ထိုင်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦး လျှပ်စစ်ဝါယာရှော့ဖြစ်ပွားမှုကြောင့် သေဆုံး

 448

ဂျန်ဇက် (NP News) - မတ် ၂၁

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် လျှပ်စစ်ရှော့ဖြစ်ပြီး လုပ်ငန်းခွင့်အတွင်း ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာအလုပ်သမားတစ်ဦး နှင့် ထိုင်းနိုင်ငံသားတစ်ဦးသည် ဘန်ကောက်မြို့ Huai Khwang ဒေသ Soi Rungrueng ကွန်ဒိုမီနီယံ ခေါင်းမိုးပေါ်ရှိ ရေတိုင်ကီကို တက်ရောက်ပြင်ဆင်ချိန်အတွင်း လျှပ်စစ်ရှော့ဖြစ်ကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ဘန်ကောက်မြို့ရှိ ၉ ထပ်အဆောက်အဦး ခေါင်းမိုးပေါ်ရှိ ရေတိုင်ကီကို တက်ရောက်ပြင်ဆင်ခဲ့ကြောင်း၊ ရေတိုင်ကီသည် 3 × 4 × 5 မီတာ ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် မြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၄၅ နှစ်အရွယ်ရှိ Konky So ဆိုသူဖြစ်ပြီး နောက်တစ်ဦးက အသက် ၅ဝ အရွယ်ရှိ Mr. Muen Thongkhonburi ဆိုသူဖြစ်ကြောင်း သိရသည်။ Sutthisan ရဲစခန်းရဲအရာရှိ Thongsen က သေဆုံးသူနှစ်ဦးသည် အဆောက်အဦး စက်ပြင်ဆရာဖြစ်ကြောင်း၊ ရေကိုင်ကို သန့်ရှင်းရေးလုပ်ရန် ဝင်ရောက်ချိန်အတွင်း နော်ဇယ် နှင့် Daivoအမျိုးအစား ဖိအားမြင့် ရေစုပ်စက်ကိုလည်း ယူဆောင်ခဲ့ကြောင်း၊ အဆိုပါအချိန်ကာလအတွင်း ပါဝါပလပ်တွင် ရှော့ခ်ရသောအသံကို ကြားခဲ့ရပြီး မီးခိုးနံများ ထွက်ပေါ်ခဲ့မှုနှင့်အတူ လျှပ်စစ်ဝါယာရှော့ဖြစ်ခဲ့ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတို့သည် ရေတိုင်ကီအတွင်း လျှပ်စစ်ရှော့ရသွားခဲ့ပြီးနောက် သတိမေ့သွားခဲ့ ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးသမားများသည် အဆောက်အဦးခေါင်မိုးပေါ်ရှိ ရေတိုင်ကီအတွင်း ပိတ်မိနေသူနှစ်ဦး ကို အပြင်သို့ ကယ်ထုတ်ခဲ့ပြီး ဆေးရုံပို့ရန်ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း လျှပ်စစ်ရှော့ရသွားသော ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသားတို့သည် လျှပ်စစ်ရှော့ရသွားပြီးနောက် သေဆုံးခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိအချိန်တွင် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ဆေးစစ်ချက်များရယူရန် နှင့် ဆေးမူခင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ လုပ်ဆောင်နိုင်ရန် Ramathibodi ဆေးရုံသို့ တင်ပို့ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

Zawgyi Version;
ထိုင္းတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားတစ္ဦး လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ပြားမႈေၾကာင့္ ေသဆုံး
ဂ်န္ဇက္ (NP News) - မတ္ ၂၁

