မန္တလေးတိုင်း ပို့ဆောင်ဆက်သွယ်ရေးရုံး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒုဦးစီးမှူး(၂)ဦးအပါအဝင် (၆)ဦးထိခိုက်ဒဏ်ရာရရှိ

 866

NP News - မတ် ၂၁

မန္တလေးတိုင်း ပို့ဆောင်ဆက်သွယ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ မတ်လ(၂ဝ)ရက်၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက် (၈၃)လမ်း၊ (၃၄)လမ်း(၃၅)လမ်းကြားရှိ တိုင်းပို့ဆောင်ဆက်သွယ်ရေးရုံးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

အဆိုပါ ဖြစ်စဥ်တွင် အမျိုးသားတစ်ဦးသည် ရုံး၏ဝင်ပေါက်အတွင်းသို့ဝင်လာပြီး လက်လုပ်ဗုံးဖြင့် ရုံးအ တွင်းသို့ ပစ်ပေါက်ကာ (၈၃)လမ်းအတိုင်း ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ၎င်းလက်လုပ်ဗုံးသည် ရုံးခန်းအတွင်းရှိ စားပွဲပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပေါက်ကွဲမှုကြောင့် အဆိုပါ ရုံးအတွင်းရှိ ဒုဦးစီးမှု(၂)ဦး အပါအဝင် အကြီးတန်းစာရေး(၃)ဦးနှင့် အငယ်တန်းစာ‌ရေး(၁)ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆိုသည်။

ထို့ကြောင့် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သူများကို ဆေးကုသရန် မန္တလေးအထွေထွေ‌ရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
မႏၲေလးတိုင္း ပို႔ေဆာင္ဆက္သြယ္ေရး႐ုံး၌ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ ဒုဦးစီးမႉး(၂)ဦးအပါအဝင္ (၆)ဦးထိခိုက္ဒဏ္ရာရရွိ

NP News - မတ္ ၂၁

မႏၲေလးတိုင္း ပို႔ေဆာင္ဆက္သြယ္ေရး႐ုံးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ မတ္လ(၂ဝ)ရက္၊ နံနက္(၁၁)နာရီအခ်ိန္ခန႔္တြင္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္နန္းရိပ္သာအေရွ႕ရပ္ကြက္ (၈၃)လမ္း၊ (၃၄)လမ္း(၃၅)လမ္းၾကားရွိ တိုင္းပို႔ေဆာင္ဆက္သြယ္ေရး႐ုံးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးထံမွ သိရသည္။

အဆိုပါ ျဖစ္စဥ္တြင္ အမ်ိဳးသားတစ္ဦးသည္ ႐ုံး၏ဝင္ေပါက္အတြင္းသို႔ဝင္လာၿပီး လက္လုပ္ဗုံးျဖင့္ ႐ုံးအ တြင္းသို႔ ပစ္ေပါက္ကာ (၈၃)လမ္းအတိုင္း ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎လက္လုပ္ဗုံးသည္ ႐ုံးခန္းအတြင္းရွိ စားပြဲေပၚသို႔က်ေရာက္ေပါက္ကြဲခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ အဆိုပါ ႐ုံးအတြင္းရွိ ဒုဦးစီးမႈ(၂)ဦး အပါအဝင္ အႀကီးတန္းစာေရး(၃)ဦးႏွင့္ အငယ္တန္းစာ‌ေရး(၁)ဦးတို႔တြင္ မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆိုသည္။

ထို႔ေၾကာင့္ မိုင္းစထိမွန္ဒဏ္ရာရရွိခဲ့သူမ်ားကို ေဆးကုသရန္ မႏၲေလးအေထြေထြ‌ေရာဂါကုေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူကို ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာမွ ဆက္လက္စုံစမ္း စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.