ရန်ကုန်မြို့ရှိ အဆောင်များ၌ နေထိုင်ကာ သင်္ကန်းရုံပြီး လိမ်လည်အလှူခံသည့် ရဟန်းအယောင်ဆောင် (၆)ဦးကို ဖမ်းဆီးထိန်းသိမ်း

 8324

မျိုးကြီး (NP News) - မတ် ၂၁

ရန်ကုန်မြို့ရှိ အဆောင်များတွင် နေထိုင်ကာ သင်္ကန်းရုံပြီး လိမ်လည်အလှူခံသည့် ရဟန်းအယောင် ဆောင်(၆)ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ရဟန်းအယောင်ဆောင် လူပုဂ္ဂိုလ်(၆)ဦးအား ယမန်နေ့(မတ်လ ၂ဝ ရက်)၊ ည ၁ဝ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါသင်္ဃန်းကျွန်းကြီးကျေးရွာ သန္တိသုခလမ်းရှိ အဆောင်များအား အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်အဖွဲ့မှ ဧည့်စာရင်းဝင်ရောက်စစ်ဆေးရာတွင် အထက်ပါကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက NP News ကိုပြောဆိုထားသည်။

ထိုသို့ ဧည့်စာရင်းစစ်ဆေးရာတွင် ရဟန်းအယောင်ဆောင် လူပုဂ္ဂိုလ်(၆)ဦးအား သင်္ဃန်း၊ သပိတ်အပါ အဝင် သံဃာအသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ဆက်လက်ပြော သည်။

လက်ရှိတွင် ရဟန်းအယောင်ဆောင်(၆)ဦးကို မင်္ဂလာဒုံရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေးအတွက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးကလည်း NP News ကို အတည်ပြုပြောဆိုထားသည်။

အဆိုပါရဟန်းအယောင်ဆောင် လူပုဂ္ဂိုလ်(၆)ဦးသည် အများပြည်သူရှိရာနေရာများသို့ သွားရောက်ကာ အလှူခံစာအိတ်များဖြင့် လိုက်လံအလှူခံကာ လိမ်လည်နေမှုများရှိကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ထို့အတူ ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ နာမည်ကြီးနေသည့် နေ ပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ သံဃာတစ်ပါးကိုလည်း ယမန်နေ့(မတ်လ ၂ဝ ရက်)က မြို့နယ်သံဃနာယကအဖွဲ့မှ ခေါ်ယူသတိပေးကာ ဝန်ခံကတိထိုးခိုင်းခဲ့ကြောင်း သိရသည်။

သံဃာတော်များ၊ သီလရှင်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာဖြစ်သော Tik Tok၊ Facebook တို့တွင် သီဆိုခြင်း၊ ကခုန်ခြင်းများများ မပြုလုပ်ကြရန် နိုင်ငံတော်သံဃမဟာနာယကမှ သတိပေးညွှန်ကြားထားပြီးဖြစ်သည်။

ရန်ကုန်မြို့ရှိ အများပြည်သူစည်ကားရာ နေရာအချို့၌ သင်္ဃန်းရုံထားသူများသည် သံဃာဝတ်နည်းတော်နှင့်ညီညွတ်မှုမရှိဘဲ လိုက်လံအလှူခံနေမှုများကို တွေ့ရှိရသည့်အပြင် လူမှုကွန်ယက်စာမျက်နှာများတွင်လည်း သာသနာတော်ညှိုးနွမ်းစေရန် ပြုမူဆောင်ရွက်နေသည့် သံဃာအချို့နှင့် သီလရှင်အချို့ကိုလည်း တွေ့မြင်နေရသည်။

ထိုသို့ ဗုဒ္ဓသာသနာတော်ညှိုးနွမ်းစေရန်နှင့် လူအများအထင်သေးစေရန် ပြုမူဆောင်ရွက်နေသည့် သံဃာ တော်အချို့နှင့် သီလရှင်အချို့ကို အရေးယူပေးရန်လည်း တိုက်တွန်းပြောဆိုမှုများရှိနေသည်ကို တွေ့ရှိနေရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ အေဆာင္မ်ား၌ ေနထိုင္ကာ သကၤန္း႐ုံၿပီး လိမ္လည္အလႉခံသည့္ ရဟန္းအေယာင္ေဆာင္ (၆)ဦးကို ဖမ္းဆီးထိန္းသိမ္း

မ်ိဳးႀကီး (NP News) - မတ္ ၂၁

ရန္ကုန္ၿမိဳ႕ရွိ အေဆာင္မ်ားတြင္ ေနထိုင္ကာ သကၤန္း႐ုံၿပီး လိမ္လည္အလႉခံသည့္ ရဟန္းအေယာင္ ေဆာင္(၆)ဦးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းရရွိသည္။

ရဟန္းအေယာင္ေဆာင္ လူပုဂၢိဳလ္(၆)ဦးအား ယမန္ေန႔(မတ္လ ၂ဝ ရက္)၊ ည ၁ဝ နာရီအခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္၊ သဃၤန္းကြၽန္းႀကီးစံျပေက်း႐ြာ၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

အဆိုပါသဃၤန္းကြၽန္းႀကီးေက်း႐ြာ သႏၲိသုခလမ္းရွိ အေဆာင္မ်ားအား အုပ္ခ်ဳပ္ေရးမႉး ဦးေဆာင္သည့္အဖြဲ႕မွ ဧည့္စာရင္းဝင္ေရာက္စစ္ေဆးရာတြင္ အထက္ပါကဲ့သို႔ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးက NP News ကိုေျပာဆိုထားသည္။