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားတစ္ဦးသည္ လွ်ပ္စစ္ေရွာ့ျဖစ္ၿပီး လုပ္ငန္းခြင့္အတြင္း ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ျမန္မာအလုပ္သမားတစ္ဦး ႏွင့္ ထိုင္းႏိုင္ငံသားတစ္ဦးသည္ ဘန္ေကာက္ၿမိဳ႕ Huai Khwang ေဒသ Soi Rungrueng ကြန္ဒိုမီနီယံ ေခါင္းမိုးေပၚရွိ ေရတိုင္ကီကို တက္ေရာက္ျပင္ဆင္ခ်ိန္အတြင္း လွ်ပ္စစ္ေရွာ့ျဖစ္ကာ ေသဆုံးခဲ့ၾကျခင္း ျဖစ္သည္ဟု ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။ ဘန္ေကာက္ၿမိဳ႕ရွိ ၉ ထပ္အေဆာက္အဦး ေခါင္းမိုးေပၚရွိ ေရတိုင္ကီကို တက္ေရာက္ျပင္ဆင္ခဲ့ေၾကာင္း၊ ေရတိုင္ကီသည္ 3 × 4 × 5 မီတာ ရွိေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

ေသဆုံးသူႏွစ္ဦးအနက္ တစ္ဦးသည္ ျမန္မာႏိုင္ငံသားျဖစ္ၿပီး အသက္ ၄၅ ႏွစ္အ႐ြယ္ရွိ Konky So ဆိုသူျဖစ္ၿပီး ေနာက္တစ္ဦးက အသက္ ၅ဝ အ႐ြယ္ရွိ Mr. Muen Thongkhonburi ဆိုသူျဖစ္ေၾကာင္း သိရသည္။ Sutthisan ရဲစခန္းရဲအရာရွိ Thongsen က ေသဆုံးသူႏွစ္ဦးသည္ အေဆာက္အဦး စက္ျပင္ဆရာျဖစ္ေၾကာင္း၊ ေရကိုင္ကို သန႔္ရွင္းေရးလုပ္ရန္ ဝင္ေရာက္ခ်ိန္အတြင္း ေနာ္ဇယ္ ႏွင့္ Daivoအမ်ိဳးအစား ဖိအားျမင့္ ေရစုပ္စက္ကိုလည္း ယူေဆာင္ခဲ့ေၾကာင္း၊ အဆိုပါအခ်ိန္ကာလအတြင္း ပါဝါပလပ္တြင္ ေရွာ့ခ္ရေသာအသံကို ၾကားခဲ့ရၿပီး မီးခိုးနံမ်ား ထြက္ေပၚခဲ့မႈႏွင့္အတူ လွ်ပ္စစ္ဝါယာေရွာ့ျဖစ္ခဲ့ေၾကာင္း ေျပာသည္။

ထိုင္းႏိုင္ငံသားႏွင့္ ျမန္မာႏိုင္ငံသားတို႔သည္ ေရတိုင္ကီအတြင္း လွ်ပ္စစ္ေရွာ့ရသြားခဲ့ၿပီးေနာက္ သတိေမ့သြားခဲ့ ေၾကာင္း၊ ရွာေဖြကယ္ဆယ္ေရးသမားမ်ားသည္ အေဆာက္အဦးေခါင္မိုးေပၚရွိ ေရတိုင္ကီအတြင္း ပိတ္မိေနသူႏွစ္ဦး ကို အျပင္သို႔ ကယ္ထုတ္ခဲ့ၿပီး ေဆး႐ုံပို႔ရန္ႀကိဳးပမ္းခဲ့ေၾကာင္း၊ သို႔ေသာ္လည္း လွ်ပ္စစ္ေရွာ့ရသြားေသာ ထိုင္းႏိုင္ငံသား ႏွင့္ ျမန္မာႏိုင္ငံသားတို႔သည္ လွ်ပ္စစ္ေရွာ့ရသြားၿပီးေနာက္ ေသဆုံးခဲ့ရေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

လက္ရွိအခ်ိန္တြင္ ေသဆုံးသူႏွစ္ဦး၏ ႐ုပ္အေလာင္းကို ေဆးစစ္ခ်က္မ်ားရယူရန္ ႏွင့္ ေဆးမူခင္းဆိုင္ရာလုပ္ထုံးလုပ္နည္းမ်ား လုပ္ေဆာင္ႏိုင္ရန္ Ramathibodi ေဆး႐ုံသို႔ တင္ပို႔ထားေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။

Related news

© 2021. All rights reserved.