ဒါရိုက်တာစတီးလ်း(ဒွေးမေတ္တာ) ဖမ်းဆီးထိန်းသိမ်းခံရ

8353

NP News - မတ် ၂ဝ
ဒါရိုက်တာစတီးလ်း(ဒွေးမေတ္တာ) သည် ယနေ့ မတ်လ ၂ဝ ရက်၊ နံနက်ပိုင်းက နစက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရကြောင်း အနုပညာအသိုင်းအဝိုင်းမှ ၄င်းနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။
"ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တယ်လီဂရမ်မှာ ကိုစတီးအပေါ် စွပ်စွဲရေးသားတာမျိုးတွေ၊ သတိပေးတာမျိုးတွေကလည်း ရှိနေတယ်လေ။ ပြီးတော့ သူကလည်း အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး အဆင့်မရှိတဲ့ပွဲဆိုပြီး ပြောဆိုနေတာတွေကိုမြင်နေကတည်းက စိတ်ထဲမှာတော့ အဖမ်းခံရတော့မှာပဲလို့ တွေးတော့ တွေးမိခဲ့သား" ဟု ၄င်းက ပြော သည်။
ဒါရိုက်တာစတီးလ်သည် လွန်ခဲ့သည့်ရက်ပိုင်းက မကြာခင်တွင် ကျင်းပရန် စီစဥ်နေသည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနှင့်ပတ်သက်၍ ပြောဆိုဝေဖန်မှုများ ပြုလုပ်ခဲ့ပြီး၊ ၄င်းအနေဖြင့် နစက လက်ထက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲက အဆင့်မရှိသည့် ဆုပေးပွဲသာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
သို့သော်လည်း ၄င်းကိုယ်တိုင်ရိုက်ကူးထားသော "တောင်းဆုတစ်ခုပြည့်စေသား" ရုပ်ရှင်ဇာတ်ကားကြီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ရန်ကုန်မြို့၊ မိုးကောင်းရတနာဆေးရုံဝန်းအတွင်း တည်ဆောက်ထားသော မြဝတီမီဒီယာစင်တာမှာ ပြသခဲ့သေးသည်။
လက်ရှိ ယနေ့ မတ်လ ၂ဝ ရက်၊ ညပိုင်းအချိန်ထိ ၄င်း၏ မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် ဒါရိုက်တာစတီးလ်နှင့် အဆက်အသွယ်မရသေးကြောင်း ပြောဆိုမှုများလည်း ရှိလာသည်။

Zawgyi Version;
ဒါ႐ိုက္တာစတီးလ္း(ေဒြးေမတၱာ) ဖမ္းဆီးထိန္းသိမ္းခံရ
NP News - မတ္ ၂ဝ
ဒါ႐ိုက္တာစတီးလ္း(ေဒြးေမတၱာ) သည္ ယေန႔ မတ္လ ၂ဝ ရက္၊ နံနက္ပိုင္းက နစက လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၏ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရေၾကာင္း အႏုပညာအသိုင္းအဝိုင္းမွ ၄င္းႏွင့္ နီးစပ္သူတစ္ဦးက အတည္ျပဳသည္။
"ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက တယ္လီဂရမ္မွာ ကိုစတီးအေပၚ စြပ္စြဲေရးသားတာမ်ိဳးေတြ၊ သတိေပးတာမ်ိဳးေတြကလည္း ရွိေနတယ္ေလ။ ၿပီးေတာ့ သူကလည္း အကယ္ဒမီေပးပြဲနဲ႔ပတ္သက္ၿပီး အဆင့္မရွိတဲ့ပြဲဆိုၿပီး ေျပာဆိုေနတာေတြကိုျမင္ေနကတည္းက စိတ္ထဲမွာေတာ့ အဖမ္းခံရေတာ့မွာပဲလို႔ ေတြးေတာ့ ေတြးမိခဲ့သား" ဟု ၄င္းက ေျပာ သည္။
ဒါ႐ိုက္တာစတီးလ္သည္ လြန္ခဲ့သည့္ရက္ပိုင္းက မၾကာခင္တြင္ က်င္းပရန္ စီစဥ္ေနသည့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႏွင့္ပတ္သက္၍ ေျပာဆိုေဝဖန္မႈမ်ား ျပဳလုပ္ခဲ့ၿပီး၊ ၄င္းအေနျဖင့္ နစက လက္ထက္တြင္ က်င္းပမည့္ အကယ္ဒမီေပးပြဲက အဆင့္မရွိသည့္ ဆုေပးပြဲသာျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ား ရွိခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္လည္း ၄င္းကိုယ္တိုင္႐ိုက္ကူးထားေသာ "ေတာင္းဆုတစ္ခုျပည့္ေစသား" ႐ုပ္ရွင္ဇာတ္ကားႀကီးကို ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ရန္ကုန္ၿမိဳ႕၊ မိုးေကာင္းရတနာေဆး႐ုံဝန္းအတြင္း တည္ေဆာက္ထားေသာ ျမဝတီမီဒီယာစင္တာမွာ ျပသခဲ့ေသးသည္။
လက္ရွိ ယေန႔ မတ္လ ၂ဝ ရက္၊ ညပိုင္းအခ်ိန္ထိ ၄င္း၏ မိသားစုဝင္မ်ားအေနျဖင့္ ဖမ္းဆီးေခၚေဆာင္ခံထားရသည့္ ဒါ႐ိုက္တာစတီးလ္ႏွင့္ အဆက္အသြယ္မရေသးေၾကာင္း ေျပာဆိုမႈမ်ားလည္း ရွိလာသည္။