ထိုသို႔ ဧည့္စာရင္းစစ္ေဆးရာတြင္ ရဟန္းအေယာင္ေဆာင္ လူပုဂၢိဳလ္(၆)ဦးအား သဃၤန္း၊ သပိတ္အပါ အဝင္ သံဃာအသုံးအေဆာင္မ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံက ဆက္လက္ေျပာ သည္။

လက္ရွိတြင္ ရဟန္းအေယာင္ေဆာင္(၆)ဦးကို မဂၤလာဒုံရဲစခန္း၌ ဖမ္းဆီးထိန္းသိမ္းထားၿပီး ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရးအတြက္ စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္တစ္ဦးကလည္း NP News ကို အတည္ျပဳေျပာဆိုထားသည္။

အဆိုပါရဟန္းအေယာင္ေဆာင္ လူပုဂၢိဳလ္(၆)ဦးသည္ အမ်ားျပည္သူရွိရာေနရာမ်ားသို႔ သြားေရာက္ကာ အလႉခံစာအိတ္မ်ားျဖင့္ လိုက္လံအလႉခံကာ လိမ္လည္ေနမႈမ်ားရွိေၾကာင္း ေဒသခံမ်ားက ေျပာဆိုေနၾကသည္။

ထို႔အတူ ေ႐ႊလက္ဝတ္ရတနာမ်ား ဝတ္ဆင္ကာ လူမႈကြန္ရက္စာမ်က္ႏွာေပၚ၌ နာမည္ႀကီးေနသည့္ ေန ျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕နယ္အတြင္းရွိ သံဃာတစ္ပါးကိုလည္း ယမန္ေန႔(မတ္လ ၂ဝ ရက္)က ၿမိဳ႕နယ္သံဃနာယကအဖြဲ႕မွ ေခၚယူသတိေပးကာ ဝန္ခံကတိထိုးခိုင္းခဲ့ေၾကာင္း သိရသည္။

သံဃာေတာ္မ်ား၊ သီလရွင္မ်ားအေနျဖင့္ လူမႈကြန္ရက္စာမ်က္ႏွာျဖစ္ေသာ Tik Tok၊ Facebook တို႔တြင္ သီဆိုျခင္း၊ ကခုန္ျခင္းမ်ားမ်ား မျပဳလုပ္ၾကရန္ ႏိုင္ငံေတာ္သံဃမဟာနာယကမွ သတိေပးၫႊန္ၾကားထားၿပီးျဖစ္သည္။

ရန္ကုန္ၿမိဳ႕ရွိ အမ်ားျပည္သူစည္ကားရာ ေနရာအခ်ိဳ႕၌ သဃၤန္း႐ုံထားသူမ်ားသည္ သံဃာဝတ္နည္းေတာ္ႏွင့္ညီၫြတ္မႈမရွိဘဲ လိုက္လံအလႉခံေနမႈမ်ားကို ေတြ႕ရွိရသည့္အျပင္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္လည္း သာသနာေတာ္ညႇိဳးႏြမ္းေစရန္ ျပဳမူေဆာင္႐ြက္ေနသည့္ သံဃာအခ်ိဳ႕ႏွင့္ သီလရွင္အခ်ိဳ႕ကိုလည္း ေတြ႕ျမင္ေနရသည္။

ထိုသို႔ ဗုဒၶသာသနာေတာ္ညႇိဳးႏြမ္းေစရန္ႏွင့္ လူအမ်ားအထင္ေသးေစရန္ ျပဳမူေဆာင္႐ြက္ေနသည့္ သံဃာ ေတာ္အခ်ိဳ႕ႏွင့္ သီလရွင္အခ်ိဳ႕ကို အေရးယူေပးရန္လည္း တိုက္တြန္းေျပာဆိုမႈမ်ားရွိေနသည္ကို ေတြ႕ရွိေနရသည္။

Picture

Htoo Myat Thu

21/03/2023 22:39

ဒီလူတွေစုဖွဲ့ပြီးတစ်ခုခုအကျိုးရှိတဲ့စီးပွားရေးလုပ်ကြရင်ပိုပြီးအောင်မြင်ကြမှာပါ။ နောက်ကျောလုံလုံအသက်ဆက်လို့ရမှာပါ။ သံဃာတုတော့လုပ်မစားသင့်ပါ။ ယောက်ျားကောင်းသန်သန်မာမာကြီးတွေပါ။ ထန်းရေကြွက်ကင်ရောင်မလား။ အုန်းစိမ်းရေခွဲရောင်းမလား။ ကြံရည်ရေိာင်းမလား။ အကင်တုတ်ထိုးရောင်းမလားဗျာ အကုန်လုပ်လို့ရတယ် အရင်းအနှီးနဲနဲနဲ့ လုပ်ချင်ကိုင်ချင်စိတ်နဲ့ ယုံကြည်စိတ်ချရပြီး သစ္စာရှိဖို့ပဲလိုပါတယ်။ ဆံသဆိုင်ဖွင့်ဦးမလား။ အရင်ကမီးမလိုတဲ့စက်ကပ်ကြေး၊ ဘီး၊ ကပ်ကျေး၊ မှန်၊ အဝတ်ဖြူ၊ ပေါင်ဒါ၊ ဖော့တုံးလေးပဲလိုတယ်...

Related news

© 2021. All rights reserved.