မော်လမြိုင်၌ အမျိုးသမီးတစ်ဦး၏ဆွဲကြိုးအား ဖြတ်လုသွားသူကို နာရီပိုင်းအတွင်း ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

 640

Pearl (NP News) - မတ် ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်၌ အမျိုးသမီးတစ်ဦး၏ဆွဲကြိုးအား ဖြတ်လုသွားသူကို နာရီပိုင်းအတွင်း ပြည်သူ များမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုအဖွဲ့ထံ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂၁ ရက်)၊ နေ့လည်(၁၁)နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့ရှိ ထမင်းဆိုင်တစ်ခုရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျိုက္ခမီမြို့တွင်နေထိုင်သော အသက်(၄ဝ)နှစ်ဝန်းကျင်ရှိ အမျိုးသမီး(၂)ဦးသည် မော်လမြိုင်မြို့သို့ ဆေးခန်းလာပြပြီး ထမင်းဆိုင်ရှေ့တွင် ကားစောင့်နေစဉ် ရွှေဆွဲကြိုး(၃)ကျပ်သားကို ဖြတ်လုခံရသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းရာ လုယူသွားသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"၁၁ နာရီ ထိုးခါနီးလောက်က ချမ်းမြေဂုဏ်ဆေးခန်းလာပြတဲ့ ကျိုက္ခမီမြို့က အသက်(၄ဝ) ဝန်းကျင်အမျိုးသမီး(၂)ဦး ထမင်းထိုင်စားပြီးအထွက် ကားစောင့်နေတုန်းလုသွားတာ၊ ပတ်ဝန်းကျင်ကလည်း ဘေးတွဲဆိုင်ကယ်နဲ့လူ လုတာကိုတွေ့လို့ လိုက်ဖမ်းတော့ အဲဒီဆိုင်ကျော်ကျော်နားလေးမှာပဲ မိသွားတယ်" ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

လက်ရှိတွင် ဆွဲကြိုးလုသော အမျိုးသားအား ရခိုင်ကုန်းအုပ်ချုပ်ရေးမှူးရုံးသို့ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္၌ အမ်ိဳးသမီးတစ္ဦး၏ဆြဲႀကိဳးအား ျဖတ္လုသြားသူကို နာရီပိုင္းအတြင္း ျပည္သူမ်ားမွ ဝိုင္းဝန္းဖမ္းဆီး

Pearl (NP News) - မတ္ ၂၁

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္၌ အမ်ိဳးသမီးတစ္ဦး၏ဆြဲႀကိဳးအား ျဖတ္လုသြားသူကို နာရီပိုင္းအတြင္း ျပည္သူ မ်ားမွ ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚ ကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳအဖြဲ႕ထံ မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂၁ ရက္)၊ ေန႔လည္(၁၁)နာရီအခ်ိန္ခန႔္တြင္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ ထမင္းဆိုင္တစ္ခုေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

က်ိဳကၡမီၿမိဳ႕တြင္ေနထိုင္ေသာ အသက္(၄ဝ)ႏွစ္ဝန္းက်င္ရွိ အမ်ိဳးသမီး(၂)ဦးသည္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေဆးခန္းလာျပၿပီး ထမင္းဆိုင္ေရွ႕တြင္ ကားေစာင့္ေနစဥ္ ေ႐ႊဆြဲႀကိဳး(၃)က်ပ္သားကို ျဖတ္လုခံရသျဖင့္ ပတ္ဝန္းက်င္အား အကူအညီေတာင္းရာ လုယူသြားသူအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

"၁၁ နာရီ ထိုးခါနီးေလာက္က ခ်မ္းေျမဂုဏ္ေဆးခန္းလာျပတဲ့ က်ိဳကၡမီၿမိဳ႕က အသက္(၄ဝ) ဝန္းက်င္အမ်ိဳးသမီး(၂)ဦး ထမင္းထိုင္စားၿပီးအထြက္ ကားေစာင့္ေနတုန္းလုသြားတာ၊ ပတ္ဝန္းက်င္ကလည္း ေဘးတြဲဆိုင္ကယ္နဲ႔လူ လုတာကိုေတြ႕လို႔ လိုက္ဖမ္းေတာ့ အဲဒီဆိုင္ေက်ာ္ေက်ာ္နားေလးမွာပဲ မိသြားတယ္" ဟု ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးႏွင့္ လူမူအေထာက္အကူျပဳအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

လက္ရွိတြင္ ဆြဲႀကိဳးလုေသာ အမ်ိဳးသားအား ရခိုင္ကုန္းအုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ပို႔ေဆာင္ေပးခဲ့ၿပီး သက္ဆိုင္ရာနယ္ေျမရဲစခန္းမွ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.