အမေရိကန်ဘဏ်ကြီးများ အပါအဝင် ဘဏ်အချို့ ပြိုလဲမှုများဖြစ်နေပေမယ့် အစိုးရက ဘဏ်အတိုးနှုန်းများ တိုးမြင့်နေဆဲဖြစ်

 1148

ဂျန်ဇက် (NP News) - မတ် ၂၃

အမေရိကန်နိုင်ငံအတွင်းရှိ ဘဏ်ကြီးအချို့ အပါအဝင် ဘဏ်များ ပြိုလဲမှုများဖြစ်ပွားခဲ့ပြီးနောက် ဘဏ္ဍာရေး ပြဿနာများ ထပ်မံဖြစ်လာမယ်လို့ စိုးရိမ်မှုများမြင့်တက်နေချိန်မှာပဲ အမေရိကန်ဗဟိုဘဏ်ဟာ ဘဏ်တွေရဲ့ အတိုးနှုန်းကို လျော့ချခြင်းမရှိဘဲ ဘဏ်တိုးများ တိုးမြင့်လျက်ရှိနေကြောင်း သိရပါတယ်။
အမေရိကန်ဗဟိုဘဏ်က ဘဏ်တွေဟာ ခံနိုင်ရည်ရှိကြောင်း၊ ဘဏ်တွေရဲ့အတိုးနှုန်းကို ဝ ဒသမ ၂၅ ရာခိုင်နှုန်း တိုးမြင့်လိုက်ကြောင်း ဆိုပါတယ်။ အမေရိကန်ဘဏ်လောက အသိုင်းအဝိုင်းက ဘဏ်များ ပြိုလဲမှု ထပ်မံမဖြစ်ပွား အောင် ဘဏ်အတိုးနှုန်းလျော့ချပေးဖို့ လိုလားနေချိန်မှာ ဗဟိုဘဏ်က ဘဏ်အတိုးနှုန်းတွေကို လျော့ချပေးခြင်း မရှိ ကြောင်း သိရပါတယ်။

ဘဏ်တွေ ပြိုလဲမှုက လာမယ့်လများအတွင်း နိုင်ငံစီးပွားရးကို ထိခိုက်ဖွယ်ရှိနေကြောင်း သတိပေးမှုများ ထွက်ပေါ် နေပါတယ်။ အမေရိကန်အစိုးရဟာ ကုန်ဈေးနှုန်းများ တည်ငြိမ်စေဖို့ ဘဏ်တိုးနှုန်းများ မြှင့်ပေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ နှစ်ကတည်းက ဘဏ်အတိုးနှုန်းများ မြှင့်ပေးလိုက်ခြင်းကြောင့် ဘဏ်လုပ်ငန်းမှာ ကမောက်ကမ များဖြစ်လာခဲ့ရ ကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေပါတယ်။

အမေရိကန်ရဲ့ အဓိကဘဏ်ကြီးတွေထဲ ပါဝင်တဲ့ Silicon Valley Bank နဲ့ Signature Bank ဘဏ်အတိုးနှုန်း မြင့်တက်ခြင်းကြောင့် အခက်အခဲများဖြစ်ပွားခဲ့ရကာ မတ်လအစောပိုင်းမှာ ပိတ်သိမ်းခဲ့ရကြောင်း သိရပါတယ်။ ကမ္ဘာတဝန်းရှိ ဗဟိုဘဏ်တာဝန်ရှိသူများက အမေရိကန်ဘဏ်များ ပြိုလဲမှုက ဘဏ္ဍာရေးတည်ငြိမ်မှုများကို ခြိမ်းခြောက်မှုရှိလာမယ်လို့ မထင်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်နိုင်အောင် ကြိုးပမ်းဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

ဥရောပဗဟိုဘဏ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဘဏ်အတိုးနှုန်းကို ဝ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးပေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက လက်ရှိအချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းမရှိအောင် အာရုံစိုက်ထားကြောင်း ပြောပါတယ်။

Zawgyi Version;
အေမရိကန္ဘဏ္ႀကီးမ်ား အပါအဝင္ ဘဏ္အခ်ိဳ႕ ၿပိဳလဲမႈမ်ားျဖစ္ေနေပမယ့္ အစိုးရက ဘဏ္အတိုးႏႈန္းမ်ား တိုးျမင့္ေနဆဲျဖစ္
ဂ်န္ဇက္ (NP News) - မတ္ ၂၃

