သာစည်-တောင်ကြီးသွား ကားလမ်းရှိ စမုံချောင်းတံတားအား အကြမ်းဖက်သမားများက မိုင်ထောင်ဖောက်ခွဲဖျက်ဆီး

 794

Pearl (NP News) - မတ် ၂၂

မန္တလေးတိုင်း၌ သာစည်-တောင်ကြီးသွား ကားလမ်းရှိ စမုံချောင်းတံတားအား အကြမ်းဖက်သမားများက မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၁၉)ရက်၊ နံနက် (၈)နာရီ (၄ဝ)မိနစ် အချိန်ခန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာ၏ အနောက်ဘက် (၂)မိုင်ခန့်အကွာ သာစည်-တောင်ကြီးသွား ကားလမ်း တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းရှိ မိုင်တိုင်အမှတ် (၂ဝ) ၊ (၅) ဖာလုံနှင့် (၆) ဖာလုံကြားရှိ စမုံချောင်းတံတား အမှတ် (၃/၂၁)အား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အဆိုပါတံတား၏ ဘောင်နှင့်လက်ရန်းများ ကွဲအက်ပျက်စီးခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ အရှည် (၂ဝဝ) ကိုက်ခန့်ရှိ ဝိုင်ယာကြိုး (၁)ချောင်းနှင့် ချိတ်ဆက်ထားသည့် ဆိုင်ကယ်ဘက္ထရီအိုး (၁)လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
သာစည္-ေတာင္ႀကီးသြား ကားလမ္းရွိ စမုံေခ်ာင္းတံတားအား အၾကမ္းဖက္သမားမ်ားက မိုင္ေထာင္ေဖာက္ခြဲဖ်က္ဆီး
Pearl (NP News) - မတ္ ၂၂

မႏၲေလးတိုင္း၌ သာစည္-ေတာင္ႀကီးသြား ကားလမ္းရွိ စမုံေခ်ာင္းတံတားအား အၾကမ္းဖက္သမားမ်ားက မိုင္ေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၁၉)ရက္၊ နံနက္ (၈)နာရီ (၄ဝ)မိနစ္ အခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ သာစည္ၿမိဳ႕နယ္၊ လႈိင္းတက္ေက်း႐ြာ၏ အေနာက္ဘက္ (၂)မိုင္ခန႔္အကြာ သာစည္-ေတာင္ႀကီးသြား ကားလမ္း တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကားလမ္းရွိ မိုင္တိုင္အမွတ္ (၂ဝ) ၊ (၅) ဖာလုံႏွင့္ (၆) ဖာလုံၾကားရွိ စမုံေခ်ာင္းတံတား အမွတ္ (၃/၂၁)အား အၾကမ္းဖက္သမားမ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့သျဖင့္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

ထိုသို႔ ေပါက္ကြဲမႈေၾကာင့္ အဆိုပါတံတား၏ ေဘာင္ႏွင့္လက္ရန္းမ်ား ကြဲအက္ပ်က္စီးခဲ့ၿပီး အခင္းျဖစ္ေနရာအနီးမွ အရွည္ (၂ဝဝ) ကိုက္ခန႔္ရွိ ဝိုင္ယာႀကိဳး (၁)ေခ်ာင္းႏွင့္ ခ်ိတ္ဆက္ထားသည့္ ဆိုင္ကယ္ဘကၳရီအိုး (၁)လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရး ႏွင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္လိုအပ္သည့္လုံၿခဳံေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.