Star Wars နဲ့ Harry Potter ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူပုသရုပ်ဆောင် ပေါလ်ဂရန့် အသက် ၅၆ နှစ်မှာ ကွယ်လွန်

 429

ရောင်နီ (NP News) - မတ် ၂၂

Star Wars နဲ့ Harry Potter ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ လူပုသရုပ်ဆောင် ပေါလ်ဂရန့်ဟာ အသက် ၅၆ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ပေါလ်ဟာ မတ်လ ၁၆ ရက်က လန်ဒန်ရထားဘူတာရုံတစ်ခုမှာ လဲကျခဲ့ပြီးနောက် ဦးနှောက်သေဆုံးသွားခဲ့တာဖြစ် ပြီး ယင်းနောက် ကုသမှုခံယူပြီးနောက် မတ်လ ၂ဝ ရက်မှာတော့ ကွယ်လွန်သွားခဲ့ကြောင်း ၄င်းရဲ့မိသားစုက ကြေညာခဲ့ပါတယ်။

အာဏာပိုင်များက အက်စတန် လမ်းရှိ St. Pancras ဘူတာရုံမှာ လဲကျခဲ့ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင်ကာ ကုသနေစဉ် အခြေအနေ မကောင်းမွန်နိုင်တော့တာကြောင့် မတ်လ ၁၉ ရက်မှာ ၎င်းရဲ့မိသားစုက ၎င်းရဲ့ နှလုံးခုန် စက်ကို ဖြုတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပေါလ်ဟာ ၁၉၈၃ ခုနှစ်၊ Star Wars: Episode VI—Return of the Jedi ဇာတ်ကားမှာ Ewok အဖြစ် သရုပ်ဆောင်ခဲ့ပြီး၊ ၁၉၈၆ ခုနှစ် ဂန္တဝင် ရုပ်ရှင် Labyrinth မှာ ဒေးဗစ်ဘိုဝီ နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။ ၂ဝဝ၁ ခုနှစ်မှာတော့ Harry Potter and the Sorcerer's Stone ဇာတ်ကားမှာ မှင်စာအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

ပေါလ် ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းအတွက် ၄င်းနဲ့အရင်းနှီးဆုံးမိတ်ဆွေများက ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပြီး အောက်မေ့သတိရကြောင်း ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ရောင်နီ (NP News) - မတ် ၂၂






Related news

© 2021. All rights reserved.