စိမ့်နွံ့များထဲတွင် နစ်မြှုပ်နေသောရုပ်အလောင်းကို ပြန်လည်တူးဖော်ရယူခဲ့ပြီး မြန်မာနိုင်ငံသား ရုပ်အလောင်းဖြစ်ဖွယ်ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော

 748

ဂျန်ဇက် (NP News) - မတ် ၂ဝ

ထိုင်းရဲတပ်ဖွဲ့သည် မတ်လ ၂ဝ ရက်၊ နံနက်ပိုင်းက စိမ့်နွံ့များထဲတွင် နစ်မြှုပ်နေသောရုပ်အလောင်းကို ပြန်လည်တူးဖော်ရယူခဲ့ပြီး ရုပ်အလောင်းသည် မြန်မာနိုင်ငံသားတစ်ဦး၏ ရုပ်အလောင်း ဖြစ်ဖွယ်ရှိနေကြောင်း သိရသည်။

ဆောင်ခလာပြည်နယ် Bang Klam ရဲစခန်းမှ ဒုရဲအုပ် Arthit Kongnoo သည် Ban Bo Phae တောထဲရှိ စိမ့်နွံ့ များထဲတွင် သေဆုံးနေသောရုပ်အလောင်းကို တွေ့ရှိကြောင်းသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက် တူးဖော် ရယူခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းကို မူလပုံစံပျက်ပြီး အရိုးစုများကျန်ကာ ခြောက်သွေ့နေကာ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိနိုင်ကြောင်း၊ ရုပ်အလောင်းသည် သေဆုံးနေသည်မှာ အနည်းဆုံး ၂ လ ကျော်၊ ၃ လလောက် ရှိမည်ဟုခန့်မှန်းကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူသည် တောထဲကို ချစ်သူနှင့်အတူ မကြာခဏလာရောက်သူဖြစ်နိုင်ကြောင်း Ban Bo Phae တောနားရှိ ကျေးရွာသားများ က ပြောသည်။ သေဆုံးသူသည် အမျိုးသား၊ အမျိုးသမီး ဆိုသောအချက်ကို အတိအကျ ခွဲနိုင်ခြင်း မရှိသေးဘဲ ရုပ်အလောင်း၏ အရိုးစုများကို ဓါတ်ခွဲစမ်းသပ်ရန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူ ရုပ်အလောင်းအနီးမှာ လက်ဝှေ့အိတ်ကိုလည်း တွေ့ရှိထားကြောင်း၊ အဆိုပါ လက်ဝှေ့အိတ်က သေဆုံးသူနှင့် ဆက်နွယ်ခြင်းရှိ/မရှိ ဆိုသောအချက်ကို မသိသေးကြောင်း ထိုင်းရဲတပ်ဖွဲ့ က ပြောသည်။ ထိုင်း ရဲတပ်ဖွဲ့သည် တောထဲကို လာရောက်လေ့ရှိသော ကျေးရွာသားများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ကျေးရွာသားများက တောထဲကို လျိုဝှက်ချစ်ကြိုက်နေပုံရသော သမီးရည်စားနှစ်ဦး မကြာခဏ လာရောက်သည်ကို သတိထားမိကြောင်း၊ ၎င်းတို့သည် ထိုင်းနိုင်ငံသားမဟုတ်ဘဲ နိုင်ငံခြားသားများဖြစ်ဖွယ်ရှိနေကြောင်း ပြောဆိုထားသည်။

Zawgyi Version;
စိမ့္ႏြံ႕မ်ားထဲတြင္ နစ္ျမႇဳပ္ေနေသာ႐ုပ္အေလာင္းကို ျပန္လည္တူးေဖာ္ရယူခဲ့ၿပီး ျမန္မာႏိုင္ငံသား ႐ုပ္အေလာင္းျဖစ္ဖြယ္ရွိဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂ဝ

ထိုင္းရဲတပ္ဖြဲ႕သည္ မတ္လ ၂ဝ ရက္၊ နံနက္ပိုင္းက စိမ့္ႏြံ႕မ်ားထဲတြင္ နစ္ျမႇဳပ္ေနေသာ႐ုပ္အေလာင္းကို ျပန္လည္တူးေဖာ္ရယူခဲ့ၿပီး ႐ုပ္အေလာင္းသည္ ျမန္မာႏိုင္ငံသားတစ္ဦး၏ ႐ုပ္အေလာင္း ျဖစ္ဖြယ္ရွိေနေၾကာင္း သိရသည္။

ေဆာင္ခလာျပည္နယ္ Bang Klam ရဲစခန္းမွ ဒုရဲအုပ္ Arthit Kongnoo သည္ Ban Bo Phae ေတာထဲရွိ စိမ့္ႏြံ႕ မ်ားထဲတြင္ ေသဆုံးေနေသာ႐ုပ္အေလာင္းကို ေတြ႕ရွိေၾကာင္းသတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္ တူးေဖာ္ ရယူခဲ့ေၾကာင္း သိရသည္။ ႐ုပ္အေလာင္းကို မူလပုံစံပ်က္ၿပီး အ႐ိုးစုမ်ားက်န္ကာ ေျခာက္ေသြ႕ေနကာ မည္သူမည္ဝါျဖစ္ေၾကာင္း အတိအက်မသိႏိုင္ေၾကာင္း၊ ႐ုပ္အေလာင္းသည္ ေသဆုံးေနသည္မွာ အနည္းဆုံး ၂ လ ေက်ာ္၊ ၃ လေလာက္ ရွိမည္ဟုခန႔္မွန္းေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

ေသဆုံးသူသည္ ေတာထဲကို ခ်စ္သူႏွင့္အတူ မၾကာခဏလာေရာက္သူျဖစ္ႏိုင္ေၾကာင္း Ban Bo Phae ေတာနားရွိ ေက်း႐ြာသားမ်ား က ေျပာသည္။ ေသဆုံးသူသည္ အမ်ိဳးသား၊ အမ်ိဳးသမီး ဆိုေသာအခ်က္ကို အတိအက် ခြဲႏိုင္ျခင္း မရွိေသးဘဲ ႐ုပ္အေလာင္း၏ အ႐ိုးစုမ်ားကို ဓါတ္ခြဲစမ္းသပ္ရန္ ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

ေသဆုံးသူ ႐ုပ္အေလာင္းအနီးမွာ လက္ေဝွ႔အိတ္ကိုလည္း ေတြ႕ရွိထားေၾကာင္း၊ အဆိုပါ လက္ေဝွ႔အိတ္က ေသဆုံးသူႏွင့္ ဆက္ႏြယ္ျခင္းရွိ/မရွိ ဆိုေသာအခ်က္ကို မသိေသးေၾကာင္း ထိုင္းရဲတပ္ဖြဲ႕ က ေျပာသည္။ ထိုင္း ရဲတပ္ဖြဲ႕သည္ ေတာထဲကို လာေရာက္ေလ့ရွိေသာ ေက်း႐ြာသားမ်ားကို စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။ ေက်း႐ြာသားမ်ားက ေတာထဲကို လ်ိဳဝွက္ခ်စ္ႀကိဳက္ေနပုံရေသာ သမီးရည္စားႏွစ္ဦး မၾကာခဏ လာေရာက္သည္ကို သတိထားမိေၾကာင္း၊ ၎တို႔သည္ ထိုင္းႏိုင္ငံသားမဟုတ္ဘဲ ႏိုင္ငံျခားသားမ်ားျဖစ္ဖြယ္ရွိေနေၾကာင္း ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.