အေမရိကန္ႏိုင္ငံအတြင္းရွိ ဘဏ္ႀကီးအခ်ိဳ႕ အပါအဝင္ ဘဏ္မ်ား ၿပိဳလဲမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ဘ႑ာေရး ျပႆနာမ်ား ထပ္မံျဖစ္လာမယ္လို႔ စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္မွာပဲ အေမရိကန္ဗဟိုဘဏ္ဟာ ဘဏ္ေတြရဲ႕ အတိုးႏႈန္းကို ေလ်ာ့ခ်ျခင္းမရွိဘဲ ဘဏ္တိုးမ်ား တိုးျမင့္လ်က္ရွိေနေၾကာင္း သိရပါတယ္။
အေမရိကန္ဗဟိုဘဏ္က ဘဏ္ေတြဟာ ခံႏိုင္ရည္ရွိေၾကာင္း၊ ဘဏ္ေတြရဲ႕အတိုးႏႈန္းကို ဝ ဒသမ ၂၅ ရာခိုင္ႏႈန္း တိုးျမင့္လိုက္ေၾကာင္း ဆိုပါတယ္။ အေမရိကန္ဘဏ္ေလာက အသိုင္းအဝိုင္းက ဘဏ္မ်ား ၿပိဳလဲမႈ ထပ္မံမျဖစ္ပြား ေအာင္ ဘဏ္အတိုးႏႈန္းေလ်ာ့ခ်ေပးဖို႔ လိုလားေနခ်ိန္မွာ ဗဟိုဘဏ္က ဘဏ္အတိုးႏႈန္းေတြကို ေလ်ာ့ခ်ေပးျခင္း မရွိ ေၾကာင္း သိရပါတယ္။

ဘဏ္ေတြ ၿပိဳလဲမႈက လာမယ့္လမ်ားအတြင္း ႏိုင္ငံစီးပြားရးကို ထိခိုက္ဖြယ္ရွိေနေၾကာင္း သတိေပးမႈမ်ား ထြက္ေပၚ ေနပါတယ္။ အေမရိကန္အစိုးရဟာ ကုန္ေဈးႏႈန္းမ်ား တည္ၿငိမ္ေစဖို႔ ဘဏ္တိုးႏႈန္းမ်ား ျမႇင့္ေပးခဲ့ေၾကာင္း၊ ၿပီးခဲ့တဲ့ ႏွစ္ကတည္းက ဘဏ္အတိုးႏႈန္းမ်ား ျမႇင့္ေပးလိုက္ျခင္းေၾကာင့္ ဘဏ္လုပ္ငန္းမွာ ကေမာက္ကမ မ်ားျဖစ္လာခဲ့ရ ေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ားလည္း ရွိေနပါတယ္။

အေမရိကန္ရဲ႕ အဓိကဘဏ္ႀကီးေတြထဲ ပါဝင္တဲ့ Silicon Valley Bank နဲ႔ Signature Bank ဘဏ္အတိုးႏႈန္း ျမင့္တက္ျခင္းေၾကာင့္ အခက္အခဲမ်ားျဖစ္ပြားခဲ့ရကာ မတ္လအေစာပိုင္းမွာ ပိတ္သိမ္းခဲ့ရေၾကာင္း သိရပါတယ္။ ကမာၻတဝန္းရွိ ဗဟိုဘဏ္တာဝန္ရွိသူမ်ားက အေမရိကန္ဘဏ္မ်ား ၿပိဳလဲမႈက ဘ႑ာေရးတည္ၿငိမ္မႈမ်ားကို ၿခိမ္းေျခာက္မႈရွိလာမယ္လို႔ မထင္ေၾကာင္း၊ ေငြေၾကးေဖာင္းပြမႈႏႈန္း ထိန္းခ်ဳပ္ႏိုင္ေအာင္ ႀကိဳးပမ္းဖို႔ လိုအပ္ေၾကာင္း ေျပာခဲ့ပါတယ္။

ဥေရာပဗဟိုဘဏ္ဟာ ၿပီးခဲ့တဲ့သီတင္းပတ္မွာ ဘဏ္အတိုးႏႈန္းကို ဝ ဒသမ ၅ ရာခိုင္ႏႈန္းအထိ တိုးေပးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္ဗဟိုဘဏ္ဥကၠ႒က လက္ရွိအခ်ိန္မွာ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ျခင္းမရွိေအာင္ အာ႐ုံစိုက္ထားေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.