္_ဂြၽိဳင္ဂ်ာထရာ” ေရငုပ္သေဘၤာ ၂ စီး စတင္ပါဝင္လာခဲ့ပါတယ္။ စစ္ေရယာဥ္အုပ္စုမွာ ထည့္သြင္းၿပီး “တပ္မေတာ္ ရည္မွန္းခ်က္” နဲ႔အညီ ေရတပ္မေတာ္ကို အမွန္တကယ္ျပည့္စုံတဲ့ "သုံးဖက္ျမင္" တပ္ဖြဲ႕အျဖစ္ ေျပာင္းလဲခဲ့ပါတယ္။

ေရငုပ္သေဘၤာႏွစ္စင္းစလုံးဟာ Type 035G ႐ိုမီ႐ို (ေနတိုးအေခၚ “ Ming”) အမ်ိဳးအစားေတြျဖစ္ၾကပါတယ္။ အလ်ား ၇၆ မီတာ၊ အက်ယ္ ၇.၆ မီတာရွိၿပီး ရန္သူ႔စစ္သေဘၤာမ်ားနဲ႔ ေရငုပ္သေဘၤာမ်ားကို ပစ္မွတ္ထားႏိုင္တဲ့ ေတာ္ပီဒိုမ်ား၊ မိုင္းမ်ားကို သယ္ေဆာင္ထားပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ေရငုပ္သေဘၤာ ၈ စင္း ပိုင္ဆိုင္ထားၿပီး) “Ming” အမ်ိဳးအစား အျခား ေရငုပ္သေဘၤာ ၂ စင္းဟာ စစ္တေကာင္းရွိ ဘဂၤလားေဒ့ရွ္ေရတပ္ရဲ႕ အႀကီးဆုံး ေရတပ္အေျခစိုက္စခန္းျဖစ္တဲ့ “ဘီအင္န္အက္စ္_အီ ဆာခန္ “ မွာ ဆိုက္ကပ္ထားေၾကာင္း တာဝန္ရွိသူမ်ားက ေျပာပါတယ္။

ႏိုင္ငံရဲ႕ အလုပ္အမ်ားဆုံး စစ္တေကာင္းဆိပ္ကမ္းကိုဝန္းရံထားတဲ့ ကာနာပူလီျမစ္အတြင္း ဆိုက္ကပ္ျခင္းဟာ ေရတပ္အတြက္ အခက္အခဲရွိေနပါတယ္။ ေရငုပ္သေဘၤာမ်ား ခုတ္ေမာင္းလႈပ္ရွားစဥ္ ဆိပ္ကမ္းတစ္ခုလုံးရဲ႕ ကုန္သြယ္မႈလုပ္ငန္းမ်ားကို ရပ္ဆိုင္းထားဖို႔ လိုအပ္ပါတယ္။ ဒါ့အျပင္ ေရငုပ္သေဘၤာမ်ား ဆိုက္ကပ္ဖို႔ အထူးဆိပ္ခံ လိုအပ္ၿပီး သူတို႔ကို ေလေၾကာင္းတိုက္ခိုက္မႈမွ ကာကြယ္ဖို႔အတြက္ လက္နက္အေဆာက္အုံစနစ္မ်ား ေနာက္ထပ္ လိုအပ္ပါတယ္။

ဒီေတာင္းဆိုခ်က္ေတြကို ျဖည့္ဆည္းဖို႔အေရးမွာ ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ တ႐ုတ္အကူအညီနဲ႔ ေရငုပ္သေဘၤာ အေျခစိုက္စခန္းကိုတည္ေဆာက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အိႏၵိယနဲ႔ ျမန္မာတို႔က ဝိုင္းပတ္ထားသလို တည္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္အတြက္ အဲဒီအစီအစဥ္ဟာ လြယ္ကူတဲ့ကိစၥ မဟုတ္ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကပါတယ္။


#ဘဂၤလားေဒ့ရ္ွေရငုပ္သေဘၤာစခန္းသစ္ #ဘီအင္န္အက္စ္_ရွိတ္ဟာစီနာ #ဘီအင္န္အက္စ္_နာဗာဂ်ာထရာ #ဘီအင္န္ အက္စ္_ဂြၽိဳင္ဂ်ာထရာ #ဘီအင္န္အက္စ္_အီဆာခန္

Picture

Aung Moe

20/03/2023 14:38

ရေငုပ် 2စင်းထဲပါ 8စင်းမဟုတ်ပါ

Related news

© 2021. All rights reserved.